ကောင်းကင်တွင်ကြယ်အပေါင်းဝန်းရံအခ
စားခံ၍ ထီးထီးကြီးသာနေသော'လမင်း',
ဖြန့်ကျက်ထားသောလရောင်၏အောက်၌
အိပ်စက်နေသော'သာယာကုန်း'ဟူသည့်
ရွာကလေးမှာကား ငြိမ်သက်လျှက်,
ညပိုးကောင်ကလေးများ၏အသံများမှလွဲ၍မည်သည့်အသံ၁ခု၁လေမျှပင်မကြားရ
အောင်တိတ်ဆိတ်လွန်းလှပေသည်။
စားခံ၍ ထီးထီးကြီးသာနေသော'လမင်း',
ဖြန့်ကျက်ထားသောလရောင်၏အောက်၌
အိပ်စက်နေသော'သာယာကုန်း'ဟူသည့်
ရွာကလေးမှာကား ငြိမ်သက်လျှက်,
ညပိုးကောင်ကလေးများ၏အသံများမှလွဲ၍မည်သည့်အသံ၁ခု၁လေမျှပင်မကြားရ
အောင်တိတ်ဆိတ်လွန်းလှပေသည်။
ရွာအစွန်လယ်ကွင်းစပ်များနှင့်မနီးမဝေး၌
ရှိသော'လှမောင်'၏အိမ်ကလေးမှာလဲ
တိတ်ဆိတ်ငြိမ်သက်နေလျှက်ပင်,
ရှိသော'လှမောင်'၏အိမ်ကလေးမှာလဲ
တိတ်ဆိတ်ငြိမ်သက်နေလျှက်ပင်,
ကမ်းတွင်တည်ထားသောရွာဦးစေတီလေးဆီမှ ပျံ့လွင့်လာသောဆည်းလည်းသံ
'တချွင်ချွင်'မှာ'လှမောင်'၏အကြားအာရုံ
သို့လာနှိုးဆွသည့်အခါတိုင်းဝယ် သက်
ပြင်းရှည်တစ်ချက်နဲ့အတူအိပ်ပျော်ရန်ကား
မလွယ်ကူတော့ချေ,,,
" ဟူ:::::::::::::::::::::::
နဖူးပေါ်လက်တင်ရင်းသက်ပြင်းရှည်ကြီး
၁ချက်နဲ့အတူလေပူများမှုတ်ထုတ်ရင်းတစ်
ဖက်သို့လှည့်အိပ်ရန်ပြင်စဉ်,
နဖူးပေါ်လက်တင်ရင်းသက်ပြင်းရှည်ကြီး
၁ချက်နဲ့အတူလေပူများမှုတ်ထုတ်ရင်းတစ်
ဖက်သို့လှည့်အိပ်ရန်ပြင်စဉ်,
"ကိုလှမောင်,အတွေးတွေလွန်နေပြန်ပြီ
လား"
"အိပ်တော့မှာပါ မိအေးရယ်"
"အင်း,အိပ်တော့လေ, တော် မနက်ကျအ
စောထရမယ်မလား,အိပ်တော့"
"အေး,အေး,,, ရွှတ်"
မအိပ်ခင်လင်မယားနှစ်ယောက်ကြား၌နှစ်ခြိုက်စွာအိပ်ပျော်နေသော'လှမောင်'၏
တန်ဖိုးမဖြတ်နိုင်တဲ့ရတနာလေး,သားဖြစ်
သူ'နီတွတ်'အား တစ်ချက်မျှနမ်းလိုက်ရင်
အိပ်ပျော်ရန်ကြိုးစားရချေတော့သည်။
လား"
"အိပ်တော့မှာပါ မိအေးရယ်"
"အင်း,အိပ်တော့လေ, တော် မနက်ကျအ
စောထရမယ်မလား,အိပ်တော့"
"အေး,အေး,,, ရွှတ်"
မအိပ်ခင်လင်မယားနှစ်ယောက်ကြား၌နှစ်ခြိုက်စွာအိပ်ပျော်နေသော'လှမောင်'၏
တန်ဖိုးမဖြတ်နိုင်တဲ့ရတနာလေး,သားဖြစ်
သူ'နီတွတ်'အား တစ်ချက်မျှနမ်းလိုက်ရင်
အိပ်ပျော်ရန်ကြိုးစားရချေတော့သည်။
ယခုကဲ့သို့'လှမောင်'အားအိပ်ပျက်ညများ
ထဲသို့တွန်းပို့ခဲ့သည်မှာချစ်လှစွာသောသူ
၏သားလေး'နီတွတ်'၏စကားတစ်ခွန်း
ကြောင့်ပင်, တစ်ရက်. 'လှမောင်'လယ်
သိမ်းပြန်ကာရေချိုးထမင်းစားနေစဉ် သား
လေး'နီတွတ်'မှာသူ့ပေါင်ပေါ်တက်ထိုင်
ရင်း,
ထဲသို့တွန်းပို့ခဲ့သည်မှာချစ်လှစွာသောသူ
၏သားလေး'နီတွတ်'၏စကားတစ်ခွန်း
ကြောင့်ပင်, တစ်ရက်. 'လှမောင်'လယ်
သိမ်းပြန်ကာရေချိုးထမင်းစားနေစဉ် သား
လေး'နီတွတ်'မှာသူ့ပေါင်ပေါ်တက်ထိုင်
ရင်း,
"ဖေကြီး,နေ့လည်ကသားသူငယ်ချင်းတွေ
နဲ့ကစားနေတုန်းသားသူငယ်ချင်းကပြော
တယ်,နောက်လကျသူရှင်ပြုတော့မှာတဲ့,
သားလဲရှင်ပြုချင်တယ် ဖေကြီးရာ,မြင်း
ကြီးစီးပြီးလူတွေအများကြီးနဲ့ပျော်စရာကြီ
သားကိုလဲရှင်ပြုပေးပါနော်, ဖေကြီးနော်"
နဲ့ကစားနေတုန်းသားသူငယ်ချင်းကပြော
တယ်,နောက်လကျသူရှင်ပြုတော့မှာတဲ့,
သားလဲရှင်ပြုချင်တယ် ဖေကြီးရာ,မြင်း
ကြီးစီးပြီးလူတွေအများကြီးနဲ့ပျော်စရာကြီ
သားကိုလဲရှင်ပြုပေးပါနော်, ဖေကြီးနော်"
ထိုစကားကြောင့်ပါးစပ်ထဲမှဝါးလက်စ ထ
မင်းလုတ်ပင်ဆက်ဝါးရန်အားမရှိတော့ချေ,အရသာခံနေသောအာရုံများပင်ထွေပြား
သွားရကာမြိုချရန်ပင်တော်တော်ကြိုးစား
လိုက်ရပေသည်။တစ်ဆက်တည်းဆိုသ
လို မျက်ရည်များပင်စို့တက်သွားပြီးရင်ထဲ
တွင်လဲနင့်ကနဲဖြစ်ကာ သားဖြစ်သူ၏စ
ကားအားမည်သို့တုံ့ပြန်ရမည်မှန်းစဉ်းစား
ရခက်နေချိန်,နံဘေးတွင်ထိုင်နေသော
အလိုက်သိလွန်းလှသည့်ဇနီးသည်ကြောင့်ပင်သက်သာရာရသွားရ၏။
မင်းလုတ်ပင်ဆက်ဝါးရန်အားမရှိတော့ချေ,အရသာခံနေသောအာရုံများပင်ထွေပြား
သွားရကာမြိုချရန်ပင်တော်တော်ကြိုးစား
လိုက်ရပေသည်။တစ်ဆက်တည်းဆိုသ
လို မျက်ရည်များပင်စို့တက်သွားပြီးရင်ထဲ
တွင်လဲနင့်ကနဲဖြစ်ကာ သားဖြစ်သူ၏စ
ကားအားမည်သို့တုံ့ပြန်ရမည်မှန်းစဉ်းစား
ရခက်နေချိန်,နံဘေးတွင်ထိုင်နေသော
အလိုက်သိလွန်းလှသည့်ဇနီးသည်ကြောင့်ပင်သက်သာရာရသွားရ၏။
"သား နီတွတ်,သွားကစားချေ,အဖေထမ
င်းစားနေတာကိုသွားရှုပ်မနေနဲ့"
င်းစားနေတာကိုသွားရှုပ်မနေနဲ့"
မျက်နှာလေးဆူပုတ်ပုတ်ဖြင့်ခေါင်းငိုက်စိုက်ကာအိမ်အောက်သို့ဆင်းသွားသော
သားဖြစ်သူ၏ကျောပြင်အားကြည့်ရင်း
'လှမောင်'၏မျက်ဝန်းထဲမှမျက်ရည်တစ်စ
က်မှာစားလက်စပန်းကန်ထဲသို့ခုန်ဆင်း
သွားချေတော့သည်။ထမင်းလဲဆက်စား
ချင်စိတ်မရှိတော့သဖြင့်လက်ဆေးကာထ
မင်းဝိုင်းမှထ,ဆေးလိပ်တို၁လိပ်လက်ကြားညှပ်ရင်းစိတ်ညစ်တိုင်းသွားထိုင်နေ
တတ်သည့်ရွာသင်္ချိုင်းမှဇရပ်ပျက်ကြီးဆီသို့
ဦးတည်ခဲ့လေတော့သည်။
သားဖြစ်သူ၏ကျောပြင်အားကြည့်ရင်း
'လှမောင်'၏မျက်ဝန်းထဲမှမျက်ရည်တစ်စ
က်မှာစားလက်စပန်းကန်ထဲသို့ခုန်ဆင်း
သွားချေတော့သည်။ထမင်းလဲဆက်စား
ချင်စိတ်မရှိတော့သဖြင့်လက်ဆေးကာထ
မင်းဝိုင်းမှထ,ဆေးလိပ်တို၁လိပ်လက်ကြားညှပ်ရင်းစိတ်ညစ်တိုင်းသွားထိုင်နေ
တတ်သည့်ရွာသင်္ချိုင်းမှဇရပ်ပျက်ကြီးဆီသို့
ဦးတည်ခဲ့လေတော့သည်။
" အူ,,,,,,,,,,,,,,,,,,,,,,,,,
ဆွဲဆွဲငင်ငင်အူလိုက်သောခွေးအူသံကြီးနဲ့
အုတ်ဂူဖွေးဖွေးများကြားယိုင်နဲ့စွာရှိနေသောဇရပ်ပျက်ကြီးမှာတခြားသူများအဖို့မြင်
ယုံနဲ့တင်စိတ်များထွေပြားစေနိုင်သော်လည်း'လှမောင်'အတွက်တွင်မူ အပန်းဖြေစ
ရာအကောင်းဆုံးသောနေရာတစ်ခုပင်,
ဇရပ်ပေါ်ကျောခင်းလှဲချရင်းမည်မျှကြာသည်အထိအတွေးထဲသို့နစ်မျောသွားမှန်းမသိချေ,,,,,,,,,,,,,,
ဆွဲဆွဲငင်ငင်အူလိုက်သောခွေးအူသံကြီးနဲ့
အုတ်ဂူဖွေးဖွေးများကြားယိုင်နဲ့စွာရှိနေသောဇရပ်ပျက်ကြီးမှာတခြားသူများအဖို့မြင်
ယုံနဲ့တင်စိတ်များထွေပြားစေနိုင်သော်လည်း'လှမောင်'အတွက်တွင်မူ အပန်းဖြေစ
ရာအကောင်းဆုံးသောနေရာတစ်ခုပင်,
ဇရပ်ပေါ်ကျောခင်းလှဲချရင်းမည်မျှကြာသည်အထိအတွေးထဲသို့နစ်မျောသွားမှန်းမသိချေ,,,,,,,,,,,,,,
[2]
"ဘုတ်,,"
အပေါ်မှကျလာသောအထုပ်တစ်ထုပ်၏
အသံကြားမှထိုနေရာသို့အာရုံလွဲသွားကာ
အထုပ်အားကောက်ကိုင်ပြီးအပေါ်သို့
မော့ကြည့်သော်လည်းအပေါက်ရာဗရပွဖြစ်နေသောခေါင်မိုးမျှလွဲ၍ထူးဆန်းတာမ
တွေ့ရ,နားလည်ရခက်စွာအထုပ်အားကြည့်နေရင်းဖွင့်ကြည့်မည်အပြု,
အပေါ်မှကျလာသောအထုပ်တစ်ထုပ်၏
အသံကြားမှထိုနေရာသို့အာရုံလွဲသွားကာ
အထုပ်အားကောက်ကိုင်ပြီးအပေါ်သို့
မော့ကြည့်သော်လည်းအပေါက်ရာဗရပွဖြစ်နေသောခေါင်မိုးမျှလွဲ၍ထူးဆန်းတာမ
တွေ့ရ,နားလည်ရခက်စွာအထုပ်အားကြည့်နေရင်းဖွင့်ကြည့်မည်အပြု,
"နေဦး,မဖွင့်နဲ့!"
ဇရပ်၏ထောင့်ကျသောအမှောင်ထဲမှထွက်ပေါ်လာသောဝမ်းခေါင်းသံကြီးနဲ့အတူ
လေမှာလဲငြိမ်သက်နေရာမှအားပါပါပြန်
လည်တိုက်ခတ်လာလေတော့သည်။
ထိုအသံလာရာဆီသို့ကြည့်ကြည့်တော့
တစ်ကိုယ်လုံးအမွှေးမျှင်များဖြင့်ဖုံးလွှမ်း
ကာနားရွက်ကြီးနှစ်ဖက်ကပုခုံးထိတိုင်တွဲ
လောင်းကျလျှက်လျှာကြီးမှာလဲအလွန်ပင်ရှည်ထွက်နေပြီးလက်သီးဆုပ်ခန့်မျှရှိသောမျက်လုံးနီရဲရဲကြီးနှစ်လုံးနဲ့သူ့အားစိုက်
ကြည့်ရင်းပြောနေသောနှစ်ချို့သဘက်ကြီး
တစ်ကောင်,တဖြည်းဖြည်းသူရှိရာသို့လျှောက်လာနေရာဇရပ်၏ကြမ်းပြင်များပင်
'တဂျွတ်ဂျွတ်'နဲ့နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး
'လှမောင်'တစ်ကိုယ်လုံးရှိအကြောအချဉ်
များဖျင်းကနဲဖြစ်ကာကြက်သီးမွေးညင်းများထ၍ကြောက်ဖို့ပင်မေ့နေသည်အထိ
ကြက်သေသေကာမြင်နေရသောမြင်ကွင်း
အားကြောင်အမ်း၍ကြည့်နေတော့သည်။
ရုတ်တရက်သတိဝင်လာပြီးထ,ပြေးမည်
ပြုစဉ်သူ့လက်အားလှမ်းဆွဲထားသဖြင့်,
"အာ::::::::::: လွှတ်,ငါ့လက်ကိုလွှတ်"
"မင်းနဲ့ငါအပေးအယူတစ်ခုလုပ်မယ်"
"ဘာ,ဘာအပေးအယူလဲ"
"နေရာချင်းလဲမလို့,မင်းသားကိုရှင်ပြုဖို့လို
တဲ့ငွေငါပေးမယ်,မင်းကလဲငါလိုတဲ့ဟာ
ကိုပြန်ပေးရမယ်"
"ခင်,ခင်ဗျားကဘာလိုချင်တာလဲ"
"မင်းအသက်"
"ဗျာာာ,,,,,,,,,,,,"
"မဗျာနဲ့ကိုယ့်လူ,အထုပ်ကိုအရင်ဖြည်ကြ
ည့်"
သဘက်ကြီး၏စကားအတိုင်းအထုပ်အား
ဖြည်ကြည့်ရာလရောင်နဲ့အတူတွေ့လိုက်
ရသောရှေးခေတ်ငွေထည်ပစ္စည်းအချို့,
"ဒီပစ္စည်းတွေသာအကုန်ထုခွဲရောင်းချ
လိုက်ရင်မင်းသားလေးကိုရှင်ပြုပေးနိုင်မဲ့
အပြင်သူများတွေတန်းတူအိမ်တစ်ဆော
င်မီးတစ်ပြောင်နဲ့ပါထားနိုင်လိမ့်မယ်"
ဇရပ်၏ထောင့်ကျသောအမှောင်ထဲမှထွက်ပေါ်လာသောဝမ်းခေါင်းသံကြီးနဲ့အတူ
လေမှာလဲငြိမ်သက်နေရာမှအားပါပါပြန်
လည်တိုက်ခတ်လာလေတော့သည်။
ထိုအသံလာရာဆီသို့ကြည့်ကြည့်တော့
တစ်ကိုယ်လုံးအမွှေးမျှင်များဖြင့်ဖုံးလွှမ်း
ကာနားရွက်ကြီးနှစ်ဖက်ကပုခုံးထိတိုင်တွဲ
လောင်းကျလျှက်လျှာကြီးမှာလဲအလွန်ပင်ရှည်ထွက်နေပြီးလက်သီးဆုပ်ခန့်မျှရှိသောမျက်လုံးနီရဲရဲကြီးနှစ်လုံးနဲ့သူ့အားစိုက်
ကြည့်ရင်းပြောနေသောနှစ်ချို့သဘက်ကြီး
တစ်ကောင်,တဖြည်းဖြည်းသူရှိရာသို့လျှောက်လာနေရာဇရပ်၏ကြမ်းပြင်များပင်
'တဂျွတ်ဂျွတ်'နဲ့နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး
'လှမောင်'တစ်ကိုယ်လုံးရှိအကြောအချဉ်
များဖျင်းကနဲဖြစ်ကာကြက်သီးမွေးညင်းများထ၍ကြောက်ဖို့ပင်မေ့နေသည်အထိ
ကြက်သေသေကာမြင်နေရသောမြင်ကွင်း
အားကြောင်အမ်း၍ကြည့်နေတော့သည်။
ရုတ်တရက်သတိဝင်လာပြီးထ,ပြေးမည်
ပြုစဉ်သူ့လက်အားလှမ်းဆွဲထားသဖြင့်,
"အာ::::::::::: လွှတ်,ငါ့လက်ကိုလွှတ်"
"မင်းနဲ့ငါအပေးအယူတစ်ခုလုပ်မယ်"
"ဘာ,ဘာအပေးအယူလဲ"
"နေရာချင်းလဲမလို့,မင်းသားကိုရှင်ပြုဖို့လို
တဲ့ငွေငါပေးမယ်,မင်းကလဲငါလိုတဲ့ဟာ
ကိုပြန်ပေးရမယ်"
"ခင်,ခင်ဗျားကဘာလိုချင်တာလဲ"
"မင်းအသက်"
"ဗျာာာ,,,,,,,,,,,,"
"မဗျာနဲ့ကိုယ့်လူ,အထုပ်ကိုအရင်ဖြည်ကြ
ည့်"
သဘက်ကြီး၏စကားအတိုင်းအထုပ်အား
ဖြည်ကြည့်ရာလရောင်နဲ့အတူတွေ့လိုက်
ရသောရှေးခေတ်ငွေထည်ပစ္စည်းအချို့,
"ဒီပစ္စည်းတွေသာအကုန်ထုခွဲရောင်းချ
လိုက်ရင်မင်းသားလေးကိုရှင်ပြုပေးနိုင်မဲ့
အပြင်သူများတွေတန်းတူအိမ်တစ်ဆော
င်မီးတစ်ပြောင်နဲ့ပါထားနိုင်လိမ့်မယ်"
ထိုစကားက'လှမောင်'ကိုတွေဝေသွားစေ
သည်။အဘယ့်ကြောင့်ဆိုသော်သူများပိုင်
လယ်တွင်သူရင်းငှားလုပ်ရသော'လှမောင်'အဖို့ဇနီးနဲ့သားအားတင့်တောင့်တင့်တ
ယ်ထားရန်မဆိုနှင့်,သားလေးဖွင့်မပြော
လာခင်တည်းကရှင်ပြုပေးရန်ဆန္ဒာမှ'လှ
မောင်'ရင်ထဲ၌အစိုင်အခဲကြီးစွာကိန်းအောင်းလျှက်ရှိနေပြီးပိုက်ဆံစုနေသည်မှာ
လဲအတော်ပင်ကြာချေပြီ,သို့သော်ယခုချိန်
ထိအထုပ်လိုက်အထည်လိုက်မစုဖြစ်သေးပေ,ခဏကြာသော် ဆုံးဖြတ်ချက်တစ်
ခုအား'လှမောင်'ခိုင်မာစွာချလိုက်လေတော့သည်။
သည်။အဘယ့်ကြောင့်ဆိုသော်သူများပိုင်
လယ်တွင်သူရင်းငှားလုပ်ရသော'လှမောင်'အဖို့ဇနီးနဲ့သားအားတင့်တောင့်တင့်တ
ယ်ထားရန်မဆိုနှင့်,သားလေးဖွင့်မပြော
လာခင်တည်းကရှင်ပြုပေးရန်ဆန္ဒာမှ'လှ
မောင်'ရင်ထဲ၌အစိုင်အခဲကြီးစွာကိန်းအောင်းလျှက်ရှိနေပြီးပိုက်ဆံစုနေသည်မှာ
လဲအတော်ပင်ကြာချေပြီ,သို့သော်ယခုချိန်
ထိအထုပ်လိုက်အထည်လိုက်မစုဖြစ်သေးပေ,ခဏကြာသော် ဆုံးဖြတ်ချက်တစ်
ခုအား'လှမောင်'ခိုင်မာစွာချလိုက်လေတော့သည်။
"ကောင်းပြီ,ခင်ဗျားပြောတဲ့အတိုင်းကျုပ်သ
ဘောတူတယ်,ဒါနဲ့ ခင်ဗျားကကျုပ်အသ
က်ကိုဘာလို့လိုချင်တာတုန်း"
"ဘာလို့လဲဆိုတော့ ငါ့နေရာမှာမင်းကိုအ
စားထိုးချင်လို့ပဲ,ငါက ဒီသင်္ချိုင်းအပါအဝင်
အနီးအနားရွာ(၁၀)ခုကသင်္ချိုင်းကုန်း(၁၀)
ခုကိုမဖဲဝါအမိန့်နဲ့စောင့်ကြပ်ပေးရတဲ့အ
စောင့်သဘက်ကြီး'မဲလုံး'ပဲ,သဘောတူ
တယ်ဆိုရင်အဲ့ဒီအထုပ်ကမင်းအပိုင်ဖြစ်
ပြီ,ယူသွားတော့,မင်းကိုစီစဉ်စရာရှိတာ
စီစဉ်ဖို့ငါအချိန်(၃)ရက်ပေးမယ်,ဒီညကစ
ပြီးနောက်(၃)ရက်မြောက်တဲ့ညဒီလိုအ
ချိန်မှာမင်းလိပ်ပြာကိုငါလာနှုတ်မယ်,မင်း
သွားလို့ရပြီ,အော် စိတ်ပြောင်းပြီးရှောင်
ပြေးလို့တော့မရဘူးနော်,မင်းပြေးလဲငါ
ကလိုက်သတ်မှာ,အဲ့ဒါအပြင်ကတိဖျက်
တဲ့အတွက်မင်းမိန်းမနဲ့သားကိုပါသတ်
မှာ,မင်းငါ့လက်ကပြေးလို့မလွတ်ဘူး"
"ကျုပ်ကယောက်ျားဗျ,ကျုပ်စကားကျုပ်တာ
ဝန်ယူတယ်,ခင်ဗျားကျုပ်မိသားစုကိုထိစ
ရာမလိုဘူး"
"အေးပါ,ငါကကြိုပြောထားတာပါ,မင်းသာ
ကတိမဖျက်ရင်မင်းချစ်တဲ့မင်းရဲ့သားနဲ့
မိန်းမကိုငါလက်ဖျားနဲ့တောင်မတို့ဘူး"
"ဒါပဲမလား,ကျုပ်သွားတော့မယ်"
"ကောင်းပြီ"
ဘောတူတယ်,ဒါနဲ့ ခင်ဗျားကကျုပ်အသ
က်ကိုဘာလို့လိုချင်တာတုန်း"
"ဘာလို့လဲဆိုတော့ ငါ့နေရာမှာမင်းကိုအ
စားထိုးချင်လို့ပဲ,ငါက ဒီသင်္ချိုင်းအပါအဝင်
အနီးအနားရွာ(၁၀)ခုကသင်္ချိုင်းကုန်း(၁၀)
ခုကိုမဖဲဝါအမိန့်နဲ့စောင့်ကြပ်ပေးရတဲ့အ
စောင့်သဘက်ကြီး'မဲလုံး'ပဲ,သဘောတူ
တယ်ဆိုရင်အဲ့ဒီအထုပ်ကမင်းအပိုင်ဖြစ်
ပြီ,ယူသွားတော့,မင်းကိုစီစဉ်စရာရှိတာ
စီစဉ်ဖို့ငါအချိန်(၃)ရက်ပေးမယ်,ဒီညကစ
ပြီးနောက်(၃)ရက်မြောက်တဲ့ညဒီလိုအ
ချိန်မှာမင်းလိပ်ပြာကိုငါလာနှုတ်မယ်,မင်း
သွားလို့ရပြီ,အော် စိတ်ပြောင်းပြီးရှောင်
ပြေးလို့တော့မရဘူးနော်,မင်းပြေးလဲငါ
ကလိုက်သတ်မှာ,အဲ့ဒါအပြင်ကတိဖျက်
တဲ့အတွက်မင်းမိန်းမနဲ့သားကိုပါသတ်
မှာ,မင်းငါ့လက်ကပြေးလို့မလွတ်ဘူး"
"ကျုပ်ကယောက်ျားဗျ,ကျုပ်စကားကျုပ်တာ
ဝန်ယူတယ်,ခင်ဗျားကျုပ်မိသားစုကိုထိစ
ရာမလိုဘူး"
"အေးပါ,ငါကကြိုပြောထားတာပါ,မင်းသာ
ကတိမဖျက်ရင်မင်းချစ်တဲ့မင်းရဲ့သားနဲ့
မိန်းမကိုငါလက်ဖျားနဲ့တောင်မတို့ဘူး"
"ဒါပဲမလား,ကျုပ်သွားတော့မယ်"
"ကောင်းပြီ"
ထို့နောက်လက်ထဲမှအထုတ်အားပိုက်ရင်းတဲရှိရာသို့တရွေ့ရွေ့ထွက်သွားလေတော့သည်။
လေးစားဖွယ်ကောင်းလှသည့်ဖခင်မေတ္တာပင်တည်း၊မိမိအသက်အားစွန့်ယုံမျှမ
ကသားဇောကပ်နေသဖြင့်ကြောက်သင့်
သည့်အရာများကိုပင်ကြောက်ရန်မေ့နေ
ချေတော့သည်။
လေးစားဖွယ်ကောင်းလှသည့်ဖခင်မေတ္တာပင်တည်း၊မိမိအသက်အားစွန့်ယုံမျှမ
ကသားဇောကပ်နေသဖြင့်ကြောက်သင့်
သည့်အရာများကိုပင်ကြောက်ရန်မေ့နေ
ချေတော့သည်။
[3]
မိန်းမဖြစ်သူအား,,,
"နောက်မှငါပြောပြမယ်ကွာ,ငါ့ကိုယုံ,ဒီပို
က်ဆံတွေကိုငါသန့်သန့်ရှင်းရှင်းရထား
တာ,မင်းစိတ်ချလက်ချသာသုံး"
နောက်နေ့မြို့တက်ရောင်းပြီးငွေထုပ်အား
မိန်းမဖြစ်သူထံအပ်ကာပြောဆိုရင်း,
"ကျုပ်စိတ်တွေလေးနေတယ် ကိုလှမော
င်ရယ်,ရှင်အဆင်ကောပြေရဲ့လား"
မိန်းမဖြစ်သူအားပြုံးပြပြီးခေါင်းအားအသာ
အယာထိုးဖွကာအဖေနဲ့အမေပြောနေကြ
သည်များအားမျက်လုံးလေး(ပေကလပ်)2
ဖြင့်ကြည့်နေသောသားဖြစ်သူဘက်လှည့်
ရင်း,
"သားလေး,နီတွတ်,သားသူငယ်ချင်းတွေ
ကိုသွားကြွားချေ,ငါလဲရှင်ပြုတော့မှာလို့"
"ဗျာာာာ,ဖေကြီး တကယ်ပြောတာလား"
"တကယ်ပေါ့ ငါ့သားရ,ဒီမှာတွေ့လား,
ငါ့သားကိုရှင်ပြုပေးဖို့ပိုက်ဆံတွေဖေကြီး
ရှာလာတာ"
"ဟေ::::::::::::::::ပျော်လိုက်တာ ဖေကြီးရာ"
"နောက်မှငါပြောပြမယ်ကွာ,ငါ့ကိုယုံ,ဒီပို
က်ဆံတွေကိုငါသန့်သန့်ရှင်းရှင်းရထား
တာ,မင်းစိတ်ချလက်ချသာသုံး"
နောက်နေ့မြို့တက်ရောင်းပြီးငွေထုပ်အား
မိန်းမဖြစ်သူထံအပ်ကာပြောဆိုရင်း,
"ကျုပ်စိတ်တွေလေးနေတယ် ကိုလှမော
င်ရယ်,ရှင်အဆင်ကောပြေရဲ့လား"
မိန်းမဖြစ်သူအားပြုံးပြပြီးခေါင်းအားအသာ
အယာထိုးဖွကာအဖေနဲ့အမေပြောနေကြ
သည်များအားမျက်လုံးလေး(ပေကလပ်)2
ဖြင့်ကြည့်နေသောသားဖြစ်သူဘက်လှည့်
ရင်း,
"သားလေး,နီတွတ်,သားသူငယ်ချင်းတွေ
ကိုသွားကြွားချေ,ငါလဲရှင်ပြုတော့မှာလို့"
"ဗျာာာာ,ဖေကြီး တကယ်ပြောတာလား"
"တကယ်ပေါ့ ငါ့သားရ,ဒီမှာတွေ့လား,
ငါ့သားကိုရှင်ပြုပေးဖို့ပိုက်ဆံတွေဖေကြီး
ရှာလာတာ"
"ဟေ::::::::::::::::ပျော်လိုက်တာ ဖေကြီးရာ"
အလွန်တစ်ရာမှရွှင်မြူးတက်ကြွစွာပျော်ရွှင်
ရင်းအိမ်အောက်သို့ပြေးဆင်းသွားသော
သားဖြစ်သူအားကြည့်ရင်း အရာရာအား
ခေတ္တမေ့သွားသကဲ့သို့,
ရင်းအိမ်အောက်သို့ပြေးဆင်းသွားသော
သားဖြစ်သူအားကြည့်ရင်း အရာရာအား
ခေတ္တမေ့သွားသကဲ့သို့,
စီစဉ်စရာရှိသည်များစီစဉ်ကြရင်း(၃)ရက်
မြောက်နေ့သို့ရောက်လာကာမနက်ဖြန်လဲ
ရှင်လောင်းလှည့်မည်ဖြစ်သဖြင့်ညည့်နက်
သည်တိုင်အောင်အလုပ်များရှုပ်နေကာ
အချိန်ကိုပင်မေ့သွားတော့သည်။
ထိုအခိုက် ရွာထဲရှိခွေးများမှာရွာဝင်လမ်း
တစ်လျှောက်အူနေကြကာ'လှမောင်'တို့
အိမ်နားတစ်ဝိုက်တွင်လည်းခွေးအူသံခွေး
ဟောင်သံများဖြင့်ပွက်လောရိုက်နေလေ
တော့သည်။ခြံထဲသို့လေပြင်းတစ်ချက်ဝင်
မွှေ့သွားသဖြင့်ကသောင်းကနင်းဖြစ်ကုန်
ကာ'လှမောင်'တစ်ယောက်လဲထူးဆန်း
စွာသွေးများအန်လေတော့သည်။ထိုအချိန်
မှသဘက်ကြီးမဲလုံးနဲ့ကတိကဝတ်အားသ
တိပြန်ရပြီးခြံပြင်သို့ကြည့်ကြည့်သော်,
ခြံဝ၌ရပ်၍သူ့အားစူးစိုက်စွာကြည့်နေသောသဘက်ကြီးမဲလုံး,
'လှမောင်'ရုတ်တရက်သွေးအန်သဖြင့်အ
ခြေအနေများရုန်းရင်းဆန်ခတ်ဖြစ်ကုန်ပြီး
စိတ်ပူနေကြသောလူအုပ်ကြီးအားအသာ
အယာလက်ကာပြကာ နှုတ်ခမ်းတွင်ပေ
နေသောသွေးစအချို့အားသုတ်၍,
"မိအေး,ငါ့သားလေးရော"
"အိမ်ပေါ်မှာအိပ်နေပြီ ကိုလှမောင်,တော်
သွားရတော့မှာမလားဟင်"
မနက်ကမှအကြောင်းစုံကိုမိန်းမဖြစ်သူအားဖွင့်ပြောခဲ့သဖြင့်သိနေခြင်းပင်,မျက်
ရည်များဝိုင်း၍စိုးရိမ်တကြီးဖြင့်သူ့အားကြည့်နေရှာသောမိန်းမဖြစ်သူအားပြုံးပြရင်း
အိမ်ပေါ်သို့တက်ကာဘာကိုမျှမသိပဲနှစ်
ခြိုက်စွာအိပ်မောကျနေသောရင်နင့်အောင်
ချစ်ရသည့်သားလေးနီတွတ်၏မျက်နှာတစ်ပြင်လုံးအားနေရာလပ်မကျန်နမ်းရှုံ့နေ
တော့သည်။ရွာသားများမှာတော့ယခုချိန်
ထိဘာကိုမျှမသိကြသေးပေ,ခြံထဲမှနေ၍
'လှမောင်'ကိုသာအထူးအဆန်းသဖွယ်
ကြည့်နေကာ'လှမောင်'၏ဇနီး'မိအေး'မှာ
လဲ လူအုပ်ထဲမှနေ၍ယောက်ျားဖြစ်သူနဲ့
သားအားကြည့်ရင်းငိုချင်သည့်စိတ်အားကြိုးစားထိန်းကာ'တရှုံ့ရှုံ့'ဖြင့်ပင်,
မျက်ရည်မကျအောင်ထိန်းထားသည့်ကြား
မှသားလေးနီတွတ်အားချစ်မဝ,စိုက်ကြည့်
ရင်းသားလေး၏ပါးပေါ်သို့သူ့မျက်ရည်စက်များ'တပေါက်ပေါက်'နဲ့ကျဆင်းနေသ
ဖြင့်နောက်ဆုံးနှုတ်ဆက်သည့်အနေနဲ့သားလေး၏နဖူးအားတစ်ချက်မျှနမ်းရှိုက်
ပြီးမျက်ရည်များသုတ်ကာအိမ်ပြင်သို့ပြေး
ထွက်သွားလေတော့သည်။အကြောင်းစုံ
ဖွင့်ပြောရင်းနဲ့တစ်ဆက်တည်းဆိုသလိုမှာ
စရာရှိသည်များအားမိန်းမဖြစ်သူကိုမှာခဲ့ပြီး
ဖြစ်၍နောက်ဆံတင်းစရာလဲမရှိတော့ချေ,
ခြံစည်းရိုးအားကျော်လိုက်သည်နဲ့အရုပ်
ကြိုးပျက်လဲကျကာဝိဥာဉ်မဲ့သွားသော'လှ
မောင်'အားကြည့်ရင်း,,,,
"ကိုလှမောင်,,,,,,,,,,,,"
မိအေးတွင်ဆက်၍တောင့်ခံရန်အင်အားမ
ရှိတော့,ထိန်းထားရန်လဲမတတ်နိုင်တော့
ချေ,လဲကျသွားသောခင်ပွန်းသည်ရှိရာပြေးသွားကာအသက်မဲ့သွားသောခန္ဓာကိုယ်အားပွေ့ဖက်ရင်းချုံးပွဲချငိုလေတော့သည်။
မြောက်နေ့သို့ရောက်လာကာမနက်ဖြန်လဲ
ရှင်လောင်းလှည့်မည်ဖြစ်သဖြင့်ညည့်နက်
သည်တိုင်အောင်အလုပ်များရှုပ်နေကာ
အချိန်ကိုပင်မေ့သွားတော့သည်။
ထိုအခိုက် ရွာထဲရှိခွေးများမှာရွာဝင်လမ်း
တစ်လျှောက်အူနေကြကာ'လှမောင်'တို့
အိမ်နားတစ်ဝိုက်တွင်လည်းခွေးအူသံခွေး
ဟောင်သံများဖြင့်ပွက်လောရိုက်နေလေ
တော့သည်။ခြံထဲသို့လေပြင်းတစ်ချက်ဝင်
မွှေ့သွားသဖြင့်ကသောင်းကနင်းဖြစ်ကုန်
ကာ'လှမောင်'တစ်ယောက်လဲထူးဆန်း
စွာသွေးများအန်လေတော့သည်။ထိုအချိန်
မှသဘက်ကြီးမဲလုံးနဲ့ကတိကဝတ်အားသ
တိပြန်ရပြီးခြံပြင်သို့ကြည့်ကြည့်သော်,
ခြံဝ၌ရပ်၍သူ့အားစူးစိုက်စွာကြည့်နေသောသဘက်ကြီးမဲလုံး,
'လှမောင်'ရုတ်တရက်သွေးအန်သဖြင့်အ
ခြေအနေများရုန်းရင်းဆန်ခတ်ဖြစ်ကုန်ပြီး
စိတ်ပူနေကြသောလူအုပ်ကြီးအားအသာ
အယာလက်ကာပြကာ နှုတ်ခမ်းတွင်ပေ
နေသောသွေးစအချို့အားသုတ်၍,
"မိအေး,ငါ့သားလေးရော"
"အိမ်ပေါ်မှာအိပ်နေပြီ ကိုလှမောင်,တော်
သွားရတော့မှာမလားဟင်"
မနက်ကမှအကြောင်းစုံကိုမိန်းမဖြစ်သူအားဖွင့်ပြောခဲ့သဖြင့်သိနေခြင်းပင်,မျက်
ရည်များဝိုင်း၍စိုးရိမ်တကြီးဖြင့်သူ့အားကြည့်နေရှာသောမိန်းမဖြစ်သူအားပြုံးပြရင်း
အိမ်ပေါ်သို့တက်ကာဘာကိုမျှမသိပဲနှစ်
ခြိုက်စွာအိပ်မောကျနေသောရင်နင့်အောင်
ချစ်ရသည့်သားလေးနီတွတ်၏မျက်နှာတစ်ပြင်လုံးအားနေရာလပ်မကျန်နမ်းရှုံ့နေ
တော့သည်။ရွာသားများမှာတော့ယခုချိန်
ထိဘာကိုမျှမသိကြသေးပေ,ခြံထဲမှနေ၍
'လှမောင်'ကိုသာအထူးအဆန်းသဖွယ်
ကြည့်နေကာ'လှမောင်'၏ဇနီး'မိအေး'မှာ
လဲ လူအုပ်ထဲမှနေ၍ယောက်ျားဖြစ်သူနဲ့
သားအားကြည့်ရင်းငိုချင်သည့်စိတ်အားကြိုးစားထိန်းကာ'တရှုံ့ရှုံ့'ဖြင့်ပင်,
မျက်ရည်မကျအောင်ထိန်းထားသည့်ကြား
မှသားလေးနီတွတ်အားချစ်မဝ,စိုက်ကြည့်
ရင်းသားလေး၏ပါးပေါ်သို့သူ့မျက်ရည်စက်များ'တပေါက်ပေါက်'နဲ့ကျဆင်းနေသ
ဖြင့်နောက်ဆုံးနှုတ်ဆက်သည့်အနေနဲ့သားလေး၏နဖူးအားတစ်ချက်မျှနမ်းရှိုက်
ပြီးမျက်ရည်များသုတ်ကာအိမ်ပြင်သို့ပြေး
ထွက်သွားလေတော့သည်။အကြောင်းစုံ
ဖွင့်ပြောရင်းနဲ့တစ်ဆက်တည်းဆိုသလိုမှာ
စရာရှိသည်များအားမိန်းမဖြစ်သူကိုမှာခဲ့ပြီး
ဖြစ်၍နောက်ဆံတင်းစရာလဲမရှိတော့ချေ,
ခြံစည်းရိုးအားကျော်လိုက်သည်နဲ့အရုပ်
ကြိုးပျက်လဲကျကာဝိဥာဉ်မဲ့သွားသော'လှ
မောင်'အားကြည့်ရင်း,,,,
"ကိုလှမောင်,,,,,,,,,,,,"
မိအေးတွင်ဆက်၍တောင့်ခံရန်အင်အားမ
ရှိတော့,ထိန်းထားရန်လဲမတတ်နိုင်တော့
ချေ,လဲကျသွားသောခင်ပွန်းသည်ရှိရာပြေးသွားကာအသက်မဲ့သွားသောခန္ဓာကိုယ်အားပွေ့ဖက်ရင်းချုံးပွဲချငိုလေတော့သည်။
ငိုနေရင်းဖြင့်စိတ်ပူစွာဝိုင်းအုံလာသောရွာ
သားများအားအကြောင်းစုံရှင်းပြနေသော
မိအေး ၏အဖြစ်အားကြည့်ရင်းကြားရသူ
အားလုံးလဲမျက်ရည်ကြည်များစို့လျှက်,
စုပ်တသပ်သပ်နဲ့ပင်,အချို့မှာလဲသနားလွန်းသဖြင့်မျက်ရည်များပင်မထိန်းနိုင်တော့,
မိအေးအားပွေ့ဖက်နှစ်သိမ့်ရင်းငိုနေကြ
ပေတော့သည်။
သားများအားအကြောင်းစုံရှင်းပြနေသော
မိအေး ၏အဖြစ်အားကြည့်ရင်းကြားရသူ
အားလုံးလဲမျက်ရည်ကြည်များစို့လျှက်,
စုပ်တသပ်သပ်နဲ့ပင်,အချို့မှာလဲသနားလွန်းသဖြင့်မျက်ရည်များပင်မထိန်းနိုင်တော့,
မိအေးအားပွေ့ဖက်နှစ်သိမ့်ရင်းငိုနေကြ
ပေတော့သည်။
[4]
နောက်တစ်နေ့မနက်တွင်တော့ 'အသက်
တစ်ခုအရင်းပြု'ထားရသောရှင်ပြုပွဲတစ်ခု,
အကြောင်းစုံသိရှိသွားသောရွာသူရွာသား
များမှာ'လှမောင်'၏ဆန္ဒအားအစွမ်းကုန်
ဖြည့်ဆည်းပေးကြသဖြင့် လွန်စွာမှစည်
ကားသိုက်မြိုက်လေတော့သည်။
'မိအေး'မှာ သင်္ကန်းရွက်ကာသပိတ်ပါလွ
ယ်ထားပြီး အိုးစည်ဝိုင်းမှထွက်ပေါ်လာ
သောသီချင်းသံတစ်ခါကြားတိုင်းမျက်ရည်
တစ်ပေါက်ကျရသည့်အဖြစ်,
'သား အဖေကဘုန်းကြီးကျောင်းမှာကြို
စောင့်နေတယ်'ဟု လိမ်ထားသဖြင့်က
လေးပီပီအဟုတ်မှတ်,အယုံလွယ်ကာမြင်း
ပေါ်၌ခန့်ခန့်ကြီးစီးရင်းရှင်လောင်းဝတ်စုံ,
ပါးကွက်ကြားနှစ်ဖက်ဖြင့်အူမြူးနေသော
သားဖြစ်သူအားကြည့်၍လဲသတိမထားမိ
စေရန်ခိုးခိုးငိုရသည့်'မိအေး'ရင်ထဲတွင်
ပူဆွေးသောကများကြားမှထိုမျက်နှာလေး
မြင်တိုင်းပီတိပြန်လည်ဝေမိတော့သည်။
တဖြည်းဖြည်းကျောင်းသို့ရောက်လာကာ,
ဆံချရန်အချိန်သို့ရောက်မှပြဿ နာကစ,
လေတော့သည်။မထင်မှတ်ထားသည်များ
ဆင့်ကာဆင့်ကာကြုံတွေ့ခဲ့ရသဖြင့်စီစဉ်စ
ရာများအားတတ်နိုင်သလောက်စီစဉ်ထား
ရင်းနဲ့ထိုအရာအားမေ့လျော့သွားမိခြင်းပင်
"မေကြီး,ဖေကြီးကကြိုစောင့်နေတယ်ဆို,
သားကိုဆံရိတ်တော့မယ်လေ,ဖေကြီးက
ဘယ်သွားနေလို့လဲ"
သားဖြစ်သူအားကြည့်လိုက်,လက်ထဲက
ဆံချရာတွင်သုံးမည့်ပိတ်ဖြူအားကြည့်လိုက်နှင့်'မိအေး'တစ်ယောက်မျက်ရည်များ
အဆက်မပြတ်စီးကျလာပေတော့သည်။
ထိုအချိန်မှာပင် ရပ်ကြည့်နေသောရွာသား
များထဲမှတစ်ဦးမှာနတ်ပူးသလိုတဆတ်
ဆတ်တုန်လာပြီးမျက်ဖြူများလန်ကာလဲကျ
သွားလေတော့သည်။ခဏအကြာဆံချရန်
အသင့်စောင့်နေသောဘုန်းကြီး၏ရှေ့သို့
သွား၍ကျုံ့ကျုံ့လေးလက်အုပ်ချီထိုင်ချကာ
ငိုလေတော့သည်။ခဏမျှအားရအောင်ငို
ပြီးသော်,
"အရှင်ဘုရား,တပည့်တော်လှမောင်ပါဘု
ရား,သားလေးကိုဆံချတဲ့အခါတပည့်
တော်ကိုပါဝင်ခွင့်ပေးပါဘုရား,ဒီအချိန်ကို
တပည့်တော်စောင့်နေရတာပါ ဘုရား,
သားလေးဆံချပြီးတာနဲ့ တပည့်တော်
စောင့်ပေးရမဲ့နေရာကိုသွားရတော့မှာပါ
ဘုရား,ဒီရွာနဲ့တော်တော်ဝေးပြီး မြန်မာ
ပြည်အထက်ပိုင်းတောအုပ်တစ်ခုထဲက
သင်္ချိုင်းပျက်တစ်ခုကိုပါဘုရား,တပည့်
တော်ကိုသနားသဖြင့်ဒီအခွင့်အရေးလေး
နောက်ဆုံးအနေနဲ့ပေးပါဘုရား,အီ:ဟီ::"
"ကောင်းပြီ ဒကာကြီး,ဘုန်းဘုန်းခွင့်ပြု
တယ်,ကဲ ကဲ စကြရအောင်"
ထို့နောက်ပိတ်စအားတစ်ဖက်စီကိုင်ရင်း
ဆံချခံနေသောသားလေးအားကြည့်ကာ
ငိုနေသောမျက်ဝန်းများကြားမှပီတိအပြုံး
တစ်ခု,
ရိတ်သင်လိုက်သဖြင့်ပိတ်စဖြူပေါ်'တဖြုတ်
ဖြုတ်'ကျရောက်လာသောဆံစများနဲ့အပြိုင်
'လှမောင်'နဲ့'မိအေး'တို့နှစ်ယောက်၏မျက်ရည်များမှာလဲပိတ်ဖြူပေါ်သို့တစ်စက်ပြီး
တစ်စက်ဖြင့်ပင်,,,
ပြီးနောက်တွင်,
"သား,ဖေကြီး သားကိုသင်္ကန်းဝတ်နဲ့ကြ
ည့်လို့မရတော့ဘူး,ဖေကြီး ကိုခေါ်နေကြ
ပြီ,ဖေကြီး သွားရတော့မယ်,လိမ်လိမ်မာ
မာနေခဲ့နော်,မေကြီး ပြောတာတွေလဲ
နားထောင်"
အဆက်မပြတ်တရစပ်မှာနေသော်လည်း
သားဖြစ်သူမှာကလေးပီပီဖခင်မဟုတ်သောသူစိမ်းအားနားမလည်နိုင်စွာကြည့်နေ
ပေသည်။ထို့နောက်,
"မိအေး,ငါသွားရတော့မယ်,ငါ့သားလေး
ကိုငါ့အစားမင်းကပဲပိုပြီးစောင့်ရှောက်ပေ
ပါ,မင်းတို့သားအမိအေးအေးချမ်းချမ်းနေ
ရစ်တော့နော်"
မျက်ရည်များတွင်တွင်စီးကျလျှက်ဇနီးနဲ့သားအားအဆက်မပြတ်မှာနေရှာသော
သူစိမ်းယောက်ျားမျက်နှာအစားမိမိခင်ပွန်း
ဖြစ်သူ'လှမောင်'ကိုသာမြင်ယောင်ရင်းရင်
ထဲတွင်စို့နင့်တက်လာကာ,
"ကိုလှမောင်ရယ်,,,,,အီ::::::ဟီ::::::::"
ပြောပြီးသည်နဲ့ဝင်ပူးခံရသူလဲမေ့လဲကျသွားပြီးသတိပြန်ရသော်,ဝိုင်းကြည့်နေကြ
သူများအားနားမလည်စွာမျက်လုံးအပြူး
သားဖြင့်ပြန်လည်ကြည့်နေပေတော့သည်
တစ်ခုအရင်းပြု'ထားရသောရှင်ပြုပွဲတစ်ခု,
အကြောင်းစုံသိရှိသွားသောရွာသူရွာသား
များမှာ'လှမောင်'၏ဆန္ဒအားအစွမ်းကုန်
ဖြည့်ဆည်းပေးကြသဖြင့် လွန်စွာမှစည်
ကားသိုက်မြိုက်လေတော့သည်။
'မိအေး'မှာ သင်္ကန်းရွက်ကာသပိတ်ပါလွ
ယ်ထားပြီး အိုးစည်ဝိုင်းမှထွက်ပေါ်လာ
သောသီချင်းသံတစ်ခါကြားတိုင်းမျက်ရည်
တစ်ပေါက်ကျရသည့်အဖြစ်,
'သား အဖေကဘုန်းကြီးကျောင်းမှာကြို
စောင့်နေတယ်'ဟု လိမ်ထားသဖြင့်က
လေးပီပီအဟုတ်မှတ်,အယုံလွယ်ကာမြင်း
ပေါ်၌ခန့်ခန့်ကြီးစီးရင်းရှင်လောင်းဝတ်စုံ,
ပါးကွက်ကြားနှစ်ဖက်ဖြင့်အူမြူးနေသော
သားဖြစ်သူအားကြည့်၍လဲသတိမထားမိ
စေရန်ခိုးခိုးငိုရသည့်'မိအေး'ရင်ထဲတွင်
ပူဆွေးသောကများကြားမှထိုမျက်နှာလေး
မြင်တိုင်းပီတိပြန်လည်ဝေမိတော့သည်။
တဖြည်းဖြည်းကျောင်းသို့ရောက်လာကာ,
ဆံချရန်အချိန်သို့ရောက်မှပြဿ နာကစ,
လေတော့သည်။မထင်မှတ်ထားသည်များ
ဆင့်ကာဆင့်ကာကြုံတွေ့ခဲ့ရသဖြင့်စီစဉ်စ
ရာများအားတတ်နိုင်သလောက်စီစဉ်ထား
ရင်းနဲ့ထိုအရာအားမေ့လျော့သွားမိခြင်းပင်
"မေကြီး,ဖေကြီးကကြိုစောင့်နေတယ်ဆို,
သားကိုဆံရိတ်တော့မယ်လေ,ဖေကြီးက
ဘယ်သွားနေလို့လဲ"
သားဖြစ်သူအားကြည့်လိုက်,လက်ထဲက
ဆံချရာတွင်သုံးမည့်ပိတ်ဖြူအားကြည့်လိုက်နှင့်'မိအေး'တစ်ယောက်မျက်ရည်များ
အဆက်မပြတ်စီးကျလာပေတော့သည်။
ထိုအချိန်မှာပင် ရပ်ကြည့်နေသောရွာသား
များထဲမှတစ်ဦးမှာနတ်ပူးသလိုတဆတ်
ဆတ်တုန်လာပြီးမျက်ဖြူများလန်ကာလဲကျ
သွားလေတော့သည်။ခဏအကြာဆံချရန်
အသင့်စောင့်နေသောဘုန်းကြီး၏ရှေ့သို့
သွား၍ကျုံ့ကျုံ့လေးလက်အုပ်ချီထိုင်ချကာ
ငိုလေတော့သည်။ခဏမျှအားရအောင်ငို
ပြီးသော်,
"အရှင်ဘုရား,တပည့်တော်လှမောင်ပါဘု
ရား,သားလေးကိုဆံချတဲ့အခါတပည့်
တော်ကိုပါဝင်ခွင့်ပေးပါဘုရား,ဒီအချိန်ကို
တပည့်တော်စောင့်နေရတာပါ ဘုရား,
သားလေးဆံချပြီးတာနဲ့ တပည့်တော်
စောင့်ပေးရမဲ့နေရာကိုသွားရတော့မှာပါ
ဘုရား,ဒီရွာနဲ့တော်တော်ဝေးပြီး မြန်မာ
ပြည်အထက်ပိုင်းတောအုပ်တစ်ခုထဲက
သင်္ချိုင်းပျက်တစ်ခုကိုပါဘုရား,တပည့်
တော်ကိုသနားသဖြင့်ဒီအခွင့်အရေးလေး
နောက်ဆုံးအနေနဲ့ပေးပါဘုရား,အီ:ဟီ::"
"ကောင်းပြီ ဒကာကြီး,ဘုန်းဘုန်းခွင့်ပြု
တယ်,ကဲ ကဲ စကြရအောင်"
ထို့နောက်ပိတ်စအားတစ်ဖက်စီကိုင်ရင်း
ဆံချခံနေသောသားလေးအားကြည့်ကာ
ငိုနေသောမျက်ဝန်းများကြားမှပီတိအပြုံး
တစ်ခု,
ရိတ်သင်လိုက်သဖြင့်ပိတ်စဖြူပေါ်'တဖြုတ်
ဖြုတ်'ကျရောက်လာသောဆံစများနဲ့အပြိုင်
'လှမောင်'နဲ့'မိအေး'တို့နှစ်ယောက်၏မျက်ရည်များမှာလဲပိတ်ဖြူပေါ်သို့တစ်စက်ပြီး
တစ်စက်ဖြင့်ပင်,,,
ပြီးနောက်တွင်,
"သား,ဖေကြီး သားကိုသင်္ကန်းဝတ်နဲ့ကြ
ည့်လို့မရတော့ဘူး,ဖေကြီး ကိုခေါ်နေကြ
ပြီ,ဖေကြီး သွားရတော့မယ်,လိမ်လိမ်မာ
မာနေခဲ့နော်,မေကြီး ပြောတာတွေလဲ
နားထောင်"
အဆက်မပြတ်တရစပ်မှာနေသော်လည်း
သားဖြစ်သူမှာကလေးပီပီဖခင်မဟုတ်သောသူစိမ်းအားနားမလည်နိုင်စွာကြည့်နေ
ပေသည်။ထို့နောက်,
"မိအေး,ငါသွားရတော့မယ်,ငါ့သားလေး
ကိုငါ့အစားမင်းကပဲပိုပြီးစောင့်ရှောက်ပေ
ပါ,မင်းတို့သားအမိအေးအေးချမ်းချမ်းနေ
ရစ်တော့နော်"
မျက်ရည်များတွင်တွင်စီးကျလျှက်ဇနီးနဲ့သားအားအဆက်မပြတ်မှာနေရှာသော
သူစိမ်းယောက်ျားမျက်နှာအစားမိမိခင်ပွန်း
ဖြစ်သူ'လှမောင်'ကိုသာမြင်ယောင်ရင်းရင်
ထဲတွင်စို့နင့်တက်လာကာ,
"ကိုလှမောင်ရယ်,,,,,အီ::::::ဟီ::::::::"
ပြောပြီးသည်နဲ့ဝင်ပူးခံရသူလဲမေ့လဲကျသွားပြီးသတိပြန်ရသော်,ဝိုင်းကြည့်နေကြ
သူများအားနားမလည်စွာမျက်လုံးအပြူး
သားဖြင့်ပြန်လည်ကြည့်နေပေတော့သည်
"တုံ တုံ တုံ တုံ"
ခဏအကြာအုန်းမောင်းခေါက်သံနဲ့အတူကျောင်းထဲမှသင်္ကန်းဝတ်ဖြင့်ထွက်လာ
သောသားဖြစ်သူနီတွတ်အားသာမဏေငယ်အဖြစ်မြင်လိုက်သည်နဲ့တိမ်းပါးသွားပြီ
ဖြစ်သောခင်ပွန်း'ကိုလှမောင်'အားမြင်
ယောင်မိကာ,
သောသားဖြစ်သူနီတွတ်အားသာမဏေငယ်အဖြစ်မြင်လိုက်သည်နဲ့တိမ်းပါးသွားပြီ
ဖြစ်သောခင်ပွန်း'ကိုလှမောင်'အားမြင်
ယောင်မိကာ,
"ကိုလှမောင်,ရှင့်သားလေးသူအရမ်းဖြစ်
ချင်နေတဲ့ကိုရင်ဘဝကိုရပြီတော့,ရှင်လဲ
အဲ့ဒီမြင်ကွင်းကိုအရမ်းမြင်ချင်လှချည်ရဲ့
ဆို,လာကြည့်စမ်းပါဦးတော်,,,ရှင့်သားက
သင်္ကန်းဝတ်ထားတော့ထွားလာပြီးပုံစံ
တွေပါပြောင်းပြီးမြင်ရတာပီတိဖြစ်လိုက်
တာတော်,လာကြည့်ပါဦး ကိုလှမောင်
ရယ်,,,,,,,,,,,,,,,,,"
ချင်နေတဲ့ကိုရင်ဘဝကိုရပြီတော့,ရှင်လဲ
အဲ့ဒီမြင်ကွင်းကိုအရမ်းမြင်ချင်လှချည်ရဲ့
ဆို,လာကြည့်စမ်းပါဦးတော်,,,ရှင့်သားက
သင်္ကန်းဝတ်ထားတော့ထွားလာပြီးပုံစံ
တွေပါပြောင်းပြီးမြင်ရတာပီတိဖြစ်လိုက်
တာတော်,လာကြည့်ပါဦး ကိုလှမောင်
ရယ်,,,,,,,,,,,,,,,,,"
ဟုမျက်ရည်များဝိုင်းကာရင်ထဲတွင်လဲကြည်နူးတစ်ဝက်ကြေကွဲတစ်ဝက်ဖြင့်ခင်ပွန်း
ဖြစ်သူအားစိတ်ထဲမှရေရွတ်နေရင်း,,,,,,,,
ဖြစ်သူအားစိတ်ထဲမှရေရွတ်နေရင်း,,,,,,,,
#Harley
The End။ ။3:00pm(14/7/2016)
Thanks a lot for reading!
The End။ ။3:00pm(14/7/2016)
Thanks a lot for reading!
0 comments: