ကျွန်မ ဆိုတာ
ငယ်ငယ်ကတည်းက
ဘယ်လိုဇာတာရယ်မသိ မူလတန်းကတည်းက
ယခု တက္ကသိုယ်ရောက်တဲ့ အချိန်ထိ
ငယ်ငယ်ကတည်းက
ဘယ်လိုဇာတာရယ်မသိ မူလတန်းကတည်းက
ယခု တက္ကသိုယ်ရောက်တဲ့ အချိန်ထိ
ကျောင်းမှာဆိုးပေ့ဆိုတဲ့ဆရာမ များအချစ်ခံရသည်
အခုလည်း ပထမနှစ်တက်တော့ ကျွန်မတို့အင်္ဂလိပ်မေဂျာ
ဌာနမှုးတော်ရုံလူဖိန့်ဖိန့်
တုန်အောင်ကြောက်တဲ့ ဆရာမ အပြောအဆိုလည်းကြမ်း မာနလည်းအရမ်းကြီးတဲ့ ဆရာမ
အခုလည်း ပထမနှစ်တက်တော့ ကျွန်မတို့အင်္ဂလိပ်မေဂျာ
ဌာနမှုးတော်ရုံလူဖိန့်ဖိန့်
တုန်အောင်ကြောက်တဲ့ ဆရာမ အပြောအဆိုလည်းကြမ်း မာနလည်းအရမ်းကြီးတဲ့ ဆရာမ
ကျုရှင်စတက်တဲ့နေ့
ကတည်းကသမီးလေး သမီးလေးနှင့် အတော်ချစ်ရှာသည်
ကတည်းကသမီးလေး သမီးလေးနှင့် အတော်ချစ်ရှာသည်
ကိုယ်တွေတက်ရတဲ့
တက္ကသိုလ်ဆိုတာကလည်း သူများတွေလိုမြို့ထဲမှာ မဟုတ်မြို့ပြင်၂မိုင်လောက်ဆိုင်ကယ်စီးရသေး
တက္ကသိုလ်ဆိုတာကလည်း သူများတွေလိုမြို့ထဲမှာ မဟုတ်မြို့ပြင်၂မိုင်လောက်ဆိုင်ကယ်စီးရသေး
အဝေးသင် ကျုရှင်စဖွင့်ကတည်းက အချိန်ဇယားများသဖြင့်ကျုရှင် မှာ ၆နာရီ၇နာရီထိကျုရှင်ရှိတတ်သည် ရှမ်းပြည်ရာသီဥတုဆိုတာကလည်း
၆နာရီဆိုအတော်မှောင်ပြီ လေ အဲ့ဒီနေ့ကမေဂျာဆရာမနောက်ဆုံးအချိန် အဆောင်ပြန်မှောင်မှာကြောက်ပါတယ်ဆိုမှ တီချယ်တော်တော်နဲ့စာသင်လို့မပြီး
၆နာရီဆိုအတော်မှောင်ပြီ လေ အဲ့ဒီနေ့ကမေဂျာဆရာမနောက်ဆုံးအချိန် အဆောင်ပြန်မှောင်မှာကြောက်ပါတယ်ဆိုမှ တီချယ်တော်တော်နဲ့စာသင်လို့မပြီး
အတန်းဆင်းတော့၇း၃၀ တခြားတော့မကြောက် ဆိုင်ကယ်စီးကသိပ်မစီးတတ်သေးတော့ညဘက် ဆိုင်ကယ်စီးရမှာကြောက်သည် တီချယ်စာသင်ပေးပြီးလို့ပြန်မယ်ဆိုတော့လိုက်ပို့မယ်ပြောတဲ့လူဘယ်သူမှမရှိ ယောက်ျားလေးများ လည်း သိသိရက်နှင့်ရှောင်ဖယ်ရှောင်ဖယ်လုပ်နေကြသည် ကြာတော့စိတ်မရှည် အဲ့လိုအပြုအမူများကို အသေမုန်းသည် မနေနိုင်တဲ့ကိုယ်ကပဲ တီချယ်သမီးလိုက်ပို့မယ်ဆိုပြီး ထွက်လာခဲ့သည်
တီချယ်ကိုတင်လို့မနိုင်စရာမရှိ တီချယ်ကပိန်ပိန်ပါးပါး
တခြားခန်းမှလည်း တတိယနှစ်သမားများခုမှဆင်းသည် ကျောင်းထိလိုက်ပို့ဖို့ဆို အဖော်ရှိလို့တော်သေးတာပေါ့ဆိုပြီး ဆရာတပည့်နှစ်ယောက်စကားတစ်ပြောပြော နဲ့ ကျောင်းထဲရောက်လာသည် တီချယ်ကိုလိုက်ပို့ပေးပြီးကျောင်းထဲကပြန်ထွက်လာတော့ ခုနက တတိယနှစ်ကအစ်ကိုအရင်ပြန်ပြီလားမသိ အဖော်မရှိပါဘူးဆို ဒင်းကနဲနဲပါးပါးတောင်မစောင့် တစ်ယောက်တည်းရေရွတ်ကာ
ဆိုင်ကယ်စီးလာရင်း ရှေ့နားမှာဆိုင်ကယ်မီးရောင်တွေ့လိုက်တော့  အဖော်ရပြီဟ ဆိုပြီးအရှိန်တင်ပြီးမြန်မြန်လိုက်ရတော့တာပေါ့
အရှေ့ကဆိုင်ကယ်ကအတော်လေးမြန်တယ် မမီနိုင်တော့ဘူးဆိုပြီးကိုယ့်အရှိန်လေးနဲ့ကိုယ်ပြန်မောင်းလာတုန်း အုန်းးးးးးးး
ဆိုပြီးအရှေ့ကဆိုင်ကယ်လဲသွားတယ် အနားရောက်တော့ခုနက တတိယနှစ်ကျောင်းသား ဘေးအဆောင်ကမို့သိနေသည် ဆိုင်ကယ်ဦးထုပ်ဆောင်းထားတာမို့ခေါင်းမထိပေမယ် ဒူးပြဲ တံတောင်ပြဲသွေးအလိမ်းလိမ်းဖြင့်မြင်မကောင်းးး
''အစ်ကိုရလား ထနိုင်ရဲ့လား''
''ဟင် နင် . .နင်ခုနက ငါ့ဆိုင်ကယ်ရှေ့မှာမဟုတ်ဘူးလား ''
'' ဟုတ်ပါဘူး ညီမဖြည်းဖြည်းပဲစီးလာတာဘယ်လိုလုပ်အစ်ကို့ရှေ့ကရောက်မှာလည်း''
သူသည်တစ်ခုခုကိုစဉ်းစားဟန်ဖြင့်
'' သြော့့် အင်း အင်း သွားရအောင် လေ သွေးပူတုန်းသွားရအောင် ခန နေ နာလာမှဒုက္ခဟ 'ရှေ့ကဖြည်းဖြည်းစီးနှင့် ''
ဆိုပြီးသူကနောက်ကလိုက်လာသည် ခန ကြာတော့သူ့ဆိုင်ကယ်ကျော်တက်သွားသည် သူ့ဆိုင်ကယ်ကျော်သွားသည့်အချိန်တွင် လက်ကနာရီကြည့်မိတော့ ၈နာရီ ''ဟင်'' စောစောကနာရီငုံ့ကြည့်နေခိုက်မို့မမြင်လိုက် ခုနအစ်ကိုဆိုင်ကယ်နောက်မှာမိန်းကလေးတစ်ယောက် ချည်ဝမ်းဆက်လေးနှင့်ကျောပိုးအိတ်သေးသေးလေးလွယ် လို့စာအုပ်လေး ရင်မှာပိုက်လို့ ဘယ်လိုဖြစ်တာပါလိမ့်ခုန ဆိုင်ကယ်လဲတုန်းကအသေအချာတစ်ယောက်တည်း စကားတောင်ပြောနေကြသေးတာ ဟိုတွေးဒီတွေးနဲ့ တဖြည်းဖြည်းကြောက်လာသည် မဖြစ်နိုင်ပါဘူးလူမှလူအစစ်ပါ ''တီ တီ တီ'' ဟွင်းသံပေးလိုက်သည် အရှေ့ကအစ်ကိုကလည်း ပြန်ပီးဟွင်းသံပေးနေသည် ရှေ့နားဆိုမြို့ထဲရောက်တော့မယ် ရှေ့နားလမ်းကြားဖက်ကသွားလျှင် အဆောင်ဘက်ပိုနီးသည်
''အစ်ကို ရေ ငုဝါ အဆောင်ဖက်လမ်း ကသွားရ အောင်'' '' အေးး အေးး'' အဆောင်နားရောက်တော့ ဆိုင်ကယ်ပေါ်မှပျောက်သွားတော့သည် အဲ့ဒီတော့မှလန့်လာမိသည် အဝေးမှုန်ဆိုပေမယ် အဲ့ဒီလောက်မကန်းသေးပါဘူး ဆိုင်ကယ်ပေါ်ကဆင်းသွားတာ လုံးဝမတွေ့လိုက် အဲ့လောက်မြန်မြန်ကြီးဆင်းသွားတာလည်းမဖြစ်နိုင် တွေးနေတုန်းမှာပဲ ရှေ့ကတစ်ယောက်ဘာမပြောညာမပြောနှင့်ဆိုင်ကယ် အမြန်ကြီးမောင်းထွက်သွားသည် ကိုယ်လည်းအမြန်လိုက် တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမမောင်းဖူးတဲ့အရှိန်နဲ့ အဆောင်သို့တစ်ချိုးတည်းလစ်ကြသည် အဆောင်မှုးကတော့ ဆရာမလိုက်ပို့တာကိုသိထားသဖြင့်ရှေ့တံခါးဖွင့်ပြီးထွက်စောင့်နေကြသည် ဆိုင်ကယ်တောင်ဘယ်လိုဘယ်ပုံရပ်မိမှန်းမသိတော့ အန်တီမေ ရေ ရေ ဘုရားစင်ကရေ အမြန် အ်မြန် နှစ်ယောက်သားဘုရားစင်ရှေုအပြေးအလွှား ဆူညံဆူညံသံများကြောင့် ဟိုဖက်အဆောင်ကလူများပါရောက်လာကြသည်
' ဟဲ့ ဘာဖြစ်လာကြတာလည်းပြောကြအုန်း '
' နင် နင် ငါ့ဆိုင်ကယ်နောက်က ပါလာတာကြီးကိုတွေ့တယ်မလား '
''အင်း ''
'ဟင် ဘာကြီး' သူ့ရဲ့အထိပ်တလန့်စကားကြားမှ လန့်မိသည
် ''အေးလေ ကောင်မလေးတစ်ယောက်နောက်မှာပါလာတာ ဟင် ဒါဆိုအဲ့ဒါ
'' အဆောင်မှုးက ''အေး အေး သားတို့အဆောင်ပြန်လိုက်တော့ညဥ့်နက်နေပြီ '' ဆိုပီး အတင်းပြန်ခိုင်း တော့နောက်နေ့မနက်အဲ့ဒီအစ်ကိုပြန်ပြောပြတာတော့ ကျွန်မဆိုင်ကယ်ထင်ပြီး အမြန်လိုက်မောင်းရာမှလဲ တယ်ဆိုတဲ့အကြောင်း ထူးဆန်းလို့ အမြန်ထွက်ရအောင်ဆိုပြီးထွက်လာတော့ သူ့ဆိုင်ကယ်က လေးနေတော့ ဟ ငါ့ဆိုင်ကယ်တော့ပျက်ပြီဟေ့ လို့ထင်လိုက်တယ် ဆိုင်ကယ်ကတဖြည်းဖြည်းလေးလာတော့ သိတော့သိလိုက်ပြီပါလာတယ်ဆိုတာ ငုဝါဆောင်နားရောက်တော့ ''ကျေးဇူးပဲနော်'' ဆိုပြီး အသံကြီးပီပီသသ ကြားလိုက်ရတော့ အတင်းမောင်းပြေးဖြစ်တဲ့အကြောင်းးး ပြန်ပြောပြသည် ထူးဆန်းတာကတော့ သူကတော့လန့်ဖျားဖျားပြီး ကျွန်မကတော့ဘာမှမဖြစ် ကျွန်မအထင် သရဲဆိုတာ မြန်မာသရဲကားတွေထဲ ကလို ဆံပင်ဖားလျား မျက်ကွင်းညိုညို သွေး ဗလပွနဲ့ဖြစ်မယ်ထင်တာ လှလှပပ လူစင်စင်တစ်ယောက်လိုထင်ထင်ရှားရှားကြီးဆိုတော့ တစ်ချိန်လုံးလူပဲထင်တာ ဆိုင်ကယ်ပေါ်ကပျောက်သွားတဲ့အချိန်မှ နဲနဲလန့် လာမိတာ တစ်ချိန်လုံးဇဝေဇဝါနဲ့ လူလိုလို သရဲလိုလို ကိုယ့်ဆိုင်ကယ်ကိုယ် မနည်းထိန်းစီးလာရတာ အဲ့ညပြန်ပြောပြမှ သရဲခြောက်ခံရ မှန်း သိတော့တာ ပါပဲ မျက်ဝါးထင်ထင်ကြီးတွေ့ပြီး ခြောက်ခံရတာ မသိတဲ့အဖြစ် ကိုယ့်အဖြစ်ကိုတွေးမိရင် ရယ်ရမလိုလို ငိုရမလိုလို ################################
0 comments: