ရက်မှနှစ်သို့ ရာသီအလီလီ ကူးပြောင်းသွားသော်လည်း မေ့မရနိုင်
သည့်အဖြစ်ကို ... အကြောင်းတိုက်ဆိုင်တိုင်း ကိုသောင်းစိန်
တစ်ယောက် ပြန်လည်ကာ တွေးတွေးနေမိသည်...

မိမိဘ၀တွင် ထိုကဲ့သို့ သွေးပျက်ဖွယ်ကောင်းသောအချိန်တစ်ခုအား
မေ့ပစ်ဖို့ရန်မလွယ်ကူရသောအကြောင်းအရင်းကလည်းရှိခဲ့လေ
သည်......
'''' ဟူးးး..... ''''
သက်ပြင်းလေးအသာချလိုက်ကာ... မီးညှိထားသောစီးကရက်ကို
တစ်ရှိုက်ဖွာလိုက်လေသည်...

'''' ကိုသောင်းစိန်... ရှင့်မလဲ နေ့နေ့ည... ငူငူငိုင်ငိုင်နဲ့...သားကျွေးမှု..
မယားကျွေးမှုရှိသေးတယ်ဆိုတာလည်း.. မေ့နေဦးမယ်...
ကားမဆွဲတော့ဘူးဆိုပြီး ... တခြားအလုပ်လေးများ လုပ်မလား...
အောက်မေ့တယ်... ခုတော့... ကျုပ်ကချည်းရှာကျွေးနေရတာ...
တော်မရှက်ဘူးလား... ''''
မနှင်းအေး၏ မြည်တွန်တောက်တီးသံက ပျံ့ လွှင့်၍သာလာသော်
လည်း ကိုသောင်းစိန်မှာမူ တုံဏိဘာဝေ ငိုင်နေဆဲ....
'''' ပြောလည်းကျွဲပါးစောင်းတီးပါပဲတော်... ကဲ..ကဲ..
ကျုပ် အလုပ်သွားတော့မယ်... ထမင်းအိုးတည်ထား... ပြန်လာမှ
ဈေးဝယ်ပြန်ခဲ့မယ်... ''''
မနက်ခင်းတိုင်းရေရွတ်သံသည် ကိုသောင်းစိန်နားထဲတွင် ရိုးအီနေချေပြီ...
မနှင်းအေး မည်မျှပင် ပြောဆိုဆက်ဆံပါစေ..
ကိုသောင်းစိန်မှာမူ... အင်းမလုပ်...အဲမလုပ်... ငုတ်တုတ်ထိုင်နေ
ဆဲ...ထိုင်နေမြဲက နေ့စဉ်ပင်...

ယခင်ကဆိုလျှင် ကိုသောင်းစိန်ကို ဇနီးဖြစ်သူ မနှင်းအေးက အလွန်
ပင် ကြောက်ရရှာလေသည်...ကိုသောင်းစိန်ဟုဆိုလျှင် ကားသမား
လောကတွင် မသိသူကခပ်ရှားရှားပင်...
စကားပြတ်ပြတ်ပြောတတ်သူ... လူ့ခွစာတစ်ယောက်ဖြစ်သော်
လည်း... အပေါင်းအသင်းဆိုလျှင် အလွန်ခင်မင်သူမို့ ကိုသောင်းစိန်
အား ချစ်ခင်ကြသောသူများရှိသကဲ့သို့... လက်ရုံးအားကိုးပြီး
မိန်းမအပေါ်တွင် နှိပ်စက်တတ်သူဟူ၍ ပြောစမှတ်ပြုခြင်းခံရသူလည်း
ဖြစ်ပေသည်...

သို့သော် ကိုသောင်းစိန် မည်မျှဆိုးဆိုး မနှင်းအေးသည် မေတ္တာ မပြယ် .... ကိုသောင်းစိန်အလုပ်မှ ပြန်လာပြီဆိုလျှင်... ပျာပျာသလဲ... ဆီးကြို ရှာသည်...
ကိုသောင်းစိန် စိတ်ကြည်လျှင် အကြောင်းမဟုတ်သော်လည်း....
စိတ်မကြည်သောနေ့မျိုးတွင် မနှင်းအေးမှာ နေစရာမရှိအောင် အဆူ
အဆဲခံရ... ရိုက်နှက်ခြင်းခံရ တော့သည်...

လင်ဆိုးမယား တဖားဖား ဟုဆိုရမလိုအောင်ပင် မနှင်းအေးမှာ
လိုက်ဖက်လွန်းလှသည်...
ယခုအခါ မနှင်းအေးမှာ အရပ်တကာလှည့်၍ အ၀တ်လျှော်ပြီး
အိမ်၏ စားဝတ်နေရေးကို ထမ်းနေရပြန်ချေပြီ....
ထိုကဲ့သို့ အခြေအနေမျိုးမှ ပြောင်းပြန်ဖြစ်နေသော ယခုလိုအခြေအနေမျိုး ကို သိကျွမ်းထားသူများက အံ့သြဘနန်းဖြစ်ကုန်ကြချေသည်..

ကိုသောင်းစိန်သည် ငယ်စဉ်ကတည်းက ကားမောင်းကျွမ်းကျင်
သောသူဖြစ်၍ မနှင်းအေးနှင့် အိမ်ထောင်ကျပြီး သားတစ်ယောက်
ရရှိချိန်တွင် ဟိုင်းဝေးကားကိုမောင်းနှင်ခွင့် ရခဲ့လေသည်...

လမ်းကြောင်းကျွမ်းကျင်ခြင်း ကားမောင်းကျွမ်းကျင်ခြင်းတို့ကြောင့် ကိုသောင်းစိန်သည် ကားဆရာတစ်ယောက်အဖြစ် နာမည်ရလာခဲ့
တော့သည်...
တော့သည်...
ကိုသောင်းစိန်မောင်းသောကားမှာ ညနေ လေးနာရီခွဲ တွင် ကား
စထွက်ပြီး ... မနက် သုံးနာရီတွင် ( ..... မြို့  ) သို့ဆိုက်ရောက်ရ
သည်...ထိုမြို့ တွင်ပင် တစ်ညအိပ်ကာ နောက်ရက်ညနေလေးနာရီခွဲ
ကားကို ပြန်လည် မောင်းပြန်ရလေသည်...ဂိတ်ပိုင်ရှင်က ကိုသောင်း
စိန်၏ ရိုးသားမှု လူရင်းတစ်ယောက်ဖြစ်မှုတို့ကြောင့် အခြားသူများ
နှင့်မတူ အခွင့်အရေးပေးထားလေသည်.... ထိုဂိတ်တွင်ပင် ကျောချ
စရာအခန်းကျဉ်းတစ်ခန်းဖွဲ့၍ ကိုသောင်းစိန်လာလျှင် နားရန်ထား
ပေးထားသည်... ထို့ကြောင့် ကျန်ကားဆရာများက ကိုသောင်းစိန်
အား အနည်းငယ် မနာလို မရှုစိမ့်ကြပေ....

တစ်ရက်တွင် ကားဂိတ်သို့ ကားဆိုက်ရောက်ပြီး မကြာခင်မှာပင်
နောက်ထပ်ဝင်လာသည့် အခြားကားဂိတ်မှ Express ကား
သည် မထိန်းနိုင်ဘဲ ကိုသောင်းစိန်တို့ ဂိတ်အားဝင်တိုက်မိတော့
သည်...ကံကောင်းထောက်မစွာ လူတစ်ဦးတစ်လေမှ မထိခိုက်
မိချေ...သို့သော် ကားဂိတ်အတွင်းတွင် ပျက်စီးသွား၍ ယခင်က
ကိုသောင်းစိန် ခဏတာ အိပ်စက်သောနေရာလည်း ဂိတ်အတွင်းမှ
ပစ္စည်းများ ယာယီခဏတာ စုပုံထားရသော အဖြစ်သို့...
ရောက်ရှိသွားတော့သည်..

ထိုကိစ္စအား ဂိတ်မှူးအချင်းချင်း နားလည်စွာဖြေရှင်း၍ ပြဿ
နာပြီးဆုံးသွားသော်လည်း ကားဂိတ်သည် ပြန်လည်ပြင်ဆင်ရမည်
ဖြစ်သဖြင့် ခါတိုင်းကဲ့သို့ ဂိတ်တွင် ကိုသောင်းစိန် အိပ်မရတော့ပေ... ကိုသောင်းစိန်လည်း အသိကားသမား များညွှန်ပေးသော
တည်းခိုခန်းသို့ သွားတည်းရန် အစပြု လာတော့သည်...

ဂိတ်မှူး ထံမှ ဆိုင်ကယ်ငှါးကာ ထိုတည်းခိုခန်းသို့ ဦးတည်လိုက်
လေသည်... မနက်သုံးနာရီခွဲ ကျော်ခါစ... အလင်းရောင်ပင်
မမြင်ရသေးသောအချိန်တွင်... တစ်ယောက်တည်းဆိုင်ကယ်
မောင်းနှင်လာခဲ့သည်... တစ်လမ်းလုံးပင်ပန်းထားသဖြင့်
မျက်လုံးကို ဇွတ်အတင်းပြူးထားရသော်လည်း သတိမလွတ်စေ
ရန် ဂရုစိုက်ကာ မောင်းနှင်နေရသည်...

သစ်ပင်များ အုံ့ ဆိုင်းဆိုင်းနှင့် နေရာတစ်ခုအရောက်တွင်...
''' ၀ုန်း... '''
''' ဟ... သွားပါပြီကွာ... '''
ကိုသောင်းစိန်၏ ဆိုင်ကယ်တည့်တည့်ကို တစ်စုံတစ်ဦးက သစ်ပင်
ကွယ်ရာမှပြေးထွက်လာဟန်ရှိသဖြင့် ၀င်တိုက်မိခြင်းပင်...
အသံသည် ကျယ်လောင်လွန်းသော်လည်း ကိုသောင်းစိန်၏ဆိုင်
ကယ်မှာမူ ယိမ်းယိုင်သွားသည် ဆိုရုံမျှသာ...
ဆိုင်ကယ်မီးရောင်ဖြင့် ကြည့်လိုက်ရာ မိန်းကလေးတစ်ယောက် လဲကျနေသည်ကိုတွေ့လိုက်ရတော့သည်...
ကိုသောင်းစိန်လည်း ထိတ်လန့်သွားပြီး ဆိုင်ကယ်ပေါ်မှ အမြန်ဆင်း
ကာ...
''' ညီမလေး.... ဟေ့ ညီမ... ဘာဖြစ်သွားသေးလဲ... '''
ထိုအခါ လဲကျနေသူ မိန်းကလေးသည် ညည်းတွားလာသံကိုကြားရ

''' အာားးး...လားး...လားး..ညီမခြေထောက်ခေါက်သွားတယ်...
အစ်ကို ... ညာဖက်လက်လည်း လှုပ်မရတော့ဘူး... '''

''' ဟာ ... ဒုက္ခပါပဲညီမရေ... ဆေးရုံသွားမလားအစ်ကိုလိုက်ပို့ပေး
ပါ့မယ်... '''
ပါ့မယ်... '''
စကားသာပြောနေရသည် ထိုမိန်းကလေး၏ မျက်နှာကို ယခုထိ
မတွေ့မြင်ရသေးပေ...ခေါင်းငုံ့ ထားသဖြင့် မျက်နှာပေါ်သို့ ဆံနွယ်
များက ဖုံးအုပ်ကာနေသည်...

''' နေပါစေအစ်ကို... ညီမကိုအိမ်ပဲ လိုက်ပို့ပေးပါလား... '''
ထိုမိန်းကလေးမှာ အသံကချိုလွင်လွင်... လူပြတ်သောနေရာဖြစ်၍
မိန်းကလေးတစ်ယောက်တည်း မတင့်တယ်ဟု ကိုသောင်းစိန် တွေး
မိနေပြန်သည်...

''' ကဲ... အစ်ကို ကူပေးမယ်... ဖြည်းဖြည်းချင်း ထရပ်နော် ညီမ... '''
''' ဟုတ်.. အစ်ကို... '''
ကိုသောင်းစိန်လည်း ဖြည်းဖြည်းချင်း တွဲကာ ထူပေးရင်း မတ်တပ်
ရပ်နိုင်သောအခါမှ ထိုမိန်းကလေး၏ သွင်ပြင်ကို မြင်ရတော့သည်...
မိန်းကလေးမှာ အသားဝါညက်ညက်... မျက်နှာဝိုင်းဝိုင်းနှင့် ဆံကေ
သာကလည်း ခါးလယ်လောက်ထိရှည်လျားကာ ..ကျစ်လျစ်သွယ်
လျ စွာ လှပလွန်းနေသည်...
အသက် ( ၂၅ )၀န်းကျင်ခန့်သာ ရှိဦးမည့် ထိုမိန်းကလေးကို...
ယခုလို အချိန်တွင် လမ်းပေါ်၌တစ်ယောက်တည်းအဖော်မပါဖြစ်နေ
ခြင်းက ထူးဆန်း၍ နေသည်...
ပရလောကသားများလားဟု သံသယ၀င်မိသော်လည်း လဲထူရန်
ကူစဉ်မှာပင် နွေးထွေးသောအပြုံး ကြောင့် သံသယသည်
ပျောက်ကွယ်၍ သွားခဲ့ပြန်သည်...

ရုတ်တရက် ကိုသောင်းစိန်သည် ရင်ဖိုသလိုလိုပင် ဖြစ်ပေါ်
လာတော့သည်... လူသူဟူ၍ မတွေ့ရသောအချိန် ... အမှောင်ယံ
မကုန်ဆုံးသေးသောအချိန်တွင် ယခုကဲ့သို့ မိန်းမချောမျိုးနှင့် နှစ်
ယောက်တည်း ရှိနေသည်မှာ ရုပ်ရှင်ဇာတ်လမ်းကဲ့သို့ပင် မှတ်ထင်
ချင်စရာ....

မည်သည့်အကြောင်းရင်းကြောင့် တစ်ယောက်တည်းဖြစ်နေသည်
ကို စဉ်းစားကြည့်ရင်း စကားစမြည်မေးမြန်းကြည့်တော့သည်....

'''' ညီမရယ်... ဒီလိုအချိန် ဘာလို့တစ်ယောက်တည်း အပြင်ထွက်
တာလဲ... လူရမ်းကားတွေနဲ့ တွေ့မှာ မကြောက်ဘူးလားဟင်... ''''
ကိုသောင်းစိန်၏ အမေးကို ဒဏ်ရာဖြင့် နာကျင်သည့်ကြားမှ
မျက်ဝန်းလဲ့လဲ့ဖြင့် ပြန်ကြည့်ရင်း ခေါင်းကိုသာ အသာအယာငုံ့
ပစ်လိုက်သော မိန်းကလေးကြောင့် ရင်မောသွားသလိုလို ...
ကိုသောင်းစိန်တစ်ယောက် ခံစားလိုက်ရတော့သည်...

'''' အရေးကြီးကိစ္စလေးရှိလို့ အရဲစွန့်ပြီး ထွက်လာတာပါအစ်ကို... ''''
ချိုလွင်လွင်အသံလေးဖြင့် မ၀ံ့မရဲဖြေသံကြောင့် ခေတ္တခဏ ဆွံ့အ
သွားသလိုလိုပင်.....
'''' ကဲ..ဟုတ်ပါပြီညီမရယ်...အခုတော်တော်နာသွားလား...
ဆေးရုံမသွားလို့ရတာသေချာလားညီမ... ''''
'''' ဟုတ်ကဲ့သေချာပါတယ်... တအားကြီးမဆိုးပါဘူး... ''''
'''' ဒါဆို ညီမအိမ်လိုက်ပို့ပေးမယ်... ဘယ်နေရာပို့ရမလဲ... ''''
'''' ဟိုဖက် တစ်လမ်းကျော်လေးရောက်ရင် ဘယ်ဖက်ကိုချိုးပြီး...
အထဲနဲနဲဝင်လိုက်ရင်ရောက်ပါပြီအစ်ကို.... ''''
'''' အော်... အေ..အေ... အစ်ကိုလိုက်ပို့ပေးမယ်... ဆိုင်ကယ်ပေါ်
တက်လို့ရလားညီမ... ''''
'''' ဟုတ်... ရပါတယ်... ''''

ခြေထောက်ထော့နဲ့ထော့နဲ့ဖြင့် ကြိုးစားကာ ဆိုင်ကယ်ပေါ်သို့
တက်ထိုင်၍ သူမ၏ အိမ်ကို လမ်းညွှန်ပြရင်း လိုက်ပါလာခဲ့တော့
သည်...

'''' အစ်ကိုကြောင့်ဖြစ်ရတာဆိုတော့... စိတ်လည်းမကောင်းဘူး...
အစ်ကို့ဖုန်းနံပါတ်ယူထားနော်... တစ်ခုခုဖြစ်တယ်ဆိုဖုန်းဆက်
လိုက်ပေါ့... ဆေးကုသစရိတ်ပေးပါ့မယ်ညီမ... ''''

'''' အစ်ကို့ကြောင့်လည်းမဟုတ်ပါဘူး...ညီမကလောကြီးပြီး လမ်း
ကူးလို့ပါအစ်ကိုရဲ့... ''''
ခဏတာ တွေ့ဆုံမှုတွင်ပင် တစ်ယောက်နှင့်တစ်ယောက်ရင်းနှီးကျွမ်း
ဝင်သွားခဲ့တော့သည်...

'''' ဒါနဲ့ အစ်ကိုက... ဘယ်ကိုသွားတာလဲ... ''''
'''' အော်... အစ်ကိုက တည်းခိုခန်းလိုက်ရှာနေတာ... တစ်မျိုးမထင်
နဲ့နော်... အစ်ကိုက ကားသမားလေ...ခုနမှကားဝင်လာတာ...
ဂိတ်မှာလည်းတည်းလို့မရတော့လို့... တည်းဖို့နားဖို့ပေါ့ညီမရာ...
မနက်ဖြန်ညကားပြန်မောင်းရဦးမှာဆိုတော့... အိပ်ရေးဝမှအဆင်
ပြေတယ်... ''''

'''' ဟုတ်ကဲ့... ဟိုလေ... တကယ်လို့ တည်းဖို့အဆင်မပြေရင် ညီမ
အိမ်မှာတစ်ညတော့တည်းလို့ရပါတယ်... ''''
'''' ဟာ... မလုပ်ပါနဲ့ညီမရာ...အားနာစရာကြီး... ''''
'''' အို...အစ်ကိုကလည်း... အားမနာပါနဲ့ ... အခုလိုအစ်ကို့လို
လူကောင်းတစ်ယောက်နဲ့တွေ့ရတာပဲ ကျေးဇူးတင်နေပါပြီ... ''''

ကိုသောင်းစိန်မှာ ကမ်းလှမ်းလာသည်ကို မငြင်းဆန်လိုသော်
လည်း ယခုမှတွေ့ဆုံဖူးသော မိန်းကလေးကိုအားနာသည်က
တစ်ကြောင်း... ထိုမိန်းကလေး၏ မိဘများကတစ်မျိုးတစ်မြည်
တွေးကာ စိတ်ပူပန်နေမည်စိုးသည်ကတစ်ကြောင်း... မိမိလို
အိမ်ထောင်သည်အတွက်မသင့်တော်ဟူ၍ တွက်ဆသည်ကတစ်
ကြောင်း... အကြောင်းကြောင်းကြောင့် ငြင်းဆန်လိုက်တော့
သည်....

'''' ဟိုရှေ့ နားကအိမ်ပဲအစ်ကို... ''''
ထိုမိန်းကလေး လက်ညိုးညွှန်ပြရာ တစ်ထပ်ပျဉ်ထောင်အိမ်လေး
ရှေ့ တွင် ဆိုင်ကယ်ရပ်လိုက်ပြီး...
'''' ကဲ... ညီမ... အိမ်ကလူတွေကိုခေါ်လိုက်လေ... အစ်ကိုလည်း
အကျိုးအကြောင်းရှင်းပြပေးရတာပေါ့... ''''
'''' အိမ်မှာညီမတစ်ယောက်တည်းနေတာ... အစ်ကိုလည်းအိမ်ထဲ
ဝင်လေ... ဒီတစ်ညတော့ တည်းသွားပါအစ်ကိုရဲ့... ဒီအချိန် တည်း
ခိုခန်းလည်းရှာရခက်လိမ့်မယ်... ''''
'''' ဟာ... မဟုတ်တာညီမရယ်...နေ... ''''
'''' ဘာမှမဖြစ်ဘူး...အစ်ကို့ကိုယုံတယ်...လာ...လာ.. အိမ်ထဲဝင်ပါ
အစ်ကိုရဲ့... ''''

မိန်းမချောလေးသည် ကိုသောင်းစိန်ကို ဖိတ်ခေါ်နေချေပြီ...
နဂိုကပင် ပင်ပန်းလွန်းသဖြင့် အနားယူချင်နေပြီဖြစ်သော...
ကိုသောင်းစိန်မှာ... ကြာကြာမငြင်းဆန်နိုင်တော့ပေ....

'''' ညီမ... အစ်ကို့ကိုတော့ယုံပါ...ညီမကို လက်ဖျားနဲ့တောင်...
မတို့မထိစေရပါဘူး.... ''''
ကိုသောင်းစိန်စကားကို သဘောကျသလို မိန်းကလေးက...
ရယ်သံသဲ့သဲ့ထွက်လာသည်...
'''' ဟုတ်ပါပြီ..အစ်ကိုရယ်... ကဲ အိမ်ထဲဝင်ပါရှင်.... ''''

ကိုသောင်းစိန်လည်း အိမ်ထဲသို့ ဆိုင်ကယ်သွင်းကာ... ထိုအိမ်၌
တစ်ညတာ တည်းခိုတော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်ပါတော့သည်...
အိမ်ထဲသို့ ၀င်လိုက်စဉ် ပုပ်အဲအဲ အနံ့ အသက်တစ်ခုကို ရလိုက်သော်
လည်း မကြာမှီပင် ထိုအနံ့ သည် ပျောက်ကွယ်၍ သွားတော့သည်...
ကိုသောင်းစိန်လည်း ထိုအနံ့ အကြောင်းကို တွေးမနေတော့ပဲ
ထိုမိန်းကလေးက အိမ်ရှေ့ ဧည့်ခန်းတွင် အိပ်ယာပြင်ဆင်ပေးနေ
သည်ကို ကြည့်ရင်း.....
'''' ဒါနဲ့ ညီမ နာမည်က ... ''''
'''' ဝေေ၀လွင် ပါအစ်ကို...''''
'''' အော်... အစ်ကို့နာမည်လည်းမှတ်ထားညီမ...
ကိုသောင်းစိန်တဲ့... ''''
'''' ဟုတ်ကဲ့... ''''
ဝေေ၀လွင် ဆိုသော မိန်းကလေးသည် ဖော်ရွေကာ သွက်လက်ပုံရ
လေသည်...သူမ၏ အပြုံးတစ်ချက်ကြောင့် စိတ်များမလေလွှင့်သွား
စေရန် ကိုသောင်းစိန်မှာ အတော်ထိန်းချုပ်ထားရတော့သည်...

'''' ညီမက တစ်ယောက်တည်းလည်းနေတယ်...ဒီအချိန်ကြီးဘယ်
ကပြန်လာတာတုန်း..ငါ့ညီမရဲ့... ''''
ကပြန်လာတာတုန်း..ငါ့ညီမရဲ့... ''''
ကိုသောင်းစိန်အမေးကို ရီဝေေ၀ဖြင့် ပြန်လည်ကြည့်လိုက်ပြီး မျက်နှာ
တစ်ချက်ညိုးနွမ်းသွားတော့သည်... ပြီးနောက် အားတင်းကာပြုံးပြ
ရှာရင်း....
'''' ညီမကိုလည်း တစ်မျိုးမထင်ပါနဲ့ အစ်ကို... အမှန်တော့ညီမက...
ညီမက... မိန်းမပျက်ပါအစ်ကိုရယ်... အဟင့်...ဟင့်... ''''
ပြောပြောဆိုဆို ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာကာ ငိုရှိုက်နေ
သဖြင့် ကိုသောင်းစိန်လည်း စိတ်မကောင်းဖြစ်သွားခဲ့ရတော့သည်...

'''' ညီမတို့လို မိန်းကလေးတွေကို အုပ်ထိန်းတဲ့ အစ်မကြီးရှိတယ်...
သူ့နာမည်က... မညို တဲ့... မနေ့ညနေလောက်က မညိုက ညီမကို
အခေါ်ခိုင်းတယ်အစ်ကို... ဖောက်သည်အသစ်ရလို့တဲ့... ညီမက
အသုံးတော်ခံရမယ်ပေါ့လေ... ခါတိုင်းဆိုညီမ မငြင်းပါဘူး...
မနေ့က ညီမရင်ထဲနေလို့မကောင်း ဖြစ်နေလို့ ... မသွားပါရစေနဲ့..
တောင်းပန်တာ... မရတဲ့အပြင် ညီမကို ပါးရိုက်တာ နှစ်ချက် သုံး
ချက်တောင်အစ်ကိုရဲ့... အဲ့ဒါနဲ့ပဲ ညီမလည်း အားတင်းပြီးသွား
လိုက်တော့... ဖောက်သည်အသစ်ဆိုတဲ့သူက ... ညီမတို့ရွာက ...
သူကြီးသားဖြစ်နေတယ်လေ... ''''

ပြောရင်း မောသွားသည့်ပုံပင် ကျနေသောမျက်ရည်ကို တစ်ချက်
သုတ်လိုက်ပြီး....
'''' သူကတော့ ညီမကို မှတ်မိပုံမရပါဘူး... ညီမကတော့မှတ်မိနေ
တော့.. ဆက်မနေချင်တော့ဘူး... ဒါပေမယ့် သူကျေနပ်အောင်တော့
နေပေးခဲ့ရတာပေါ့... ကြာလာတော့ သူညီမကို မှတ်မိသွားတယ်
်အစ်ကို... နင်ဝေေ၀လွင် မဟုတ်လားဆိုပြီးမေးတယ်...
ညီမလည်း တော်တော်လန့်သွားမိတယ်... ညီမမှာက မိဘမရှိတော့
အဘွားဆီမှာပဲ နေခဲ့ရတာလေ... အဘွားကဆင်းရဲတယ်...
ရွာမှာ အလုပ်အကိုင်မကောင်းတော့ မြို့ တက်လာပြီးအလုပ်လုပ်
ရင်း ဒီမကောင်းတဲ့အလုပ်ကို စိတ်မပါပဲလုပ်ခဲ့ရတယ်အစ်ကို...
ပိုက်ဆံချောင်ချောင်လည်လည်ရတာလည်း ဒီအလုပ်ပဲရှိတာလေ...
ရတဲ့ပိုက်ဆံကို ရွာကအဘွားကိုပို့ပေးတယ်... အိမ်လည်းပြင်ဆောက်
လို့ပြီးပြီ... ညီမဒီအလုပ်လုပ်တာ အဘွားကိုပြန်ပြောမှာ တအား
ကြောက်မိတယ်... အဘွားသိရင် တခါတည်း စိတ်ထိခိုက်ပြီးလဲ
သွားမှာ...အစ်ကိုရဲ့... အဟင့်... ဟီးး.. ဟီးး... ''''

ပြောနေရင်း အားရအောင် ငိုချလိုက်သော ဝေေ၀လွင်အား
စိတ်မကောင်းစွာကြည့်ရင်း ကိုသောင်းစိန် တစ်ယောက် အသနား
ပိုလာခဲ့တော့သည်...
'''' စိတ်မကောင်းမဖြစ်ပါနဲ့ညီမရယ်...ဘ၀ဆိုတာ ဒီလိုပါပဲကွာ...
ကဲ..တိတ်...တိတ်... ''''

'''' ညီမအဖြစ်က ဆိုးလွန်းပါတယ်အစ်ကို... အဲ့ဒါနဲ့ ညီမလည်းအတင်း
ဇွတ်ငြင်းပစ်လိုက်တယ်လေ... မဟုတ်ပါဘူးဆိုပြီးတော့... သူက...
နင်ဝေေ၀လွင်မှဝေေ၀လွင် အစစ်.. ငါ့ကိုလာလိမ်မနေနဲ့ ... ရွာရောက်
ရင် နင့်အဘွားဆီ အကုန်ပြန်ပြောပလိုက်မယ် ငါ့ကိုဘာမှတ်နေလဲ...
ဆိုပြီး ညီမဆံပင်ကိုဆောင့်ဆွဲပစ်တယ်အစ်ကို... ညီမလည်းခုမှတော့
မထူးတော့ဘူးလေ... ဝေေ၀လွင်ဟုတ်ပါတယ်..အဘွားကိုပြန်မပြော
ပြပါနဲ့လို့ လက်အုပ်ချီပြီးတောင်းပန်ပါသေးတယ်... အဲ့လူက လူစိတ်
မရှိတဲ့သူ... ညီမကိုလေ... သူ့ကိုနှုတ်ပိတ်ခပေးရမယ်တဲ့ ... ညီမ
လည်းပေးမယ်ပေါ့... ဘယ်လောက်ပေးရမလဲမေးတော့... ဆယ်
သိန်းပေးရမယ်တဲ့... ဆယ်သိန်းတော့ညီမမှာမရှိဘူးလို့... သုံး
သိန်းတော့ပေးပါ့မယ်လို့ ... ပြောတာမရဘူးအစ်ကိုရယ်....
အဲ့ဒါနဲ့ ညီမကို ရိုက်တာ... နင်ပေးမလား... ငါတစ်ရွာလုံးကို ပြော
လိုက်ရမလားဆိုပြီး... ညီမလည်း... စိတ်တိုလာတာနဲ့ အနားမှာ
ရှိတဲ့ ... ပန်းအိုးနဲ့ ခေါင်းကိုရိုက်ပစ်လိုက်မိတယ်...သူ့ခေါင်းမှာသွေး
တွေအများကြီးထွက်လာတာ မြင်တော့... ကြောက်ပြီးအဲ့နေရာက
ထွက်ပြေးလာတာ... အစ်ကို့ဆိုင်ကယ်နဲ့ တိုက်မိတော့တာပါပဲ... ''''

ဖြစ်ကြောင်းကုန်စင်ကို ပြောပြပြီး တသိမ့်သိမ့် ငိုရှိုက်နေသော
သူမကို စိတ်မကောင်းစွာနှင့် ကိုသောင်းစိန်တစ်ယောက်ထွေး
ပွေ့ကာ ရင်ခွင်တွင်းသို့ ဆွဲသွင်းလိုက်မိတော့သည်....
သူမကလည်း ကိုသောင်းစိန်၏ ပုခုံးပေါ်မှီရင်း အားရပါးရ ငိုရှိုက်
နေလေပြီ....
'''' ညီမကြောင့် အစ်ကိုလည်း စိတ်ညစ်သွားရပြီ... မိုးတောင်လင်း
တော့မယ်...အစ်ကိုနားပါတော့နော်... အေးအေးဆေးဆေးအိပ်ပါ..
ညီမကိစ္စကို ခေါင်းထဲထည့်မနေပါနဲ့တော့နော်.... ''''

'''' အေးပါညီမရယ်... အစ်ကိုနားလိုက်ဦးမယ်...ညီမလည်းနား
တော့... ဟုတ်ပြီလား... ''''
'''' ဟုတ်... ''''
မျက်ရည်များသုတ်ရင်း ခေါင်းလေးညိမ့်ပြကာ ပြုံးပြနေရှာသော
စွဲညို့ရှင် မိန်းကလေးကြောင့် ကိုသောင်းစိန်မှာ ရင်ဖို၍သွားမိ
တော့သည်... ထိုခဏလေးတွင် ဇနီးဖြစ်သူ မနှင်းအေးနှင့် သား
ဖြစ်သူကိုလည်း မေ့လျော့နေခဲ့ချေလေပြီ....

ကိုသောင်းစိန်အိပ်ပျော်နေရင်းမှ အသံကြားသဖြင့် လန့်နိုး၍လာခဲ့
ရသည်... သနပ်ခါးသွေးနေသံ ... မနက်ငါးနာရီခန့်ဖြစ်၍ စိတ်ထဲ
မှလည်း ဝေေ၀လွင် တစ်ယောက် အိပ်ယာနိုးနေချေပြီဟု တွေးလိုက်
မိတော့သည်...
သနပ်ခါးသွေးနေသံသည် တဖြည်းဖြည်းကျယ်၍လာနေသည်...
လူကလည်း ပင်ပန်းကာ အိပ်ရေးမ၀သဖြင့် မူးရိပ်ရိပ်....
ထိုစဉ်မှာပင် ပုပ်အဲအဲအနံ့ အသက်က နှာခေါင်းဝတွင် မသတီချင်
စရာကောင်းလောက်အောင် ဝေ့ကနဲ ၀ိုက်ကနဲ ... ကိုသောင်းစိန်
တစ်ယောက် အသက်ရှုပင် ကြပ်လာရတော့သည်...

အနံ့ သည် ဆိုးသထက် ဆိုးလာသည်မို့... ဆက်လက်၍ အိပ်စက်
မရနိုင်လာတော့ပေ... အိပ်ယာမှ အသာအယာထကာ ...
ဝေေ၀လွင်အခန်းဖက်သို့ လျှောက်လှမ်းသွားပြီး... ခန်းဆီးစကို
'မ' ကြည့်လိုက်ရာ....ဆိုးရွားသောအနံ့ သည် ထိုအခန်းမှထွက်
လာသည်ကို သတိပြုမိလိုက်လေသည်...
အနံ့ အသက်နှင့်အတူ ယင်မမည်းအုပ်ကြီးတစ်အုပ်က ...
တ၀ီ..၀ီ .. ဖြင့် ထပျံသွားသေးသည်....
ထိုအနံ့ ကို မသိလေဟန်...ဝေေ၀လွင်သည် အခန်းဝကိုကျောပေး
ကာ မှန်ရှေ့ တွင် ထိုင်နေလေသည်... ကျောက်ပျဉ်ပေါ်တွင် သွေးထားသော သနပ်ခါးကိုလက်ဖြင့်အသာအယာယူရင်း သူမ၏ မျက်နှာကို
မလိမ်းပဲ သူမပေါင်ပေါ်မှ အရာတစ်ခုခုကို လိမ်းခြယ်၍နေသည်...

ကိုသောင်းစိန်လည်း ရုတ်တရက်ကြောင်အမ်းအမ်းဖြစ်သွားပြီး
အခန်းတွင်းသို့အနည်းငယ်တိုး၍ ၀င်ကာ မှန်ပြင်ပေါ်တွင်ပေါ်သော
အရာကို စူးစိုက်ကြည့်လိုက်စဉ်တွင်....
ကြည့်မှန်တွင် ဝေေ၀လွင် ရှိမနေပဲ... အခန်းတွင်းရှိပစ္စည်းများသာ
မှန်ပေါ်တွင် ပေါ်နေတော့သည်...
အလွန်အံ့သြသွားမိ၍ ဝေေ၀လွင်အား ကြည့်လိုက်ရာ ...
ရုပ်ပျက်ဆင်းပျက်ဖြင့် ဆံပင်ဖားလျားချထားသော မိန်းမတစ်ယောက်
သည် ပေါင်ပေါ်တွင် ဝေေ၀လွင်ခေါင်းပြတ်အားတင်၍ ထိုခေါင်းပြတ်အား သနပ်ခါးလိမ်းပေးရင်း ကိုသောင်းစိန်ဖက်လှည့်ကြည့်လာလေသည်...
ထိုပေါင်ပေါ်မှ ခေါင်းပြတ်မှ မျက်လုံးပွင့်လာပြီး...
'''' အစ်ကို နိုးလာပြီလား ... ''''
အသံ မှာ ကြောက်ခမန်းလိလိ ဖြင့် ပြောလာ၍ ကိုသောင်းစိန်မှာ
အကြောက်လွန်ပြီး ဒူးတုန်ကာ ကြောင်အမ်းအမ်းဖြင့် ရပ်ကြည့်
နေမိသည်...
လူတစ်ကိုယ်လုံး တုန်ယင်လာပြီး သတိပြန်ဝင်လာကာ ငယ်သံ
ပါအောင် အော်ရင်း အိမ်ပေါ်မှဆင်းပြေးလိုက်တော့သည်....

ကိုသောင်းစိန်၏ အော်သံကြောင့် ပတ်ဝန်းကျင်မှ လူများစုရုံးလာ
ပြီး... မေးမြန်းကြရာ... ဖြစ်ကြောင်းကုန်စင်ပြောပြ၍ ...
အိမ်နီးနားချင်းများက ဝေေ၀လွင်၏ အိမ်ပေါ်သို့ တက်ကြည့်ကြ
လေသည်...
ထိုအခါမှ.... ဝေေ၀လွင်အလောင်းအား အခန်းတွင်းတွင် ...တွေ့ရှိ
ကြတော့သည်...ဝေေ၀လွင်မှာ အခန်းတွင်းတွင် ခေါင်းပြတ်၍
သေဆုံးခဲ့ခြင်းပင်...
ရပ်ကွက်လူကြီးများနှင့် ရဲများရောက်လာကာ...အမှုကိုစစ်ဆေး
ကြတော့သည်....

သူမနာမည်သည် ဝေေ၀လွင်မှာ မှန်ကန်ပြီး...
သူမသည် အပျော်မယ်တစ်ယောက်ဆိုသည်လည်း မှန်ကန်နေခဲ့
သည်... ကိုသောင်းစိန်အားပြောပြသည့် အဖြစ်သည်လည်း မှန်ကန်ပါသည်...
သို့သော် ထိုသူကြီးသား၏ ခေါင်းအား ပန်းအိုးဖြင့်ရိုက်ခဲ့ပြီး...
နောက်ပိုင်း... အကြောင်းအရာများကို ပြောမသွားခဲ့ပေ...
နောက်ပိုင်းဖြစ်ကြောင်းကုန်စင်မှာ....
လွန်ခဲ့သော သုံးရက်ခန့်ကဖြစ်သည်....
သူကြီးသားအား ပန်းအိုးဖြင့် ရိုက်နှက်ခဲ့ပြီး ထွက်ပြေးလာသော
ဝေေ၀လွင်နောက်သို့ ခေါင်းမှသွေးအလိမ်းလိမ်းဖြင့် သူကြီးသား
သည် အနောက်မှထပ်ကြပ်မကွာ လိုက်လာခဲ့လေသည်...

ဝေေ၀လွင် မှာသူမနောက်လိုက်ပါလာသည်ကို မသိရှိပဲ အိမ်သို့
သာတန်းတန်းမတ်မတ်ပြန်ပြေးလေရာ... ကိုသောင်းစိန်နှင့်
တိုက်မိသောနေရာတွင်... ကားတစ်စီးဖြင့်တိုက်မိမလို ဖြစ်ခဲ့
တော့သည်...ထိုကားသည် လှည့်မကြည့်ပဲဆက်မောင်းသွား
သဖြင့် ဝေေ၀လွင်မှာ ခြေထောက်ဒဏ်ရာနှင့်ပင် အိမ်သို့ ပြန်
ခဲ့ရလေသည်... အိမ်ရှေ့ သို့ရောက်သော် အနောက်မှလိုက်မှီလာ
သော သူကြီးသားမှ ဝေေ၀လွင်အား ဆံပင်ဆောင့်ဆွဲကာ
ပါးစပ်အားလက်ဖြင့်ပိတ်ပြီး..အိမ်ပေါ်အတင်းတက်လာတော့သည်...
အိမ်ပေါ်သို့ရောက်သော် ဝေေ၀လွင်အား လည်ပင်းညစ်ထား

ထို့နောက်ဝေေ၀လွင်ပိုင်ဆိုင်သမျှ တောင်းရာ လည်ပင်းညစ်ထား
ဒဏ်ကြောင့် အသံပင်မထွက်နိုင်ရှာတော့ချေ...မပေး၍လည်ပင်း
ဆက်ညစ်ထားလေရာ ....လက်လွန်သွားပြီး ဝေေ၀လွင်မှာ
မေ့မျောသွားတော့သည်... ဝေေ၀လွင် မေ့မျောနေသည်ကို သေပြီ
အထင်နှင့် ထိုသူလည်းအလောင်းဖျောက်ပစ်ရန် အိမ်တံခါးကို
အသာပိတ်ပြီး လိုအပ်သည်များကို မြန်မြန် သွားရှာဖွေတော့
သည်... နေ့လည်လောက်တွင် လိုအပ်သည်များ ရှာဝယ်ကာ...
ည လူခြေတိတ်ချိန်တွင် ပြန်လာပြီး ဝေေ၀လွင် အား အိတ်တွင်းသို့
ထည့်ရာ ထည့်မရပဲရှိနေ၍ ပါလာသောဓါးဖြင့် ခေါင်းဖြတ်ပစ်လိုက်တော့သည်... ထိုအခါမှ အမှန်ပင် ဝေေ၀လွင်သည် သေဆုံးသွားခဲ့ရတော့သည်...
ထိုအချိန်တွင် အိမ်ရှေ့ မှ ခေါ်သံကြောင့် နားစွင့်နေရာ...
မညိုမှ လူတစ်ယောက်အား ဝေေ၀လွင်ကို အခေါ်ခိုင်းခဲ့ခြင်းဖြစ်
သည်... သူကြီးသားလည်း အသံမထွက်ပဲ ငြိမ်နေကာ ၀င်လာ
လျှင် ဓါးဖြင့်ခုတ်ပစ်ရန်အသင့်ပြင်ထားသော်လည်း ထိုသူမှာ
ကံကောင်းစွာဖြင့် ခြံထဲဝင်မလာချေ...ထို့နောက် လူမရှိဟု မှတ်
ထင်ကာ အိမ်ရှေ့ တွင်ဖုန်းခေါ်ကာဖုန်းဆက်နေလေတော့သည်...

သူကြီးသားလည်း လူလာသဖြင့် အလောင်းဖျောက်ရန်အချိန်မမှီတော့သောကြောင့် သူ၏ပစ္စည်းများကို လျှင်မြန်စွာသိမ်းဆည်းပြီး
လက်ရာခြေရာဖျက်၍ အလောင်းအားထားခဲ့ပြီး ထိုသူထွက်သွား
သည်နှင့် ဝေေ၀လွင်၏အိမ်မှ ထွက်ပြေးပုန်းရှောင်နေတော့သည်...
ထိုအဖြစ်အပျက်ကို ကိုသောင်းစိန်မှ မညို၏ဖောက်သည်ဖြစ်သူ
သတ်သည်ဟု စွပ်စွဲချက်အရ စုံစမ်းထောက်လှမ်းရင်း သူကြီးသား
ကို ဖမ်းဆီးရမိ၍ အမှုမှန်ပေါ်ပေါက်သွားခဲ့ရလေသည်...

ကိုသောင်းစိန်လည်း သူကြီးသားကိုဖမ်းမမိခင်ကာလတွင် ခံဝန်
ချုပ်ဖြင့် ထိုမြို့ ၌ ကြာလအတန်ကြာ အမှုရင်ဆိုင်ခဲ့ရတော့သည်...
အမှုမှန်ပေါ်ပေါက်ပြီးသည်နှင့် ကိုသောင်းစိန်သည် ထိုသွေးပျက်
ဖွယ်ကောင်းသောအဖြစ်အပျက်ကို မေ့မရနိုင်ပဲဖြစ်နေသောကြောင့်
ကားဂိတ်မှ အလုပ်ထွက်ကာ အိမ်မှာပင် ငူငူငိုင်ငိုင်ဖြင့် ငြိမ်ကုတ်
ကာသွားလေတော့သည်...
သူ၏ ဇနီးဖြစ်သူ မနှင်းအေးအားလည်း ယခင်လို မရိုက်နှက် မဆဲဆို
တော့ပေ...
ထိုအဖြစ်အပျက်ဖြစ်ပြီးနောက် ဝေေ၀လွင်ငှါးနေသောအိမ်သည်
ဖျက်ပစ်ကာ အသစ်ပြန်လည်ဆောက်လုပ်လိုက်ပြီး ...
ထိုမြို့ ခံများနှင့် အခြားမြို့ မှ ကားသမားများသည် ကားကြီးကွင်း
နှင့် မနီးမဝေးတွင်ရှိသော အုံ့ ဆိုင်းဆိုင်းသစ်ပင်များကို မနက်
သုံးနာရီ လေးနာရီခန့်တွင် ဖြတ်မောင်းမိတိုင်း မိန်းကလေးတစ်
ယောက် ပြေးထွက်လာကာ တိုက်မိမလို ဖြစ်သွားတတ်သည်ဟူ
၍လည်းကောင်း တိုက်မိသဖြင့် ကားရပ်ကာဆင်းကြည့်သော်လည်း
မည်သူမှမတွေ့ ရကြောင်း ပြောစမှတ်တွင် ကျန်နေရစ်လေတော့
သည်........

Thawdarlamin Sandar
[ 22.7.2016 ]
[ 22.7.2016 ]
0 comments: