''''' ရန်နိုင်ရေ ညနေကျရင် ကျော်လေးတို့အိမ်သွားရအောင်ကွာ သူ့အဖွား ဆုံးသွားပြီတဲ့ကွ '''''
'''' အေးသွားမယ်လေ သူ့အဖွား ဘယ်တော့ချမှာလဲ ''''
'''' မနက်က ၈ နာရီလောက်ကဆုံးတာလေ
၃ ရက်လောက်တော့ထားမှာပေါ့ ''''
သူငယ်ချင်းဖြစ်သူ ကျော်လေး အဖွားဆုံးတာကို ရန်နိုင် မနက်က အိမ်မှာ အမေပြောသံတော့ကြားမိသည်
အခု tea ဆိုင်ထိုင်လို့ ဆုံနေကြ သူငယ်ချင်းတွေဖြစ်သည့် ရန်နိုင် ကျော်လေး ဇော်ကြီး သုံးဦးတွင် ကျော်လေးမလာသဖြင့် ဇော်ကြီး သတိပေးလိုက်မှ ရန်နိုင် သတိရမိသည်

''''' ဒီကောင်တော့ အမွေတွေရပြီနဲ့ တူတယ်ကွ '''''
''''' ဟားဟား သူ့အဖွားဆီက အမွေဘဲရမလား ဘာဘဲရမလဲတော့ မသိဘူးကွာ ဟားးး ဟားးးး ''''''''' အေးပါ သူများကိုပြောထား မင်းအဘရော ဘယ်တော့ အမွှေးပေးမှာလဲ ''''
ဇော်ကြီး အဘက မုတ်ဆိတ်မွှေး အရှည်ကြီးထားခြင်းကို ရည်ရွယ်ခြင်းဖြစ်သည်
'''''' ဟားဟားးး '''''
ဇော်ကြီးရော ရန်နိုင်ပါ ရယ်မိလေသည်
ဇော်ကြီးရော ရန်နိုင်ပါ ရယ်မိလေသည်
''''' ငါပြန်တော့မယ် မင်းကျန်ခဲ့ဦးမှာလား '''''
ရန်နိုင် ပြောလဲပြော ထလဲ ထလိုက်သည်
ရန်နိုင် ပြောလဲပြော ထလဲ ထလိုက်သည်
''' ငါလဲပြန်မှာပေါ့ဟ '''''
ဇော်ကြီးလဲ ထလိုက်ပါတော့သည်
ဇော်ကြီးလဲ ထလိုက်ပါတော့သည်
'''ရန်နိုင် ဒါလေးတော့ ရှင်းပေးဦးလေကွာ '''
''' ဟာမနေ့က ငါရှင်းတယ်လေကွာ ဒီနေ့ မင်းရှင်းတော့ပေါ့ကွ '''
''' ငါပိုက်ဆံတောင်းလို့မရလို့ကွ '''
''' ဟေ့ရောင် မင်းနည်းနည်းများလာပြီ '''
''' လုပ်ပါကွာ ဒီတခါတည်းပါ ညကျရင် ငါတိုက်မယ် ''''
''' ဟွန်း ''''

ရန်နိုင်မတတ်နိုင်တော့ပါ ရှင်းပေးရပေတော့မည်
သူငယ်ချင်း အရင်းဖြစ်နေလို့ မနေနိုင်တာလဲပါသည်
ရန်နိုင် ဇော်ကြီး ကျော်လေးတို့ ၃ ဦးသည်
သူငယ်တန်းထဲက အခု တက္ကသိုလ် ကျောင်းသားဘဝ ရောက်တဲ့အထိအောင် လက်တွဲလာခဲ့သော ပြောမနာ ဆိုမနာ သူငယ်ချင်းများဖြစ်ကြသည်
တစ်ယောက်ဆိုးသမျှ ကျန်တဲ့ နှစ်ယောက်ခံရစမြဲပင် တစ်ယောက်မှ ဗွေမယူကြပါ

'''' ပြီးရော ညကျမင်းရှင်းရမယ် ငါပိုက်ဆံတပြားမှ ယူမလာဘူးနော် ''''
''' အေးပါကွာ စိတ်ချ ငါရှင်းမယ် '''
ရန်နိုင်လည်း tea ဘိုးရှင်းကာ အိမ်သို့ ပြန်လာခဲ့လေတော့သည်

ဒီနေ့ စနေနေ့ဖြစ်သဖြင့် ကျောင်းသွားစရာမလိုပါ
အိမ်မှာ ယောင်ပေ ယောင်ပေ ဖြစ်နေသော ရန်နိုင်ကို သူ့အမေက

'''' သား မင်း ကျော်လေး အိမ်ကို မသွားဘူးလား ကူလုပ်လိုက်ဦးလေ ''''
'''' ညနေ ဟိုကောင်နဲ့ချိန်းထားတယ် မေမေ ညနေ သွားမယ် ''''
'''' ဟယ် မနက်ပိုင်း လုပ်စရာရှိတာလေးတော့ ကူလုပ်ပေးဦးပေါ့ဟယ် နင့်သူငယ်ချင်း ကျော်လေး အခုလောက်ဆို သူအဖွား အသုဘ အတွက်အလုပ်တွေ ရှုတ်နေရောပေါ့ သွားကူလိုက်ကြပါ သားရယ် ''''

ဟုတ်တော့ ဟုတ်ပါသည် ညနေမှ သွားရင် ဘာမှလုပ်စရာ မရှိဖြစ်နေမည်
အသုဘအိမ်သွားတာ ဒီအတိုင်း ငုတ်တုတ်ထိုင် ရေနွေးခြမ်း သောက်ပြီး ကွာစိလေးစားလိုက် အတင်းတုတ်လိုက်
အရည်မရ အဖတ်မရ ပြောပြီးပြန်မလာချင်
တခုခုတော့ ကူလုပ်ဖို့သင့်သည်

'''' ဟုတ် မေမေ ဇော်ကြီးခေါ်ပြီး အခုသွားလိုက်မယ် ''''
'''' အေး အေး မေမေတော့ နေ့ခင်းမှ လာတော့မယ်လို့ မသန်းကိုပြောလိုက်ဦး ''''
မသန်းဆိုတာ ကျော်လေး အမေပါ အခုဆုံးတာ အန်တီမသန်းရဲ့အမေပါ
ရန်နိုင်လည်း ဇော်ကြီး ခေါ်ဖို့ ထွက်လာခဲ့သည် ဇော်ကြီးအိမ်က ရန်နိုင်အိမ်နဲ့ တအိမ်ဘဲခြားသည်
ကျော်လေးအိမ်ကသာ နောက်လမ်းထဲဖြစ်၍ နည်းနည်း အလှမ်းဝေးသည် ဇော်ကြီးတို့ အိမ်ရှေ့ရောက်တော့

'''' ဇော်ကြီးရေ ဇော်ကြီး ''''
''''' သား ရန်နိုင် မင်းသူငယ်ချင်း အိမ်သာတက်နေတယ် လာလေကွယ် ''''
ဇော်ကြီး အမေ အိမ်ပေါက်ဝထွက်လာ၍ ပြန်ဖြေသဖြင့်

''' အော် ဟုတ်ကဲ့ အန်တီ ကျော်လေးတို့အိမ် သွားကူမလို့ ဒီကောင့်ကိုလာခေါ်တာ '''''
''' ခေါ်သွား ခေါ်သွား အန်တီတော့ နေ့ခင်းမှဘဲ လာတော့မယ် ''''
''' ဟုတ်ကဲ့ '''
''' သား မေမေရော သွားမှာမလား ''''
'''သွားမှာလေ အန်တီ အခုမီးဖိုချောင်ဝင်နေလို့ နေ့ခင်းလောက်တော့ သွားမယ် ထင်တယ် '''
''' အေး အေး သူနဲ့ကျမှ အတူတူသွားတော့မယ် ''''
''' ဟုတ်ကဲ့ သား ဟိုကောင့်ကို ဝင်ခေါ်လိုက်ဦးမယ် အန်တီ ''''
'''' အေး အေး အိမ်သာထဲမှာ သွား သွား
ကြာလှနေပြီ ထွက်မလာသေးဘူး '''''

ရန်နိုင် သိလိုက်ပါပြီ အိမ်သာထဲမှာ ဒီကောင် အဲလောက်ကြာနေရင် ဆေးလိပ်ခိုးသောက်နေခြင်းပါ
ဇော်ကြီးတို့ အိမ်က နည်းနည်းရှည်သည်
မီးဖိုချောင်ထဲသို့ ဝင်သွားပြီး အိမ်သာတံခါးဝမှာ ရန်နိုင် ရပ်ခါ တံခါးကို လက်သည်းနဲ့ ကုတ်ချစ်လိုက်ပါသည်

''''' ဂျစ် ဂျစ် . . . ဂျစ် ဂျစ် ''''''
'''' ဟင် ''''''
ဇော်ကြီး ဆေးလိပ်ခိုးသောက်နေရင်း အိမ်သာတံခါးမှ အသံကြားလိုက်သဖြင့်
လန့်သွားသည်

''''' ဘယ်သူလဲ '''''
''''' ဂျစ် ဂျစ် ''''
'''' ဟာ ''''
ဇော်ကြီး မျက်လုံးပြူးသွားသည် အိမ်ကကြောင်မဖြစ်နိုင် အခုကြားနေရတဲ့ အသံက လူတစ်ရပ်စာလောက် အမြင့်က ဖြစ်နေသည်

''''' ဘယ်သူလဲလို့ မေးနေတယ် ''''
'''' ဂျစ် ဂျစ် ဂျစ် ဂျစ် '''''
အသံက ပိုကျယ်လာသည် ပိုကြမ်းလာသည်ဟု ထင်ရသည်
ဇော်ကြီး ခေါင်းနဘန်းကြီးလာသည်
ချွေးတွေလဲ ပြန်လာသည်
ဇော်ကြီး ခေါင်းနဘန်းကြီးလာသည်
ချွေးတွေလဲ ပြန်လာသည်
''''' ဂျစ် ဂျစ် ကျွီ ကျွီ ''''''
ပိုဆိုးလာသည် တံခါးကိုပါ ဆွဲလိုက်သလိုဖြစ်နေသည်
ဂျက်ထိုးထားသော တံခါးက ဟ စိ ဟ စိ ဖြစ်သွားသည်
ဇော်ကြီး ကျောချမ်းလာပြီ မနေနိုင်တော့ပါ

'''' မေမေ မေမေ ''''
ပြန်ထူးသံမကြားရပါ မေမေ အိမ်ရှေ့မှာဖြစ်နေ၍ ခေါ်တာကို မကြားရတာထင်တယ်
'''' ဂျစ် ဂျစ် '''''
တံခါးက အသံကတော့ ကြားနေရစမြဲပင်
တံခါးက အသံကတော့ ကြားနေရစမြဲပင်
'''' ဟာ ဒါ သရဲခြောက်တာလား မသိဘူး '''
ထိုသို့ တွေးလိုက်မှ ပို၍ကြောက်လာခဲ့ပါသည် ဆက်မနေရဲတော့ပါ ဆေးလိပ်တိုကို အိမ်သာခွက်ထဲ ပစ်၍ မတ်တပ်လိုက်ပါသည်
ထို့နောက် တံခါးကို ဖွင့်ရနိုး မဖွင့်ရနိုး ဝေခွဲမရပါ
ဒီအထဲမှာ ဆက်မနေချင်တော့ပါ
တံခါးဖွင့်လိုက်လျှင်လဲ တံခါးဝမှာ မဟုတ်က ဟုတ်က မြင်ရမှာလဲ ဆိုးနေသည်
နောက်ဆုံးဖြစ်ချင်ရာဖြစ် ဆိုတဲ့ သဘောနဲ့ ဂျက်ကိုဖြုတ် တံခါးကို ဆွဲဖွင့်ချလိုက်သည်

'''''' အားးးးးးးး ''''''
''''' အားးးးးးးးး ''''
''''' အားးးးးးးးး ''''
ရန်နိုင်နဲ့ ဇော်ကြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် ၍ နေတော့သည်
ဇော်ကြီးက လန့်အော်ခြင်းပါ ရန်နိုင်ကတော့ ဇော်ကြီးကို တမင်စ၍ အော်ခြင်းဖြစ်သည်

'' ဟာ ကွာ ဘာလုပ်တာလဲကွ လန့်လိုက်တာ ''
ဇော်ကြီး ရန်နိုင့်ကို ဒေါသထွက်၍ ပြောလိုက်ပါသည်

'''' ဟား ဟားးး '''
'''' ခေါ်တော့လဲ မထူးဘူး ''''
''' ဟားး ဟားး မင်း ဆေးလိပ်ခိုးသောက် နေမှန်းမသိလို့ တမင်လုပ်တာ ''''
'''' မင်းကွာ ရှုးးး တိုးတိုး မေမေကြားမယ် သောက်ကျင့်က ''''

''' ဟား ဟားး '''
'''' အေးပါ ရယ်နေ ဘာလာလုပ်တာလဲ '''''
''' ကျော်လေး အိမ်ကိုသွားကူမလို့ မင်းကို လာခေါ်တာ ''''
''' ညနေမှဆို ''''
'''' ညနေဆိုရင် ဘာမှလုပ်စရာမရှိမှာစိုးလို့ကွ ဒီအတိုင်းသွား ထိုင်ပြီး ပြန်မလာချင်ဘူး ''''
'''' အေး ဟုတ်တော့ ဟုတ်တယ် '''''
'''' ဟုတ်တယ် လုပ်မနေနဲ့ သွားမယ် လာ ''''
''''' အေး အေး '''

ဇော်ကြီး အေးအေး ပြောပြီး အိမ်သာထဲ ပြန်ဝင်နေသဖြင့်
''''' ဟေ့ကောင် ဘယ်အထဲ ပြန်ဝင်တာလဲဟ '''''
''' ဟာ ခုနက မင်းလုပ်တာနဲ့ ရေမဆေးရသေးဘူးကွ ''''''
'''' ဝုန်း '''''
ပြောလဲ အိမ်သာတံခါးကိုစောင့်ပိတ်ချလိုက်သည်

''''' ထွီ ဟာကွာ '''''
ရန်နိုင် ဘာမှဆက်မပြောနိုင်တော့ပါ
အိမ်ရှေ့ကို ပြန်ထွက်ပြီး ဇော်ကြီးကိုစောင့်ကာ ကျော်လေးတို့ အိမ်သို့ ထွက်လာခဲ့လေတော့သည်

ကျော်လေးတို့ အိမ်ရှေ့မှာ မဏ္ဍပ်ထိုးတာကို တွေ့လိုက်ရပါသည်
ဒေါ်ကျင်လှ
( အသက် ၆၅ နှစ် )
( အသက် ၆၅ နှစ် )
မြေဖြူနှင့်ရေးထားသော ကျောက်သင်ပုန်းတချပ်ကို ခြံစည်းရိုးထောင်ထားလျှက်ရှိသည်
ဝိုင်းဝန်းကူညီညာ လုပ်ကိုင်သူများနှင့် ရှုတ်ရှပ်ခတ်နေသည်
ရန်နိုင် နဲ့ ဇော်ကြီး ခြံထဲ ဝင်လိုက်တော့

'''' ဟေ့ကောင်တွေလာကွ ''''
အိမ်ပေါ်မှ ကျော်လေး လှမ်းခေါ်ခြင်းပါ
ဒီကောင့်မျက်နှာကြည့် ဝမ်းနည်းခြင်းအရိပ်အယောင် တစက်မှ မတွေ့ပေ
ခါတိုင်းထပ်ပင် ပိုပြုံးနေသလားတောင် ထင်ရသည် ဝမ်းနည်းစကား ဘယ်ကစပြောရမှန်းမသိတဲ့ ရုပ်မျိုးပါ

ဇော်ကြီး နဲ့ ရန်နိုင် အိမ်ပေါ်သို့ တက်ခဲ့လေတော့သည်
အိမ်ပေါ်ရောက်တော့ ကျော်လေး အမေ သူ့အမေအလောင်းနားမှာ ကုန်းကုန်းနဲ့ ကျောခိုင်းထိုင်နေတာကို တွေ့လိုက်ရပါသည်
ဘာတွေအလုပ်ရှုတ်နေလဲဆိုပြီး သေချာကြည့်လိုက်တော့
သူ့အမေကို သနားလိမ်းပေးနေခြင်းပါ
ကျော်လေး အမေမျက်နှာကတော့ ဝမ်းနည်းခြင်း ပူဆွေးခြင်းအတိပင်

'''' ငါတို့ ဘာကူလုပ်ရဦးမလဲ '''''
'''' ဟာရတယ် မလိုဘူး ရပ်ကွက်ထဲက နာရေးကူညီမှု အဖွဲ့က အားလုံးလိုလေသေးမရှိ လုပ်နေတယ်ကွ '''
ဟုတ်ပါသည် ရပ်ကွက်ထဲမှာ အယုတ်အလတ် အမြတ်မရွေး နာရေးရှိရင် ကူညီတတ်သော ကိုကြီးသန်းဇော်တို့ နာရေးကူညီမှု အဖွဲ့ကိုတွေ့လိုက်ရပါသည်

'''' ညကျရင် မင်းတို့ နှစ်ကောင် ငါနဲ့လာအိပ်ကွာ '''''
''''' ဟမ် '''''''
ကျော်လေး အပြောကို အံ့သြဟန်ဖြင့် အသံထွက်လာသူက ဇော်ကြီးပါ

''''' အေး လိုရင် လာအိပ်ပေးမယ်လေ '''''
ရန်နိုင်က ကြားဖြတ် ဝင်ပြောလိုက်ခြင်းပါ
''''' မနက်ကို စောစော ဘုန်းကြီးပင့်ဖို့ရှိတယ်ကွ အဲဒီတော့ မင်းတို့ဆိုင်ကယ်တွေပါ ယူလာခဲ့ကြကွာ
ဘုန်းကြီး ၄ ပါးပင့်ထားတယ် ဟိုဘက်အိမ်က အကိုက သူပါလိုက်မယ်ဆိုတော့ မင်းတို့နဲ့ ဆိုင်ကယ် ၄ စီးလေ ''''
'''' ဟေ ၅ ပါး မဟုတ်ဘူးလားဟ '''''
''''' အေးလေ ၅ ပါး ညနေလောက်ဆို အဖွား သိက္ခာထပ်ထားတဲ့ ဘုန်းကြီး လာမယ်လေ အဲဒါဆို ၅ ပါးလေ '''
'''' အော် '''''
''' ဘုန်းကြီးက နယ်ကလေ ''''

ရန်နိုင် စကားပြောနေရင်း ဇော်ကြီးမျက်နှာ ပျက်နေမှန်းရိပ်မိသည် အသာလက်ကုတ်နေရသည်
''''' မင်းလုပ်စရာရှိတာ လုပ်လေ ငါတို့ကူလုပ်ပေးမယ် '''''
''''' အေး ရပါတယ် နေစမ်းပါ ညသာလာအိပ်ပေး မနက်ကို ငါနဲ့ ဘုန်းကြီးလေးဘဲပင့်ပေးကွာ ''''
'''' အေးပါ ''''
'''' ခနလေး ငါ သူတို့ဘာလိုလဲ ဆင်းမေးဦးမယ် '''
''' အေး အေး ''''

ကျော်လေးထွက်သွားတော့
''''' မင်းဘာဖြစ်နေတာလဲ '''''
'''' ငါမအိပ်ချင်ဘူးကွာ မင်းလဲ ငါ့အကြောင်းသိရဲ့သားနဲ့ ''''
ဟုတ်ပါသည် ဇော်ကြီးကသရဲကြောက်တတ်သည်

'''' ဟာ ကောင်းမလားကွ တခြားလူတွေလဲ ရှိနေတာဘဲ ''''
ဇော်ကြီး ငြိမ်နေသည် ရန်နိုင်တို့ ၃ ယောက်တွင် ဇော်ကြီးက လူကောင်အကြီးဆုံးပါ ကြောက်တတ်လိုက်တာလဲ သူဘဲဖြစ်သည်

'''' လာ ဟေ့ကောင် အောက်ဆင်းပြီး လုပ်စရှိတာ လုပ်ရအောင် '''''
ရန်နိုင် က ဇော်ကြီးကိုခေါ်၍ အောက်ဆင်းရန် လုပ်လိုက်ပါသည်
မဆင်းခင် ကျော်လေး အဖွားအလောင်းကို လှမ်းကြည့်မိလိုက်သည်

'''' ဟာ '''''
ရန်နိုင်ပင် လန့်သွားမိသည်
ခုနက ကျော်လေး အမေ အန်တီ သီတာ သူ့အမေ ဒေါ်ကျင်လှကို ဝမ်းနည်းပူဆွေးမှု တွေနဲ့ စိတ်နဲ့လူမကပ်ဘဲ သနပ်ခါးလူးထားသဖြင့် အဖွားဒေါ်ကျင်လှ မျက်နှာမှာ သနပ်ခါး အဖွေးသားနဲ့ပင် သနပ်ခါးကို သွားပွတ်တံနဲ့ မညှိဘဲ ဒီအတိုင်းလက်နဲ့ လူးပေးထားသဖြင့် သနပ်ခါးခြောက်သွားတော့ ဖွေး၍မညီမညာ ဖြစ်နေသည်
အန်တီသီတာ၏ ပူဆွေးသောကြောင့် အားလုံးက ဒီအတိုင်းကြည့်နေကြခြင်းဖြစ်သည်
ရန်နိုင်ရှေ့ကနေဖြတ်၍ ကျော်တက်သွားသူက ဇော်ကြီးပင်
အိမ်အောက်ကို သုတ်ခြေတင်ဆင်းသွားသည် ရန်နိုင်လည်း ဇော်ကြီးနောက်က လိုက်ဆင်းရင်း အိမ်ရှေ့မဏ္ဍပ်ထဲတွင် ရပ်ကွက်က လူကြီးများနဲ့ စကားပြောနေသော ကျော်လေး အနားသို့ ချီတက်ကြခြင်းပါ
မနက်ဘုန်းကြီးပင့်ဖို့နဲ့ ဘယ်နေ့ချမယ်
ဂူသွင်းမှာလား မီးသဂြိုလ်မှာလား မေးမြန်းနေခြင်းပါ
တချို့ကလည်း အဖွားဒေါ်ကျင်လှ ဘုရားတရားမြဲကြောင်း စေတနာကောင်းကြောင်း ကုသိုလ်ရက်ရောကြောင်း စုံနေအောင်ပြောဆိုနေကြသည်
အဖွားဒေါ်ကျင်လှ ဆုံးရခြင်းမှာ သွေးတိုး၍ မူးမူးတယ် ပြောပြီး လဲကျသွားကာ အသက်ပါ ပါသွားခြင်းဖြစ်သည်
ရန်နိုင် နဲ့ ဇော်ကြီးလဲ နာရေးကူညီမှု အသင်းက အကိုများနှင့် လုပ်ကိုင်စရာများကို ကူညီ၍ လုပ်ကိုင်ပေးနေကြပါတော့သည်

ည ၇ နာရီလောက် ရန်နိုင်တို့ tea shop ထိုင်ပြီး ကျော်လေးတို့ အိမ်ဘက်သို့ ဆိုင်ကယ်မောင်းကာ ထွက်လာခဲ့ကြပါတော့သည်
tea ဆိုင်မှာ ဇော်ကြီး တစခန်းထလိုက်သေးသည်

''' မနက်က ကျော်လေးအဖွား မျက်နှာကြီးကကွာ ကြောက်စရာကြီး ''''
'''' ဟ သူ့သမီး အန်တီသီတာ သနပ်ခါးလူးပေးတာ များသွားလို့ပါဟ ''''
'''' မသိဘူးကွာ ငါ့မျက်စိထဲ မျက်နှာဖြူဖြူကြီး မြင်ယောင်နေတယ် '''''

ကျော်လေးတို့ အိမ်ရောက်တော့ ညဦးပိုင်းလဲဖြစ်လို့ ရပ်ကွက်ထဲမှ လူများနဲ့ ဝင်လိုက်ထွက်လိုက် ရှုတ်နေပါသည်
ရန်နိုင်တို့နှစ်ယောက် အိမ်ရှေ့မဏ္ဍပ်ထဲမှာဘဲ ဝင်ထိုင်လိုက်သည်
ကျော်လေးကိုတော့ မတွေ့ပါ
သိပ်တော့မကြာပါ ဆိုင်ကယ် တစ်စီးနဲ့ နောက်က ဘုန်းကြီးတစ်ပါးကိုတင်၍ ကျော်လေး ပြန်လာသည်
သူ့အဖွား သိက္ခာထပ်ပေးထားသော ဘုန်းကြီးဆိုတာ ဖြစ်လောက်မည်
ကျော်လေး ဘုန်းကြီးကို အိမ်ပေါ်သို့ ပင့်သွားသဖြင့် လှမ်းမခေါ်တော့ပေ
၁၅ မိနစ်လောက်နေမှ ကျော်လေး အိမ်ရှေ့ထွက်လာတော့

''' ဟေ့ကောင်တွေ ရောက်နေတာကြာပြီလား '''''
''' မကြာသေးပါဘူး အခုလေးပါဘဲ '''
''''' အေး ငါလဲ ဘုန်းကြီးကိုသွားကြိုတာ ကားနောက်ကျနေလို့ အခုမှ ပြန်လာတာ '''
'''' အေး တွေ့တယ် မင်းအပေါ်ကိုဘုန်းကြီးနဲ့ ပါသွားလို့ လှမ်းမခေါ်တာ ''''
'''' မင်းတို့ ထမင်းစားကြမယ်လေ လာ ငါလဲစားမယ် '''''
''' ဟာ နေ နေ ငါတို့ စားပြီးမှ ထွက်လာတာကွ '''''
'''' မင်းတို့ကလည်းကွာ ဒီမှာစားကြတာမဟုတ်ဘူး '''''
''' ရပါတယ်ကွာ မနက်ဖြန်စားမယ်လေကွာ သွား မင်းမစားရသေးရင် သွားစားတော့ '''
'''' ဒါဆိုလဲ ခနထိုင်ဦး ငါသွားစားဦးမယ် မင်းတို့ ထပ်ဆာရင် အချိန်မရွေးပြောနော်
ဟိုကောင် ရော့ ဆေးလိပ် '''''
''' အေးအေး '''
ကျော်လေးပေးသော ဆေးလိပ်ဘူးကို ဇော်ကြီး လှမ်းယူလိုက်လေတော့သည်

ရန်နိုင်တို့လည်း စကားပြောနေရင်း အချိန်ကုန်မှန်းမသိကုန်လာသည်
ကျော်လေးလည်း ထမင်းစားပြီး ပြန်ရောက်လာသဖြင့် စကားဝိုင်းက ပိုလူစုံသွားသည်
စကားက တောင်ရောက်လိုက် မြောက်ရောက်လိုက်ပင်

အချိန်ကလည်း ကုန်လာပါပြီ မဏ္ဍပ်ထဲမှာ လူက ရှင်းသတဲ့ ပိုရှင်းလာသည်
နာရီကလည်း ၁၀ နာရီထိုးတော့မည်
နာရီကလည်း ၁၀ နာရီထိုးတော့မည်
'''' တော်သေးတယ်ကွ မိုးမရွာသေးလို့ '''
စကားလမ်းကြောင်းပြောင်းသူက ကျော်လေးပင်
''' လာကွာ အောက်က ခြင်ကိုက်တယ် အပေါ်သွားကြမယ် အပေါ်မှာ ဝိုင်းတွေရှိတယ်ကွ သွားကြည့်မယ် '''
'''' ဒီမှာနေမယ်ကွာ အပေါ်ကလူရှုတ်တယ်'''
ငြင်းလိုက်သူကတော့ ဇော်ကြီးပါ
သူအပေါ်ကို မတက်ချင်တိုင်း လူရှုတ်တာကို အကြောင်းပြနေခြင်းပင်

''' လာစမ်းပါကွ ဝိုင်းတွေကိုသွားကြည့်ရအောင် ''''
အိမ်ပေါ်မှာ ဖဲဝိုင်းကြည့်ရန် ကျော်လေးခေါ်နေသဖြင့် ရန်နိုင်ထလိုက်သည်

''' မင်း မလိုက်ချင်ရင် ကျန်ခဲ့လေ ''''
တမင် ရန်နိုင် ဇော်ကြီးကို ညစ်ခြင်းဖြစ်သည်
ထိုအခါကျပြန်တော့လည်း ဇော်ကြီးထလိုက်လာပါသည်

အိမ်အပေါ်ကိုတက်လိုက်တော့ ဘုရားခန်းမှာ ဘုန်းတပါး ကျိန်းနေပါသည်
ခြေရင်းဘက်မှာတော့ ဖဲဝိုင်းကိုတွေ့လိုက်ရပါသည်
ရပ်ကွက်ထဲက လူလတ်ပိုင်းတွေ ဝိုင်းနေခြင်းပါ မသာစောင့်ရင်း အပျော်ရိုက်နေခြင်းပါ ဘုန်းကြီးလည်းရှိနေသဖြင့် မဆူညံပါ
အဖွားဒေါ်ကျင်လှ အလောင်းကတော့ အလည်မှာပါ ဖဲဝိုင်းနှင့် ငါးပေလောက်ဘဲကွာသည်
ရန်နိုင်တို့ ဝိုင်းမှာဝင်ထိုင်ရင်း ငေးကြည့်နေပါတော့သည်
ဇော်ကြီးက ချောင်ကပ်နေပါသည်
ရန်နိုင်လည်း ဖဲဝိုင်းကြည့်ရင်း အဖွားဒေါ်ကျင်လှ အလောင်းကို လှမ်းကြည့်လိုက်သေးသည် စောင်အုပ်မထားသေးသဖြင့် မနက်ကလိုပင် သနပ်ခါးအဖွေးသားဖြစ်နေလို့ ပြုံးနေလိုက်သည်

အချိန်ကကုန်မှန်းမသိ ကုန်လာပါပြီ
ည ၁ နာရီပင် ခွဲနေပါပြီ ရန်နိုင် ကြည့်နေရင်း မျက်လုံးစင်းလာပါပြီ
ဇော်ကြီးကို ကြည့်လိုက်တော့ ဆေးလိပ်ခဲပြီး မျက်လုံးပြူးကျယ်နေလျှက်ပင် ကြောက်စိတ်ကြောင့်လား ဖဲဝိုင်းအာရုံကျနေလားတော့ မသိပါ
ထိုအချိန်တွင်

'''' ဟင်းးးးးးးးး ဟင်းးးး ''''
ညည်းသံလိုလို အသံတခုကို ကြားလိုက်ရပါသည် ရန်နိုင့် နောက်ကကြားရခြင်းပါ

'''''' ဟာ ''''''
စတင်အသံထွက်လာသူက ဇော်ကြီးပါ
ဇော်ကြီးကို လှမ်းကြီးလိုက်တော့ မျက်လုံးကြီးပြူးပြီး ပါးစပ်ကြီး အဟောင်းသား ဆေးလိပ်တိုက ထွက်ကျသွားပါသည်

'''' သ သ ရဲ သရဲ '''''
အသံက ထစ် ထစ် အ အ နဲ့ ဇော်ကြီးပါးစပ်က ထွက်လာပါသည်

ဇော်ကြီးကြည့်နေသော နေရာကို ဖဲဝိုင်းကလူတွေရော ရန်နိုင် ကျော်လေး ဝိုင်းကြည့်လိုက်ကြပါသည်
'''''''' အားးးးးးးးးးးး '''''
အသံဆိုးကြီးနဲ့ ငယ်သံပါအောင် အော်သံကြားလိုက်ရပါသည်
အော်လိုက်သူကတော့ ဖဲဝိုင်းမှ ရပ်ကွက်ထဲက ကိုထွေးဖြစ်သည်
ကိုထွေးကို ဝိုင်းကြည့်လိုက်တော့
တင်ပါးကို ကြွကာ ပွတ်နေပါတော့သည်
ခုနက ဇော်ကြီးပါးစပ်က ထွက်ကြသော ဆေးလိပ်တိုက သူ့တင်ပါးအောက်သို့ လိမ့်သွားခြင်းဖြစ်သည် တင်ပါးကို ဆေးလိပ်မီး အပူလှောင်၍ ငယ်သံငယ်ရင်းနဲ့ ထအော်ခြင်းပါ

ဘုရားစင်ရှေ့မှာ အိပ်နေသော ဘုန်းကြီးပင် လန့်နိုးသွားလေသည်
'''' ဘာဖြစ်တာလဲကွ ''''
ဘုန်းကြီးက ဖဲဝိုင်းကို ခေါင်းထောင်ကြည့်ရင်း အော်မေးလိုက်သည်
အားလုံးက မည်သူမှပြန် အဖြေမပေးသေးနိုင်ခင်မှာပင်

'''''' ဟင်းးးးး ဟင်းးးးးး '''''
ညည်းသံကြီးက ထပ်ကြားလိုက်ရပါသည်
ကြားသောနေရာကို အားလုံး၏ မျက်လုံးအကြည့်ရောက်သွားတော့
အဖွားဒေါ်ကျင်လှ အလောင်းကပါ
အလောင်းက လှုပ်နေပါသည် ခေါင်းကလည်း ဟိုဘက်ရမ်းလိုက် ဒီဘက်ရမ်းလိုက် ဖြစ်နေပါသည်
အားလုံးအံ့သြမှင်သက်နေပါတော့သည်
ရန်နိုင်ပင် ကြက်သီးထလာမိပါသည်
ကြည့်နေရင်းပင် အလောင်းကိုခြုံထားသော စောင်က ထပ်လှုပ်လာပါသည်

'''''' ဟင်းးးးးးး ဟင်းးးးးးး '''''
အသံကထပ်ထွက်လာပါသည်
ထိုစဉ်ခန၌ အဖွားဒေါ်ကျင်လှ ခေါင်းက ထောင်လာပါသည်
ရန်နိုင် ကြည့်နေရင်း ခေါင်းနဘန်းကြီးလာသည် ကြက်သီးတွေလဲ ထလာသည် မဖြစ်ဘဲ ခံနိုင်ရောလား အဖွားဒေါ်ကျင်လှ မျက်နှာက ကြောက်စရာပင် သနပ်းခါးတွေနဲ့ ဖွေးစုတ်နေတဲ့ မျက်နှာကြီးက မျက်လုံးပွင့်လာသည် ပါးစပ်ကလည်း ဟ စိ ဟ စိ နဲ့ပင်

''''' အားးးးးးးး သရဲ ''''
''''' အားးးးးးးးး '''''
'''''' သရဲ '''''''
''''''' အမလေး '''''''
အသံမျိုးစုံနဲ့ ဖဲဝိုင်းက လူတွေ အော်ပြီး အိမ်ပေါ်မှ ဝရုန်းသုန်းကားနဲ့ ဆင်းပြေးကြလေတော့သည်
ရန်နိုင်လဲ အများနည်းတူ အိမ်ပေါက်ဝသို့ ပြေးတော့သည် ဇော်ကြီးကို ရှာလိုက်တော့
ရှေ့ဆုံးက အိမ်ပေါက်ဝရောက်သွားလေပြီ
အိမ်ပေါက်ဝမှာ အိမ်ပေါ်က လူတွေ စုပြုံနေသဖြင့် ကျပ်သိပ်တိုးနေကြသည်
တချို့လည်း ပြတင်းပေါက်မှ ခုန်ချကြသည်
အသုဘ အိမ်မှာ ငရဲပွတ်သည့်အလား ပွက်လောညံနေတော့သည်

''''' သရဲ သရဲ ''''
အော်တဲ့သူကအော် တိုးတဲ့သူကတိုး ဆူညံနေလေတော့သည်
ရန်နိုင်လည်း တိုးရင်း အိမ်အောက်ရောက်တော့ ဇော်ကြီးကိုရှာမရတော့ပေ ရန်နိုင်နောက်မှာ ကျော်လေးကပ်ပါလာလေသည်
ရပ်ကွက်လမ်းထဲ အော်ပြီးပြေးတဲ့သူတွေ ပြေးကုန်ကြသည် ရန်နိုင်လဲ ဖိနပ်ပင်မယူနိုင်ပေ ခြံဝသို့ပြေးထွက်ပါလေတော့သည် ခြံဝရောက် သရဲများနောက်ကပါလာသေးလားလို့ လှည့်ကြည့်လိုက်တော့ အိမ်ရှေ့ပြတင်းပေါက်မှ လွှားကနဲ့ခုန်ချလိုက်တာကတော့
အဖွားဒေါ်ကျင်လှ သိက္ခာထပ်ပေးထားသော ဘုန်းကြီးပါ
သင်္ကန်းကြီးတကားကားနဲ့
'''' အောင်မလေး ''' အော်ကာ ခြံဝသို့ပြေးထွက်လာပါလေတော့သည်
ရန်နိုင်လဲ မနေသာတော့ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ဆိုသည့်လား အိမ်အရောက် ပြေးပါလေတော့သည်
ရပ်ကွက်လမ်းထဲ ခွေးရော လူရော ဆူညံသွားပါလေတော့သည်

ရန်နိုင်အိမ်ရောက်လို့ ခြံတခါးကိုကျော်တက် အိမ်တံခါးကို တဒုန်းဒုန်းနဲ့ ထုပါလေတော့သည် ပါးစပ်ကလဲ
''''' မေမေ ဖေဖေ တံခါးမြန်မြန်ဖွင့်ပါ ''''
'''' ဟဲ့ သား ဘာဖြစ်တာလဲ '''''
အထဲမှ မေမေ ထလာပြီး ပြောလိုက်ခြင်းပါ
'''' မေမေ တံခါးမြန်မြန်ဖွင့်ပါ '''
'''' ဟဲ့ သား ဘာဖြစ်တာလဲ '''''
အထဲမှ မေမေ ထလာပြီး ပြောလိုက်ခြင်းပါ
'''' မေမေ တံခါးမြန်မြန်ဖွင့်ပါ '''
မေမေ တံခါးပြေးလာဖွင့်ပေးပါသည်
ရန်နိုင် အိမ်ထဲကိုဝင်ပြီး တခါးကို ဝုန်းကနဲ့ စောင့်ပိတ်လိုက်ချိန်ဝယ်

''''' ဒုန်း ဒုန်း ''''
''''' ရန်နိုင် တံခါးဖွင့်ဦး ငါပါ '''''
အိမ်အပြင်မှ ဇော်ကြီး အသံပါ
''' ရန်နိုင်လုပ်ကွ ငါ့အိမ်ကလူတွေ မနိုးလို့
မင်းအိမ်ဆက်ပြေးလာတာ ''''

ရန်နိုင် တံခါးဖွင့်ပေးလိုက်ပါသည်
ဇော်ကြီးအထဲရောက်လို့ တံခါးကို ပိတ်ပြီး ဂျက်ထိုးရုံရှိသေးသည်

'''' ဒုန်း ဒုန်းးး '''
တံခါးက အသံထပ်ထွက်လာပါသည်
ရန်နိုင် နဲ့ ဇော်ကြီး တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ကာ မျက်လုံးပြူး လန့်နေလေတော့သည်

'''' ဒုန်း ဒုန်းးးး ''''
တံခါးက အသံထပ်ထွက်လာသည်
တံခါးသံနဲ့ နောက်ကထွက်လာတဲ့ အသံကို ကြားလိုက်ရတဲ့ အခါတွင်မတော့

'''' ဒကာလေး ကျုပ်ပါဗျ တံခါးဖွင့်ပေးပါ ကျုပ်ဘုန်းကြီးပါ ဗျ တံခါးဖွင့်ပေးပါဗျာ '''''
ရန်နိုင် သဘောပေါက်လိုက်ပါသည် ဒီအသံက အဖွားဒေါ်ကျင်လှရဲ့ ဘုန်းကြီးပါ
ဒါဆိုရင် အဖွားဒေါ်ကျင်လှ သရဲက သူ့ဘုန်းကြီးနောက်ပါချင်ပါလာနိုင်သည်
ထို့ကြောင့်

'''' မဖွင့်ဘူး ''''
'''' လုပ်ပါ ဒကာလေးရယ် လုပ်ပါ '''
''''' ဟင့် အင်း မဖွင့်ဘူး ဘုရား ''''
ပြောလဲပြော ရန်နိုင်နဲ့ ဇော်ကြီး တံခါးကို ဒိုင်းကန်တွန်းထားလေတော့သည်

ရန်နိုင် အမေသည် ရန်နိုင် နဲ့ ဇော်ကြီး အဖြစ်ကို ကြောင်ကြည့်ပြီး စကားပင်မပြောနိုင်တော့ပါ
ထိုအချိန်တွင်
အိမ်အတွင်းခန်းမှ ရန်နိုင် အဖေ ဓာတ်မီးကိုင်ကာ ထွက်လာပါတော့သည် ရန်နိုင် နဲ့ ဇော်ကြီး တံခါးကို စုံကန်တွန်းနေတာကိုကြည့်၍

''''' ဘာတွေဖြစ်နေကြတာလဲကွာ '''''
အော်မေးလိုက်ပါတော့သည်
အော်မေးလိုက်ပါတော့သည်
''''' ဒကာလေး ဖွင့်ပါဗျ လုပ်ပါဗျာ တံခါးဖွင့်ပေးပါ '''''
ရန်နိုင်အဖေသည် တံခါးအပြင်မှ အသံကြားလိုက်သဖြင့်

''''' အပြင်က ဘယ်သူလဲ ရန်နိုင် ''''
''''' ဘုန်းကြီး ''''''
''''' ဘာ . . ဘယ်က ဘုန်းကြီးလဲ '''''
'''' ဒကာလေး ဖွင့်ပါကွာ ဟေးး ဒကာလေး ''
''''' အဖွားဒေါ်ကျင်လှရဲ့ဘုန်းကြီးပါ ''''
'''' ဟာ မင်းတို့
ဘာတွေလုပ်ပြန်ထားပြန်တာလဲ တံခါးဖွင့်ပေးလိုက် '''''
'''' ဟာ ဖေဖေ ''''
''''' ဟေ့ကောင် အခုဖွင့်ဆို ဖွင့်ပေးလိုက်လေ ''''

ရန်နိုင် နဲ့ ဇော်ကြီး တံခါးနားက ခွာလိုက်ပါသည် တံခါးကိုဖွင့်ပေးခြင်းတော့မဟုတ်ပါ တံခါးနားကခွါ၍ ရန်နိုင်အမေနောက်သို့ နှစ်ကောင်သား ပြေးကပ်နေပါလေတော့သည်
'''' ဟာကွာ ဒီကောင်တွေ '''''
ပြောလဲပြော တံခါးဂျက်ကို ဖွင့်ပေးလိုက်ပါတော့သည်
တခါးဂျက်ကို ဖွင့်နေတုန်း ဇော်ကြီး မျက်လုံးမှိတ်ထားမှာတော့ သေချာပါသည်

'''' ကျွီ ''''
တံခါးဖွင့်လိုက်သည်နှင့် အိမ်ထဲသို့ ရိပ်ခနဲ့ အရိပ်တခု ပြေးဝင်လာပါတော့သည်
ဘုန်းကြီးပါ အိမ်ထဲရောက်လို့ သေချာကြည့်လိုက်မှ ဘုန်းကြီးတွင် အပေါ်ရုံသင်္ကန်းမပါတော့ သင်းပိုင်းကြီးသက်သက်ပင်
ရန်နိုင်အဖေသည် အိမ်ထဲ အမောတခေါနဲ့ အပေါ်ရုံသင်္ကန်းမပါသော ဘုန်းကြီးကို ပါးစပ်အဟောင်းသားကြည့်နေလေတော့သည်

ရန်နိုင် ဘုန်းကြီးအိမ်ထဲရောက်လို့ အိမ်အပြင်ကို မရဲတရဲလမ်းကြည့်လိုက်ပါသည်
အဖွားဒေါ်ကျင်လှ သရဲလိုက်လာသလားလို့ပါ
အဖွားဒေါ်ကျင်လှ သရဲလိုက်လာသလားလို့ပါ
'''' ဟာ '''''
ရန်နိုင်တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် ဆံပင်မွှေးတွေထောင်ထလာပါသည် ကြက်သီးမွှေးညင်းတွေထလာပါတော့သည် ခြံစည်းရိုးမှာ မဲမဲကြီးပါ အိမ်ထဲကို လှမ်းကြည့်နေသလိုပင်
ရန်နိုင် မျက်လုံး စုံမှိတ်ကာ

''''' အဖေ ဟိုမှာ သရဲ သရဲ ''''
ခြံစည်းရိုးကို လက်ညိုးထိုး၍ ငယ်သံငယ်ရင်းပါအောင် အော်နေပါတော့သည်

ရန်နိုင်ဖခင်လည်း ဘုန်းကြီးကို အံ့သြစွာ ကြည့်နေတုန်း သားဖြစ်သူ ရန်နိုင်အသံကြားလို့ ကြည့်လိုက်တော့
ခြံစည်းရိုးကို လက်ညိုးထိုးကာ သရဲ သရဲ ဟု သားဖြစ်သူအော်နေသဖြင့်
အိမ်အပြင်ကို ဓာတ်မီးထိုးကြည့်လိုက်ပါသည်
ခြံစည်းရိုးကို လက်ညိုးထိုးကာ သရဲ သရဲ ဟု သားဖြစ်သူအော်နေသဖြင့်
အိမ်အပြင်ကို ဓာတ်မီးထိုးကြည့်လိုက်ပါသည်
'''' ဟင် ''''''
ရန်နိုင် အဖေ အံ့သြမှင်သက်သွားပါသည်
ရန်နိုင် အဖေ အံ့သြမှင်သက်သွားပါသည်
''''' ဟာ ဒီကောင် သင်္ကန်းကြီးဟ ''''''
ဖခင်ဖြစ်သူ ပြောသောအသံကြားမှ ရန်နိုင်သေချာကြည့်တော့
ဟုတ်ပါသည် ခြံစည်းရိုးတိုင်မှာ ဘုန်းကြီးသင်္ကန်းချိတ်နေခြင်းပါ
ခုနက ဘုန်းကြီး ခြံစည်းရိုးကိုခွကျော်ရင်း ခြံစည်းရိုးတိုင်နဲ့ ချိတ်ကျန်ခဲ့ခြင်းဖြစ်သည်
ဖခင်သည် သင်္ကန်းကိုသွားယူ၍ ဘုန်းကြီအားပေးလိုက်ပါသည်

'''' ဘာတွေဖြစ်နေကြတာလဲ ကွာ ''''
ဘယ်သူဆီကမှ ဖြေသံမကြားရပါ ဘုန်းကြီးလဲ ဘုရားခန်းရှေ့သွား ငုတ်တုတ်ကြီးထိုင်နေပါသည်
ဇော်ကြီးကတော့ ရန်နိုင်အမေနောက်မှာ သူ့ မဟားတရား ခန္ဓာကိုယ်ကို ကျုံ့ထားသည်
ရန်နိုင်ကတော့ သူ့ဖခင်ကို ကြောင်ကြည့်နေသည်

''''' ဟေ့ကောင် ရန်နိုင် ဘာဖြစ်တာလဲပြော '''
''' အဖွားဒေါ်ကျင်လှ . . . ''''
ရန်နိုင် ဆက်ပြောမထွက်တော့ပါ အ ထစ် အ ထစ် ဖြစ်နေလေသည်

''' ဟာကွာ ဘာဖြစ်တာလဲ သေချာပြောကွာ ''
ထိုအခါကျမှ
ထိုအခါကျမှ
''' ဟို အဖွားဒေါ်ကျင်လှ သရဲခြောက်လို့ '''''
'''' ဟေ '''''
ရန်နိုင့် အဖေ အံ့သြသွားသည်
ခနနေမှ
ရန်နိုင့် အဖေ အံ့သြသွားသည်
ခနနေမှ
''' ဘာဖြစ်တာလဲ သေချာရှင်းပြ ''''
'''' အဖွားဒေါ်ကျင်လှ . . . ''' ဟု ဆိုပြီး ရန်နိုင် ဖြစ်ကြောင်းကုန်စင် ပြောလိုက်လေတော့သည်
ရန်နိုင် ဖခင်သည် ထိုအခါကျမှ အကြောင်းစုံသိပြီး အံ့သြနေပါလေတော့သည်
ထိုအချိန်တွင်
''' ကိုနိုင်ဝင်းရေ ကိုနိုင်ဝင်း ကျွန်တော် ကိုတင်ဖေပါဗျ ခနထပါဦး ''''
ရပ်ကွက်အုပ်ချုပ်ရေးမှူး အသံပါ
ရန်နိုင်ဖခင်သည် အိမ်ပေါက်ဝသို့ထွက်ကာ
ရပ်ကွက်အုပ်ချုပ်ရေးမှူး အသံပါ
ရန်နိုင်ဖခင်သည် အိမ်ပေါက်ဝသို့ထွက်ကာ
'''' ဟုတ်ကဲ့ ကိုတင်ဖေ ဘာကိစ္စလဲဗျ '''
''' အရီးဒေါ်ကျင်လှ အသုဘမှာ ခုနက ရုန်းရင်းဆန်ခတ်ဖြစ်လို့ ရန်ဖြစ်တာလား မသိဘူး သွားကြည့်ရအောင် ခနလိုက်ခဲ့ပါဗျာ '''''
အုပ်ချုပ်ရေးမှူးနောက်မှာ လူ ၃ ယောက်လောက်ပါသေးသည်

''' အော် ဟုတ်ကဲ့ လိုက်ခဲ့မယ်လေ '''''
'''' အေးဗျာ အားတော့နာတယ် ခင်ဗျားအိမ် တံခါးဖွင့် မီးလင်းနေတာတွေ့လို့ အော်ခေါ်လိုက်တာ ''''
''' ရပါတယ်ဗျ လိုက်ခဲ့မယ် ခနလေး ''''
ရန်နိုင်ဖခင်သည် ရန်နိုင်တို့ဘက်ကို လှည့်ကာ
'''' မင်းတို့ဘယ်မှမသွားနဲ့ ဒီမှာဘဲနေ ''''
ပြောလိုက်သည် ဘုန်းကြီးဘက်သို့ လှည့်ကာ လက်အုပ်ချီ၍

'''' အရှင်ဘုရား ခနလေး ဘယ်မှမသွားပါနဲ့ တပည့်တော်ပြန်လာအောင်စောင့်ပါ ဘုရား'''
''' အော်ဟုတ်ကဲ့ ဟုတ်ကဲ့ ''''
အသံ ကတုန်ကယင်နဲ့ ဘုန်းကြီးဆီမှ အသံထွက်လာသည်

ရန်နိုင်လဲ ဖခင်ထွက်သွားပြီး အိမ်တံခါးကို ပိတ်ကာ ဘုရားစင်ရှေ့သို့ သွားထိုင်လိုက်ပါတော့သည် ဇော်ကြီးကို လှမ်းခေါ်လိုက်မှ ချောင်ထဲကပ်နေရာမှ ရန်နိုင်အနားလာထိုင်ပါတော့သည်
ရန်နိုင် အမေကတော့ ဘုန်းကြီးကို ရေနွေးကပ်ရန် မီးဖိုချောင်သို့ ရေနွေးအိုးတည်နေပါတော့သည်

'''' ရန်နိုင်ရေ သား ရန်နိုင်ရေ ''''
အိမ်ရှေ့မှ ဇော်ကြီးအမေအသံကိုကြားလိုက်ရပါသည်

''' ဗျာ အန်တီ လာလေ ''''
ရန်နိုင် အိမ်တံခါးဖွင့်၍ ထွက်အသံပေးလိုက်ပါတယ်

''' မင်း သူငယ်ချင်း မင်းဆီမှာ ရှိလား ''''
''' ရှိတယ်လေ အန်တီ ဒီမှာရှိတယ် '''
'''' ဒါဆို ခုနက အိမ်ကို တံခါး ဝုန်းဒိုင်းကျဲထုသွားတာ ဘယ်သူလဲ ''''
ဇော်ကြီးအမေ အိမ်ပေါ်တက်လာရင်း ပြောလိုက်ခြင်းပါ

'''' သားရယ် မေမေ ခုနက ခေါ်တာခေါ်မရလို့ ရန်နိုင်အိမ်ကို ဆက်ပြေးလာတာ ''''
ဇော်ကြီး ဝင်ဖြေလိုက်ပါသည်
ဇော်ကြီး ဝင်ဖြေလိုက်ပါသည်
''' ဟင် ဘာဖြစ်လို့လဲ ငါလဲ အသံကြားလို့ ထွက်ကြည့်တော့ ဘာမှ မရှိတော့ဘူး ပြီးတော့ ဒီဘက်အိမ်က ဆူညံ ဆူညံ အသံတွေ ကြားနေလို့ နားထောင်နေသေးတာ အုပ်ချုပ်ရေးမှူးပြောတဲ့ အသံကြားမှ ဘာဖြစ်တာလဲ ဆိုတာသိချင်လို့ နင့်ကိုစိတ်ပူပြီး ထွက်ရှာတာ '''''
ဇော်ကြီး အမေသည် အိမ်ပေါ်သို့ တက်တက်ချင်း သူ့သားကို စိတ်ပူရခြင်းအကြောင်း ရှည်လျားစွာ ပြောလေတော့သည်
ပြီးမှ ဘုရားခန်းတွင် ထိုင်နေသော ဘုန်းကြီးကို မြင်မှ ဦးကုန်းချလိုက်ပါသည်
ထို့နောက်

'''' ဘာတွေဖြစ်ကြတာလဲ ငါ့ကိုလဲ ပြောပြကြဦးလေ ''''
ရန်နိုင်လည်း အကြောင်းစုံကို ဒုတိယအကြိမ် ထပ်ရှင်းပြလိုက်ပါသည်

ရှင်းပြရင်း မေမေလည်း ရေနွေးအိုးကျက်၍ ဘုန်းကြီးကို ရေနွေးလာကပ်ပါသည်
အချိန်က မနက် ၅ နာရီထိုးတော့မည်
မေမေနဲ့ ဇော်ကြီးအမေ စကားဆက်ကောင်းနေကြပါတော့သည်
ဘုန်းကြီးကတော့ နှုတ်ခမ်းက ပွစိ ပွစိနဲ့ ဘုရားစာရွတ်နေတာ ထင်ပါသည်
ဇော်ကြီးနဲ့ ရန်နိုင်ကတော့ ငြိမ်နေပါတော့သည်

၅ နာရီခွဲလောက်ကျတော့ ရန်နိုင်ဖခင် ပြန်လာပါသည် ဖခင် အိမ်ပေါ်တက်လာတာကို အားလုံး ဝိုင်းကြည့်နေပါတော့သည်
'''' ကဲ ဝမ်းသာစရာဘဲ ဟေ့ ဒေါ်ကျင်လှ မသေဘူးဟ သတိပြန်လည်လာတာလေ '''
''''' ဟင် '''''
''''' ဟာ ''''
ရန်နိုင် နဲ့ ဘုန်းကြီးဆီက ထွက်လာတဲ့ အံ့သြခြင်း အသံပါ

''''' ဘယ်လိုဖြစ်တာလဲ ကိုနိုင်ဝင်း ''''
ဇော်ကြီး အမေ အမေးကို ရန်နိုင်ဖခင်က
ဇော်ကြီး အမေ အမေးကို ရန်နိုင်ဖခင်က
''' ဒီလိုဟေ့ . . . . . ''''' ဆိုပြီး ရှင်းပြပါလေတော့သည်
အဖွားဒေါ်ကျင်လှက မသေပါ သွေးတိုးပြီး သတိလစ်သွားတာကို သူ့သမီးက သေပြီထင်ပြီး ဘေးတစ်အိမ်ကျော်က နာရေးကူညီမှု အဖွဲ့ဝင်တွေကို အကြောင်းလိုက်ပါတယ် အဖွဲ့ကလည်း အဖွားဒေါ်ကျင်လှ သေပြီအမှတ်နဲ့ ရေချိုး အဝတ်တွေတောင်လဲပေးလိုက်သေးတယ်
အဲဒီရေချိုးပေးတဲ့အထဲမှာ ရပ်ကွက်ထဲက အရက်သမား ဖိုးထွန်းကတောင် ဒေါ်ကြီးသေတာကလဲ သေတာနဲ့မတူဘူးနော် အသက်ရှုနေသလိုဘဲလို့တောင် ပြောလိုက်သေးတယ် ဒါကို အရက်သမား မူးရူး ပြောတယ်ထင်ပြီး ဘယ်သူမှ အရေးမလုပ်ကြမိဘူး
ညက သူသတိရလာတော့ လက်တွေ ခြေထောက်တွေကို ခြေမခြင်း လက်မခြင်း ကြိုးချည်ထားတော့ လှုပ်မရဘူးလေ သူကသတိရရခြင်း ရေဆာလို့ ညည်းတာကို သရဲခြောက်တယ် ထင်ပြီး အသုဘစောင်တဲ့သူတွေ အကုန်လုံးထွက်ပြေးကြတာပါ ဘုန်းကြီးတောင် ပြတင်းပေါက်က ခုန်ချသတဲ့ တအိမ်လုံး ရှုတ်ရှုတ်သဲသဲဖြစ်နေလို့ သူ့သမီး နိုးလာပြီး သူ့အမေ မသေကြောင်းသိရတာ မနက်ကို အသုဘရှု တရားနာဖို့ကိစ္စလဲ အစီအစဉ်ပြောင်းပြီး အလှူလေးလုပ်လိုက်ပါတယ် တရားဟောတဲ့ ဆရာတော်က အဖွားဒေါ်ကျင်လှရဲ့ ဘုန်းကြီးပေါ့
အဲဒီဘုန်းကြီးလဲ တရားလဲဟောပြီးတာနဲ့ နေ့ဆွမ်းတောင် စောင့်မစားတော့ပါဘူး နယ်ကျောင်းကို တခါတည်းပြန်ကြွပါတော့တယ် မပြန်ခင်ပြောသွားပါသေးတယ် ဒီတခါ တကယ်သေမှပင့်တော့တဲ့ အဟိ

အော် ပြောဖို့တခုကျန်သေးတယ် အဲဒီညက ကံဆိုးသွားတာက ကျော်လေးပါ ကျော်လေးပျောက်သွားပြီး မနက် သူ့အဖွား မသေဘူးဆိုတာသိလို့ အိမ်ပြန်လာတော့ မိန်းမပါ ခိုးလာခဲ့ပါတယ် သူ့နောက်က ပါတာကတော့ ရပ်ကွက်ထဲက အပျိုကြီးမခင်လှပါ အသက်က ၃၈ လောက်ပါ ကျော်လေးနဲ့ဆို အသက် ၁၈ နှစ်လောက်ကွာပါတယ်
အဖြစ်က ကျော်လေးထွက်ပြေးတော့ ပြေးမိရာပြေးပါတယ် ရန်နိုင်တို့နဲ့ ဆန့်ကျင်ဘက်ကိုပါ ပြေးရင် တွေ့ရာ ခြံထဲပြေးဝင်လိုက်ပါတယ် ပြတင်းပေါက်တံခါးပွင့်နေတာတွေ့တာနဲ့ ကြောက်ကြောက်နဲ့ ကျော်တက်လိုက်ပြီး ဝင်တဲ့ ပြတင်းပေါက်နားက ခြင်ထောင်ထဲစွတ်ဝင်လိုက်တာ အပျိုကြီးမခင်လှ ခြင်ထောင်ဖြစ်နေရောတဲ့ အဲဒါနဲ့ အပျိုကြီးက သူ့ခြင်ထောင်ဝင်လာတဲ့ ကျော်လေးကို ဘယ်အလွတ်ပေးတော့မလဲ
သူ့ကိုယူ မယူရင် အဓမ္မမှုနဲ့ တရားစွဲမယ်ဆိုဘဲ ဒါနဲ့ ကျော်လေး အရှက်မကွဲချင်တာနဲ့ ယူပါ့မယ် ကတိပေးလိုက်ရပါတော့တယ်
ဒါက နောက်ပိုင်း ရန်နိုင်တို့နဲ့ ကျော်လေး ဆုံလို့ တိုးတိုးတိတ်တိတ်သိရတာပါ
မနက် ကျော်လေး သူ့မိန်းမ အသစ်စက်စက်နဲ့ အဖွားအိမ်ပြန်လာတော့ သူ့မိန်းမ မခင်လှက ကျော်အဖွား ဒေါ်ကျင်လှကို
မေးလိုက်ပုံက
''''' ကျေးဇူးရှင်ဖွားဖွား အားရှိသွားအောင် ဘာစားချင်လဲ ပြော သမီးလုပ်ပေးမယ် ''''
တဲ့လေ

===============( ပြီးပါပြီ )===============
အသဲကွဲ ဂုရုကြီး (or) Win Thant Phyo Hlaing

ဒီအကြောင်းအရာလေးက ကျွန်တော့်စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည် သူငယ်ချင်းတွေကို ဖတ်စေချင်လို့ မရေးတတ်ဘဲ ရေးတင်ပေးလိုက်ပါသည် ဝေဖန်ပေးကြပါခင်ဗျာ
0 comments: