လုံးဝမကျေနပ်ဘူး (ဖြစ်ရပ်မှန်)


ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်ထဲမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းအကြောင်းပြောပြမှာဖြစ်ပါတယ်...
ဖြစ်ရပ်မှန်ဆိုတော့ ကာယကံရှင်တွေမနစ်နာအောင် ထိန်ချန်သင့်တာလေးတွေတော့ ထိန်ချန်ပါရစေ...{နာမည်နဲ့ လိပ်စာတွေကို ပြောတာပါ }
#####
အခုပြောပြမယ့် ဇာတ်လမ်းက ကျနော်တို့ ဘေးတစ်အိမ်ကျော်မှာ နာရေးဖြစ်တာကနေစတာပါ...
တစ်နေ့ အဲဒီအိမ်က ဦးလေးကြီးတစ်ယောက်ဆုံးသွားတယ်...အဲဒီဆုံးသွားတဲ့ ဦးလေးကြီးတွေနေတဲ့ အိမ်က မိသားစုတွေအများကြီးစုနေကြတာပါ...
ညီအစ်မသုံးယောက်ရဲ့ မိသားစုတွေဆိုပါတော့...မိသားစု သုံးစု စုနေတာဆိုတော့ လူက အများကြီးပေါ့...ဆုံးသွားတဲ့ ဦးလေးကြီးက ညီမအငယ်ဆုံးရဲ့ ယောက်ျားပါ...သူတို့ရဲ့ သားသမီးတွေကလည်း ကျနော်နဲ့ သက်တူရွံယ်တူ သူငယ်ချင်းတွေပါပဲ...

အဲဒီဦးလေးကြီးကို အသုဘချတော့ တောင်ဒဂုံက ကျီစုသုဿ      န်မှာပဲ ချတယ်...အသုဘချတဲ့နေ့က ကျနော်အပါအဝင် သူငယ်ချင်းတွေလိုက်ပို့ကြတယ်...
သုဿ      န်ရောက်တော့ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်လုပ်ရင်း မီးသဂြိုလ်လို့ မလောင်ပဲ ကျန်ခဲ့တဲ့ လူအရိုးတွေက လယ်ကွင်းထဲမှာ ပြန့်ကျဲနေတာတွေ့လို့ အရိုးတွေကို ကောက်ပြီး တယောက်နဲ့ တယောက် ပစ်ပေါက်ကျ...စကျ နောက်ကျ ...ပါးစပ်ကလဲ ဒီအရိုးဆို စွပ်ပြုတ်လုပ်သောက်ရင် အရမ်းအရသာရှိမှာကွ ဘာညာနဲ့ ပေါက်ကတွေပြောဖြစ်ခဲ့ကြတယ်...
တချို့ သူငယ်ချင်းတွေက လူသေတင်ပြီး တွန်းတဲ့ တွန်းလှည်းပေါ် တက်အိပ်ပြီး သေတဲ့ ပုံ ပြောင်ကြ ...တခြားကောင်တွေက တွန်းကြနဲ့ ပေါက်ကရအစုံ လုပ်ခဲ့ကြတယ်...အဲဒီ တွန်းလှည်းနားမှာ ကောင်မလေးတစ်ယောက်ရဲ့ ဓာတ်ပုံလေးတပုံတွေ့လို့ကောက်ပြီး ဒီစော်လေးချောတယ်ကွ... မင်းနဲ့လိုက်တယ် မင်းကြိုက်လိုက် ...မင်းပဲ ယူပါကွာ စသည်ဖြင့် စကြနောက်ကြနဲ့ပေါ့...
ဒီလိုနဲ့ အသုဘကိစ္စပြီးလို့ ပြန်လာခဲ့ကြတယ်...သုဿ       န်ကပြန်လာပြီးကတည်းက တနေကုန်အကောင်း ညရောက်မှ ပြဿ      နာက စတော့တာပဲ...
အသုဘအိမ်ဆိုတော့ ဖဲဝိုင်းရှိတယ်...ကျနော်တို့ သူငယ်ချင်းတွေပဲ စုပြီး ဖဲကစားနေရင်း အဲဒီအိမ်က အစ်မအကြီးဆုံးရဲ့သားက အပေါ့သွားချင်တယ်ဆိုပြီး အိမ်အပေါ်ထပ်တက်သွားတယ်...သူထသွားပြီး ခဏကြာတော့ မျက်စိမျက်နှာပျက်ပြီး သူ့အကိုကို လှမ်းခေါ်တယ်...{မရိုသေ စကား} ပြီးတော့သူ့ ငယ်ပါက ပြတယ်... သူ့ငယ်ပါက တိုဝင်နေတာမှ အထဲတောင်ရောက်ခါနီးနေပြီ ... ဆေးပညာစကားအရဆို ယောက်ျားလေးတွေပဲ ဖြစ်တဲ့ တိုနာပေါ့...
{ယောက်ျားလိင်တံ တိုဝင်သွားတာပြောတာပါ}
အဲလိုပြရင်း သူ့အကိုက သူ့ ငယ်ပါကိုပါပြန်ကြည့်တော့ သူလည်းတိုနေတယ်...တခြားသူငယ်ချင်းတွေပါ ရောက်လာပြီး ဝိုင်းကြည့်ကြရင်း သူတို့တွေပါ တိုဝင်နေတယ်ဆိုတာ သိလိုက်ရတယ်...
အားလုံးလန့်ဖျန့်ကုန်ပြီး အော်ကြတော့ သူတို့အမေတွေရောက်လာပြီး ပြဿ      နာကို သိသွားတယ်... တခြားထပ်တက်လာတဲ့ ယောက်ျားလေးတွေပါ တိုကုန်တော့ ယောက်ျားလေးတွေကို အိမ်ပေါ်မတက်ခိုင်းတော့ဘူး...
လူကြီးတွေက သိလိုက်ပြီ... တခုခုတော့ မှားနေပြီဆိုတာကိုပေါ့... အဲလိုနဲ့တတ်သိနားလည် သူခေါ်ကြပါဟဲ့... လုပ်ကြပါ ဟဲ့ နဲ့ အသုဘအိမ်မှာ ဆူညံကုန်တယ်...
သူငယ်ချင်းတွေကတော့ မျက်နှာငယ်လေးတွေနဲ့ ဘုရားစင်အောက်စုထိုင်ရင်း တယောက်မျက်နှာ တယောက်ကြည့်ရင်း ငိုရမလို ရယ်မလိုတွေဖြစ်နေကြပြီလေ...
ခဏနေတော့ ဆရာဆိုတဲ့ သူကို ပင့်လာတယ်...ဆရာဆိုပေမယ့် သူလည်း သိပ်အကျွမ်းကြီးတော့မဟုတ်ဖူး ...မပြေလည်လို့ ဆိုက်ကားတောင် နင်းစားနေရတဲ့ သူပါ...နည်းနည်းပါးပါးတော့ နားးလည်တယ်...
ဆရာရောက်လာတော့ မင်းတို့ ဒီနေ့ဘာမဟုတ်တာတွေလုပ်ခဲ့သေးလည်းလို့ မေးတယ်... သူတို့လည်း သူတို့လုပ်ခဲ့တာတွေပြန်ပြောပြတော့...ဆရာက သဘောပေါက်ပြီး အခုနှောက်ယှက်နေတဲ့သူနဲ့ စကားပြောမယ်... ဒီအနားက တယောက်ကို ဝင်ပူးပြီးပြောစမ်း ဘာဖြစ်ချင်လဲ ဘာလုပ်ပေးရမလဲ အကုန်ပြောလို့ ပြောလိုက်တော့...
အဲဒီအိမ်က အစ်မလတ်ကို ဝင်ပူးပါလေရော... ဝင်ပူးပြီးပြောတဲ့ အသံက လူတယောက်ရဲ့ အသံနဲ့လုံးဝမတူဘူး... စူးစူးနင့်နင့်ကြီး ...အသံကြားတာနဲ့တင် အတော်ကြောက်ဖို့ကောင်းပါတယ်... ကျနော်က ဘေးနားမှာဆိုတော့ အတိုင်းသားကြားနေရတာပေါ့...
ဝင်ပူးပြီးးဘာပြောလဲဆိုတော့...
လုံးဝမကျေနပ်လို့ လုပ်တာတဲ့... သေတဲ့ အထိကို လုပ်မှာ ...ငါ့ ကိုနိုင်အောင် လုပ် မလုပ်နိုင်ရင် အပါခေါ်မှာ လို့ ပြောပြီး စိန်ခေါ်တယ်...
ဆရာက အိမ်တခုလုံး ပရိတ်ရေတွေလိုက်ဖျန်းတယ်...ဒါလဲသူက မရဘူး...ကြမ်းပြင်ကို ပုတ်ပုတ်ပြီး ရယ်နေတယ်... ပြီးတော့ ထပ်ပြောသေးတယ်...အခု ငါဝင်ပူးနေတဲ့ သူဆီက ငါ့ကို ရအောင်ထုတ်စမ်း မရရင် သူ့ကိုလိပ်ပြာနုတ်မယ်လို့ ပြောတယ်...
ဆရာက အခြေအနေမကောင်းမှန်း...သူနဲ့တင် မနိုင်မှန်းသဘောပေါက်ပြီး သူ့အဖေကိုလူလွှတ်ပြီးသွားခေါ်ခိုင်းတယ်...
ဆရာ့အဖေက အသက်တော်တော်ကြီးနေပါပြီ...သီလအရမ်းကောင်းတယ်...အသက်ကြီးလို့အပြင်သိပ်မထွက်တော့ပဲ အိမ်မှာပဲနေပြီး ဘုရားတရား အမြဲလုပ်တယ်...ပယောဂအကြောင်း ကောင်းကောင်းသိ... ကောင်းကောင်း ကြုံဖူးတဲ့ အတွေ့အကြုံရှိတယ် ပြောတယ်...
အဲလိုနဲ့ဆရာ့အဖေဆိုတဲ့ အဖိုးရောက်လာတော့...
အဖိုးက အေးအေးဆေးဆေးပဲ စကားပြောတယ်... ကလေးတွေမို့ မိုက်မှားမိတာ တကြိမ်တခါတော့ ခွင့်လွှတ်ပါလို့ပြောပြီး မေတ္တာထားဖို့ ...
ခွင့်လွှတ်ဖို့တောင်းပန်တယ်...
ဝင်ပူးနေတဲ့သရဲက ... ငါက အဲဒီင်္သချိုင်းစတည်ကတည်းက ရှိတာ... ငါ့ လူတွေကို အခုလို မထီမဲ့မြင်လုပ်တာ စော်ကားတာ လုံးဝမကြိုက်ဘူး... ဘာညာ ပြန်ပြောတယ်...အဖိုးက ထပ်ပြီးတောင်းပန်တယ်...
သရဲကလည်း လည်တယ် အဖိုးက သီလကောင်းမှန်း တကယ်တတ်မှန်းလည်း သိတယ်...နောက်ဆုံး တောက် တခေါက်ခေါက်နဲ့ ...
အေး ဒီတခါ ခွင့်လွှတ်လိုက်မယ် နောက်တခါဆို အသေပဲဆိုပြီး ပြန်ထွက်သွားတယ်...
သရဲလဲပြန်ထွက်သွားရော အပူးခံရတဲ့ အဒေါ်ကြီးလဲ မျော့မျော့ပဲ ကျန်တော့တယ်...
အဲဒီအန်တီ ပြန်ပြောပြတာက... သူ့ကို ဝင်ပူးနေတာ သူသိတယ်..ပြောနေတာတွေကို ကြားလည်းကြားတယ် တဲ့..ဒါပေမယ့် သူ့မျက်စိထဲမှာတော့ ကျီစုသုဿ       န်လယ်ကွင်းပြင်မှာ အဝတ်အစားမပါပဲ လျှောက်သွားနေတဲ့
အကောင်{နာနာဘာဝ}တွေအများကြီးကိုပဲ မြင်နေရတယ်တဲ့...
နောက်တော့အဘက တိုနာဖြစ်နေတဲ့ကောင်တွေကို ခေါ်ပြီး ဘုရားစာတွေရွတ် ခေါင်းကနေ ပရိတ်ရေတွေနဲ့ လောင်းလိုက်မှပြန်ကောင်းသွားကြတယ်...
အဲဒီအချိန် ကျနော်လည်း သူငယ်ချင်းတွေလို ဖြစ်သာမဖြစ်တာ အတော်ကိုကြောက်နေမိတယ်... အရိုးတွေလျှောက်ကိုင်တဲ့အထဲမှာ ကျနော်လည်းပါခဲ့တာကိုး... အမေက သားမကိုင်နဲ့ လာခဲ့ ...ပြန်တောင်းပန်လိုက်ဆိုပြီးခေါ်ထားလို့သာ တိုနာအုပ်စုထဲက လွတ်တာနေမယ် ထင်တယ်...
ဇာတ်လမ်းက မပြီးသေးဘူး...
အဲလိုတွေဖြစ်ပြီးတော့ ကျနော်တို့လမ်းမှာ ဘုန်းကြီးတွေပင့်ပြီး ကမ္မဝါရွတ်ကြတယ်...အသုဘအိမ်က အကြီးဆုံးအန်တီကြီးရဲ့ သားက အရှင်းမပျောက်ပဲ ပြန်ပြန်တိုနေလို့  နောက်ဆုံး သင်္ကန်း တစ်လလောက်ဝတ်ပေးလိုက်ရတယ်...
သင်္ကန်းစီးတော့ သိမ်ထဲမှာ သင်္ကန်းတောင်းတဲ့ အချိန် သူ့ဆီက အပုပ်နံ့ကြီးထွက်လာတယ်လို့လဲ ပြောပြလို့ ပြန်သိရတယ်...
အဲဒီကောင်က င်္သချိုင်းမှာတုန်းက အရိုးတွေကိုင် အသုဘလှည်းတွေပေါ်အိပ်နဲ့ ပေါက်ကရလုပ်တဲ့ ပြောတဲ့အထဲမှာ အဆိုးဆုံးပဲလေ...
သင်္ကန်းစီးပေးလိုက်တော့မှ အရှင်းပျောက်သွားတော့တယ်...
#####
စာကြွင်း...
ကျနော် အဖေက ငယ်ငယ်ကတည်းက ကြောက်တတ်မှာစိုးလို့ သရဲတကယ်မရှိဘူးလို့ ပြောခဲ့တာကြောင့်ကော အဲဒီအဖြစ်အပျက်မဖြစ်ခင်က သရဲဆိုတာ တခါမှ မမြင်ဘူးခဲ့တော့ ယုံလည်း မယုံ ကြောက်လည်း
မကြောက်ခဲ့ပါဘူး...
အခုကျနော်ပြောပြခဲ့တဲ့ အဖြစ်အပျက်ကို ကိုယ်တိုင်ကြုံလိုက်မှ သရဲတကယ်ရှိတယ်ဆိုတာ သိလည်းသိ ကြောက်လည်းကြောက် ယုံလည်းယုံကြည်တော့တယ်...
၇ယောက်လောက် တိုနာဖြစ်တယ်ဆိုတာ တိုက်ဆိုင်မှု့ မဟုတ်နိုင်သလို... နားနဲ့ ဆက်ဆက်ကြားလိုက်ရတဲ့...သာမာန်လူတစ်ယောက်အသံမဟုတ်တဲ့ အသံကြီးက အခုချိန်ထိတောင် နားထဲက မထွက်သေးပါဘူး...
အထက်ပါ အဖြစ်အပျက်ဖြစ်ခဲ့တာ အခုဆို ၁၀နှစ်ကျော်လာခဲ့ပါပြီ...
#####
ညီငယ်တစ်ယောက်ပေးပို့လာသောဖြစ်ရပ်မှန်အား ပြန်လည် တင်ပြလိုက်ပါသည်...
လေးစားလျှက် ...
                                             မရဏ ဖွား... AKM ...

0 comments:

Post a Comment