(၁)

ညကဒီည့မှပိုမှောင်နေသလိုရှိသည်။
အဝေးဆီက..ခွေးအူသံလိုလိုမသဲမကွဲ ...အသံကိုလည်းကြားရသည်။.......
ဒီညမှ ထူးထူးခြားခြား..မီးလည်းပြတ်ကာ...
တည်းခိုခန်းတစ်ခုလုံးမှောင်အတိကျနေလေသည်။

...ထိုစဉ် အပေါ်ထပ်...ထိပ်ဆုံးအခန်းဆီမှ....
ဖယောင်းတိုင် မီးရောင်ဖြင့်...
မိန်းကလေးတစ်ယောက် စာအုပ်တစ်ခုကို...
စိတ်ဝင်တစား...
ဖတ်နေလေသည်။.....
ထို့နောက်  ခန္ဓာကိုယ်မှာ...ရုတ်ရက်တောင့်တင်းလာသလိုရှိသည်။
အမူအရာသည် ချက်ချင်းဆိုသလိုခက်ထန်လာကာ
သူမ၏ခြေလှမ်းများက...၀ါရံတာဘက်ဆီဦးတည် လိုက်သည်။.....
ထို့နောက်..၀ါရံတာ...
မှ...အောက်သို့ ခုန်ချလိုက်လေတော့သည်။
>>>>>>>>>>>>>>>>>>>>>>>>>
...""အားမာန်""
...တကယ်တော့သူကအရမ်းအားနေတဲ့သူတစ်ယောက်မဟုတ်။....လူက...အလုပ်ထဲ...ဖိအားများတာမို့..
အေးချမ်းတိတ်ဆိတ်တဲ့ ဒီနေရာလေးကို..
အနားယူဖို့ရွေးဖြစ်သည်။အိမ်ကမိန်းမပေးစားမှာကိုရှောင်ချင်တာလည်းပါသည်။

...မအားလို့....မလုပ်ဖြစ်တာပေမယ့်
သူ ကဗျာတွေစာတွေရေးရတာဝါသနာပါသည်။
သူတက္ကစီငှါးတော့....ဒါရိုင်ဘာကောင်လေးက
"""အစ်ကို...ဘယ်သွားမလဲ"""
"""ပဒုမ္မာဟိုတယ်""""
"""ဗျာ!!~!""""
"""ဘာဖြစ်လို့လဲ...ညီလေး"""
""ဟို...ဟို...လေ""""
"""အားမနာနဲ့...ပြောမှာသာပြောစမ်းကွာ""""
"""ဒီ..ဟိုတယ်က...
မကောင်းတော့ဘူးအစ်ကို....
လူသေတာ..သုံးယောက်ရှိပြီ
ပြီးတော့ မိန်းကလေးတွေချည်း
သေတာကလည်း...တစ်ပုံစံတည်း...
ဝါရံတာကနေခုန်ချပြီးသတ်သေတာချည်းပဲ့"""
"""ထပ်ပြောပါဦး...ညီလေး
အစ်ကိုမရှင်းလို့"""
"""ပြောရင်းနဲ့ကြက်သီးထတယ်...အစ်ကိုတခြားနေရာတည်းပါလားဗျာ""""
"""မင်းပြောမှ ပိုစိတ်ဝင်စားလာတာ
ဒီဟိုတယ်တော့တစ်ခုခုပဲ့ ဒါနဲ့ဒီကိစ္စကို
သက်ဆိုင်ရာက...ဘာမှမလုပ်ဘူးလားကွ""""
"""လုပ်ပါတယ်အစ်ကို...
ဒါပေမယ့်လည်းသေချာရေရာတဲ့အဖြေမပေးနိုင်ကြဘူး
ဒီဟိုတယ်မှာ...တည်းသမားက...မရှိသလောက်ပဲ့ဗျ...
ထူးခြားတာက...အိမ်ထောင်သည်တွေဆို...ဘာမှမဖြစ်ဘူး
မိန်းမပျိုတွေ တည်းရင်တစ်ခုမဟုတ်တစ်ခုပဲ့
ခုသေတာသုံးယောက်ရှိပြီဗျ"""
ပြောပြောဆိုဆို....

ကားကဟိုတယ်ရှေ့ရောက်လာသည်။
သူပိုက်ဆံရှင်းတော့...ဒါရိုင်ဘာကောင်လေးက
"""အစ်ကို...အချိန်မှီသေးတယ်ဗျ..
တခြားမှာပြောင်းတည်းဖို့"""
"""ကျေးဇူးကွာ..ငါစိတ်မပြောင်းပါဘူး"""
"""ထပ်ရှိသေးတယ် အစ်ကို...
ည..ညဆို..အဲ့ဒီအခန်းဘက်က...
ရယ်သံအကျယ်ကြီးကြားရတယ်တဲ့
တခါတလေ...ငိုပြန်ရောတဲ့"""
"""စိတ်ဝင်စားတယ်ကွ""""
ကောင်လေးက..မနိုင်ဘူးသဘောဖြင့်ခေါင်းခါပြကာ
သူ့အားနှုတ်ဆက်ထွက်ခွာသွားလေသည်။

. .သူဟိုတယ်...ရောက်ပြီး...တစ်ရက်နှစ်ရက်ကြာသည်
အထိ...ဒါရိုင်ဘာကောင်လေးပြောသလို
ဘာမှထူးခြားတာမတွေ့ရ
ဒါပေမယ့်...အပေါ်ထပ်...ထိပ်ဆုံးအခန်းကိုတော့
သော့ပိတ်ထားတာတွေ့ရသည်။
>>>>>>>>>>>>>>>>>>>>>>>>>
(၂)
တစ်ညနေတွင်..
အားမာန်... ..ဟိုတယ်ရှေ့မြက်ခင်းတွင်..စာထိုင်ရေးနေစဉ်
ဟိုနေ့က..ဒါရိုင်ဘာလေး...ရောက်လာခဲ့သည်။
ကောင်လေးက
"""အစ်ကို့လို...ခေါင်းမာတဲ့သူတွေရောက်လာပြန်ပြီဗျ
ဒီတစ်ခါတော့ ကောင်မလေးသုံးယောက်"""
အားမာန်က
"""မင်းငါ့ကိုညာတာလားကွ
ဘာမှထူးခြားတာ..
မတွေ့ပါဘူး"""
"""မညာဘူးဗျ...ထူးခြားတော့မယ်
သွားဦးမယ်...အစ်ကို"""
""အေးပါကွ""""
ဒါရိုင်ဘာကောင်လေး
ထွက်သွား ပြီး...မကြာမီ..
သူကဗျာတစ်ပုဒ်ကို...စိတ်ဝင်တစားထိုင်ရေးနေစဉ်...
ဘောလုံးတစ်လုံးက
သူ့ကိုလာထိမှန်တာမို့...
စိတ်တိုစွာလှည့်အကြည့်
ကောင်မလေးသုံးယောက်
မချိုမချဉ်ပြုံးပြနေတာတွေ့ရသည်။
ဆံပင်ရှည်နှင့်ကောင်မလေးက
"""ဟဲ..အစ်ကို..sorryသဲစု
ပစ်လိုက်တာ..ဒီဘောလုံးကို"""
"""မကြီးမငယ်ကွာ...
ရော့ဘောလုံး"""
"""အားမာန်""ကပြောလည်းပြောကာ
ဘောလုံးကို ကောက်ပေးလိုက်လေသည်။
ကောင်းမလေးတွေက...အသွက်လေးတွေ..
သူ့ကိုပင်မိတ်ဆက်သွားသေးသည်။
ဆံရှည်မလေးကသဲစု...
ကျန်နှစ်ယောက်က..ဘုံဘုံနဲ့...အိပန်တဲ့
ဆံရှည်မလေးကိုတော့..အမှတ်တရဖြစ်သွားရသည်။

ဒီလိုနဲ့...ဟိုတယ်မှာ...တစ်ပတ်လောက်ကြာသည်အထိ..
ဒါရိုင်ဘာကောင်လေးပြောသော
အကြောင်းအရာ က
မထူးခြားတာမို့..အားမာန်ပင်မေ့မေ့ပျောက်ပျောက်ဖြစ်သွားရသည်။
မေ့တာကလည်း...မပြောနဲ့...
အိမ်ကမိန်းမပေးစားလို့ဒီရှောင်ထွက်လာတာ
ဖူးစာရှင်နဲ့လာတိုးနေလားမသိ။

ဆံရှည်မလေးအကြောင်းကဗျာတွေ...ချရေးဖြစ်နေရသည်။
ကောင်မလေး...တွေကလည်း...
အသွက်လေးတွေမို့...ကားငှါးကာ
ဟိုဒီပို့...လျှောက်လည်နဲ့အတော့်ကို..ရင်းနှီးနေပြီ။
...ဒီလိုနဲ့ကောင်မလေးနဲ့ရင်းနှီးပြီး
နှစ်ပတ်လောက်အကြာ....
သူကောင်မလေးအတွက်ရေးထားသောကဗျာကို
ပေးဖြစ်သည်။
ကောင်မလေးက...အလွန်ပွင့်လင်းသည်။
"""အစ်ကိုက...သဲစုကိုချစ်ခွင့်ပန်တာလား...
တကယ်တော့...သဲစုက...ယောကျာ်းမလိုချင်လို့အိမ်က...
တိတ်တိတ်လေးထွက်လာတာ"""
"""ဟင်...ဟုတ်လား...ဘာလို့ကိုယ်နဲ့တူနေလဲ"""
"""ဟို..သဲစု..ပွင့်ပွင့်လင်းလင်း ပြောမယ်နော်...
သဲစုဆီက...ဘာမှမမျှော်လင့်စေချင်ဘူး
သဲစုက ဒီကို...ခဏရှောင်ထွက်လာတာ...ဖြစ်ပေမယ့်
ဒီလူကိုတော့...မလွှဲမသွေယူရမှာ""""
ကောင်မလေးက...ပြောပြီးလှည့်ထွက်သွားတော့
အားမာန်နေရာမှာတင်ငိုင်ကာကျန်ခဲ့သည်။
အလုပ်တွေ ကြားမှာနစ်နေတာ...မိန်းကလေးတစ်ယောက်ကို...ခုအသက်သုံးဆယ်ဝန်းကျင်ရောက်လာသည်အထိ
မစွဲလန်းဖူးသမျှ
ချစ်တာရော...
အသည်းကွဲတာရော
တစ်ပြိုင်နက်ခံစားလိုက်ရသည်။
>>>>>>>>>>>>>>>>>>>>>>>>>>>
သဲစုမှာလည်း..ဟိုနေ့က...အစ်ကိုပြောသမျှပြန်စဉ်းစားကာ
ဘုံဘုံနဲ့
အိပန်ကိုရင်ဖွင့်ဖြစ်သည်။
ဒီကောင်တွေ က...အကြံပေးတော့ကောင်းပါရဲ့
""နင့်စိတ်ထဲရှိတဲ့အတိုင်းလုပ်တဲ့"""
သဲစု..မချိပြုံးပြုံးလိုက်မသည်။...
သဲစုဘ၀ကိုသူတို့မှနားမလည်တာ။
ပြောရရင်..ယောကျာ်းတစ်ယောက်ကို..ဟိုအစ်ကိုလို..
ဘယ်တုန်းကမှ...ရင်းနှီးခင်မင်စိတ်မရှိဖူးတာသေချာသည်။
ဒီထက်ပိုတွေးရဲတဲ့အခြေနေမဟုတ်ဘူးလေ။
သဲစုအိမ်ကထွက်လာတည်းက
အိမ်က...မထင်မှတ်တဲ့နေရာကိုထွက်လာတာ။
ဒီဟိုတယ်..နာမည်ဆိုးနဲ့...ကျော်ကြားတယ်ဆိုတာလည်းသိသည်။
ပြီးတော့ ခုသည်းစုတို့သုံးယောက်တည်းတဲ့အခန်းက
အပေါ်ဆုံးထပ်ထိပ်ဆုံးခန်း
နေတာ..သုံးပတ်နီးပါးရှိလာပြီမို့....
ဘာမှမထူးခြားတာမို့...
မေ့မေ့ပျောက်ပျောက်ပင်ဖြစ်နေပြီ။
တကယ်ဆို ဒီအခန်းကို..ဟိုတယ်ဝန်ထမ်းကမနေဖို့တားသေးသည်။
သဲစုတို့က...ကျယ်ကျယ်ဝန်းဝန်းနေချင်သည်ဟု...ခေါင်းမာတာမို့...သော့ဖွင့်ကာ.နေစေလိုက်သည်။
....>>>>>>>>>>>>>>>>>>>>>>>>>>>>

ညကထူးထူးခြားခြားမှောင်နေသည်။

မနက်ဖြန် အိမ်ပြန် တော့မှာမို့တစ်နေကုန်လျှောက်လည်ကာ...ဟိုနှစ်ကောင်က...မောမောနဲ့အိပ်ပျော်သွားကြပြီ။
ညက...တစ်ဖြည်းဖြည်းနက်လာသည်
အထိသဲစု...အိပ်မပျော်သေးတာမို့...
သဲစု...အခန်းထဲရှာဖွေရင်း...စာကြည့်စားပွဲဆွဲအံထဲက
သားရေ..ဖုံးအမဲနဲ့တစ်ထွာသာသာမှတ်စုစာအုပ်လေးထွက်လာလေသည်။
ထိုစဉ်...
လေပြင်းတစ်ချက်တိုက်ကာ...
မီးများရုတ်ရက်ြပတ်တောက်သွားတာမို့
အခန်းတစ်ခုလုံးမှောင်မဲသွားလေသည်။
သဲစုစာအုပ်လေးအားစပ်စုချင်တာမို့...
အ၀တ်အိတ်ထဲမှာ...
လိုလိုမည်မည် ဆောင်ထားသော...
ဖယောင်တိုင်အားမီးညှိလိုက်သည်။
ထိုအခိုက်အတန့်တွင်သည်းစုမှာ..ထိုစာအုပ်ကိုဖတ်ချင်သော...အာရုံသာရှိနေသည်။
အိပ်နေသော...ဘုံဘုံနှင့်အိပန်ကိုတောင်သတိမထားမိ။

ပထမစာရွက်
ရက်စွဲ ကတော်တော်ဟောင်းနေပြီ
''''မောင်....
ဒီနေ့ကျွန်မကို
ချစ်ခွင့်ပန်တယ်....ပျော်လိုက်တာ...
ကျွန်မ ကချမ်းသာတယ်
မာနကြီး တယ်...
ယောကျာ်းတစ်ယောက်ကို လွယ်လွယ်နဲ့မချစ်နိုင်ဘူးလို့ထင်ခဲ့တာ
ကျွန်မမောင့်ကိုချစ်သွားတယ်
ပထမဆံုး
ကျွန်မမာနကိုယောကျာ်းတစ်ယောက်ရှေ့မှာ..
ချနင်းခဲ့တယ်.....
''''
...သဲစုမှာ...စာဖတ်နေရင်းနံဘေးမှာတစ်ယောက်ယောက်လာထိုင်ပြောနေသလိုခံစားလာရသည်။
ထို့နောက်စာအုပ်ကိုဆက်ဖတ်လိုက်သည်။
'''''ပဒုမ္မာဟိုတယ်...
ကျွန်မတို့လက်မထပ်သေးပေမယ့်...
မောင်နဲ့ယုံကြည်စွာလိုက်လာခဲ့တယ်
ဒါက ကျွန်မရဲ့လူမသိသူမသိကျဆုံးခန်းဆိုတာဘယ်သူသိနိုင်မှာလဲ...
ဟိုတယ် ရောက်တော့
တစ်ယောက်တစ်ခန်းစီငှားကြတော့
မောင့်ကို အခွင့်ရေးမယူတတ်တဲ့ ယောကျာ်းလို့ကျွန်မ
အထင်ကြီးလိုက်တာ
ဒါပေမယ့် နောက်နေ့မနက်မှာ
ကျွန်မချစ်တဲ့မောင်က  ရက်စက်စွာသော
စာတစ်စောင်ချန်ထားခဲ့သည်
'''ငါ ပြန်ပြီ
မင်းမာနကိုချိုးချင်လို့ ခဏတွဲခဲ့တာတဲ့'''
ကျွန်မတို့ဘာမှမလွန်ကျူးခဲ့ပေမယ့်
ယောကျာ်းတစ်ယောက်နဲ့တူတူ သွားတာ
ဘယ်သူက မိန်းမကောင်းလို့ယုံကြည်ဦးမှာလဲ
ဒါကြောင့်ကျွန်မဒီလောကကြီးကနေလူမသိ သူမသိပျောက်ကွယ်သွားမယ်
ကျွန်မရဲ့ကျဆုံးခန်းကိုတော့ ဒီမှတ်စု စာအုပ်မှာချန်ခဲ့မယ်
ကျွန်မရဲ့လျှို့ဝှက်ချက်ကို သိတဲ့သူမှန်သမျှ ကျွန်မလိုသေရမယ်'''''
သဲစုမှာ  စာဆုံးသွားသည်နှင်း အသိစိတ်ပျောက်သွားသလို ခန္ဓာကိုယ်မာ  လည်းတောင့်တင်းလာသည်။
ပိတ်ထားသော တံခါးမှာ လည်းအလိုလိုပွင့်လာကာ
တစ်ယောက်ယောက်ကစေစားနေသလို
ခြေလှမ်းများက ဝရံတာ ဘက်ဦးတည်နေလေသည်။
သူ မဝရံတာကနေ ကျော်တက်မည် အလုပ် တစ်ယောက်ယောက်၏ဆွဲပွေ့ခြင်းခံရကာ အသိဥာဏ်
ပျောက်သွားလေတော့သည်။
ဇာတ်သိမ်း
(၃)

အသံတို့က နီးလာလိုက်ဝေးလာလိုဖြင့်
သဲစုမျက်လုံးကိုအားယူဖွင့်လိုက်သည်။
'''သဲစု သတိရပြီလား'''
'''ဟင်အစ်ကို
မေမေ လည်းရောက်နေတယ်'''
သဲစုအမေက
'''မသေကောင်းမပျောက်ကောင်းသမီးရယ်
မောင်အားမာန်ကယ်ပေလို့'''
''မေမေက အစ်ကို့ကို သိတယ်'''
'''မေမေတို့ သမီးနဲ့ လက်ထပ်ပေးမယ့်သူလေ
သမီးပျောက်လို့သမီးပုံပို့ပြီးစုံစမ်းခိုင်းလိုက်တာဒီမှာ
သမီးနဲ့တူတူဖြစ်နေတယ်လေ
မောင်အားမာန်အကြောင်းကြားလို့ပဲ့မေမေတို့ရောက်လာတာ'''
'''သမီးနားမလည်ဘူးမေမေ'''
အစ်ကိုအားမာန်က
'''ဒီကနေ အရင်ပြန်ရအောင်ပါ သဲစု
နားမလည်တာ အစ်ကိုနောက်မှရှင်းပြမယ်လေ'''
သဲစုက
''''ဟင့်အင်း သဲစု ကိစ္စတစ်ခုရှင်းချင်သေးတယ်
သဲစုလိုနောက်ထပ်သတ်သေမယ့်သူမရှိတော့အောင်'''
မေမေက
'''တော်ပြီသမီးပြန်မယ်'''
'''သမီးဘာမှ မဖြစ်ဘူးမေမေ  ဒီလိုသတ်သေနေကြတဲ့ အကြောင်းအရင်းက စာအုပ်လေးတစ်အုပ်ပဲ့
ဒီစာအုပ်ကိုဖျက်ဆီးနိုင်ရင် ဒီကျိန်စာပျယ်ပြီ'''
သဲစု ခေါင်းမာမှုကြောင့်
ဟိုတယ်အပေါ်ထပ် ထိပ်ဆုံးအခန်းမှ မွှေနှောက်ရှာ ဖွေရာ
သားရေဖုံအမဲ ကွပ်ထားသော ကျိန်စာတိုက်ထားသော လျှို့ဝှက်စာအုပ်အား မီးရှို့ဖျက်ဆီးလိုက်လေသည်။
ထိုအချိန်မှ စ၍ ဟိုတယ်တွင် ဘာအနှောင့်ယှက်မှမရှိတော့
တည်းဖိုသူများမှာလည်းအရင်တိုင်းစည်ကားလာတော့သည်။
>>>>>>>>>>>>>>>>>>>>>>>>>>>
၅နှစ်ခန့်ကြာသောအခါ

ပဒုမ္မာ ဟိုတယ်

မြက်ခင်းပြင်တွင် သုံးနှစ်အရွယ် သမီးလေးတစ်ယောက်ပြေးလွှားဆော့ကစားနေလေသည်။
''သဲစု ဘာတွေတွေးနေပြန်တာလဲ '''
'''သြော် အစ်ကို လွန်ခဲ့တဲ့၅နှစ်က သဲစုတို့ ဘယ်သူမှန်းမသိပဲ ဒီမှာ တွေ့ကြတာ စဉ်းစားနေတာ'''
''ဟုတ်တယ်ကွ အဲဒီတုန်းကသာ ကိုယ်လက်ထပ်မယ့်မိန်းကလေးက သဲစုမှန်းသိရင်
ဒီမရောက်လာပါဘူးကွာ'''
''အစ်ကို ဒါနဲ့ သမီးလေးက ဟို ကျိန်စာသင့်ဝိညာဉ်လို့မထင်ဘူးလား ဟင်''
''သဲစု စိတ်စွဲတာပါကွာ'''
'''ဟင့်အင်းအစ်ကို အဲဒီတုန်းက သဲစု အိပ်မက်ထဲမှာ တကယ်ပဲ့ သူ ရဲ့ မိုက်မဲတဲ့ ကျိန်စာကြောင့်
လူတွေမသေသင့်ပဲ သေရတယ်တဲ့
ဒီကျိန်စာကို ဖျက်ဆီးခဲ့တဲ့သဲစုကိုကျေးဇူးတင်တယ်တဲ့
သဲစုဆီလာချင်တယ်တဲ့
သဲစု လက်ခံလိုက်တော့ မကြာခင်သမီးလေး ကိုယ်ဝန်ရှိ
လာတယ်လေ'''
'''ဟုတ်ပါပြီကွာ သမီးလေးက အဲဒီဝိညာဉ် ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ ကိုယ်တို့သမီးလေးဖြစ်နေပြီပဲ့
ကောင်းကောင်းစောင့်ရှောက်ကြတာပေါ့ကွယ်'''
'''ဟုတ်ကဲ့ အစ်ကို'''
သမီးလေးက ဆော့ကစားနေရာမှ သဲစုတို့ကြားတိုးဝှေ့ပြေးဝင်လာတာ မို့ ဆွဲယူပွေ့ဖက်လိုက်လေသည်။
သမီးလေးက အဲ့ဒီ ဝိညာဉ်လား မသေချာပေမယ့်
ပဒုမ္မာ ဟိုတယ် ကတော့ အဖြစ်ဆိုးတွေ မှကင်းဝေးသွားလေသည်။
>>>>>>>>>>>>>>>>>>>>>>>>>>>>>

The end
10:15pm
ကျေးဇူးတင်လျက်
M.M.K
...

ကဲ မယုံရင် ပုံပြင်လို့သာ မှတ်ဗျာ

======= အင်းစောင့် သရဲကြီး =======

ညနေစောင်း လေညင်းက ''''ကျွဲလူးအင်း'''' ရေပြင်ကို ကျီစယ်လိုက်သဖြင့် အင်းရေပြင်မှာ လှိုင်းကျက်ခွပ်လေးများ ဖြစ်ပေါ်လျှက်ရှိပါသည်

အင်းရေပြင်ထဲမှာ လှေလေးတစ်စင်း လှော်ခတ်လျှက်ရှိပါသည်
သာလှ နဲ့ ဖိုးထူးပါ
ဒီ ကျွဲလူးအင်း၏ အင်းသူကြီး ဦးတင်ဖေ၏ မယားဘက်ကတော်သော တူများဖြစ်သည်
သာလှ နဲ့ ဖိုးထူးက ညီအကိုအရင်းတွေပါ အသက်ကတော့ ၁ နှစ်ဘဲကွာပါသည် ညီအကိုနှစ်ယောက်လုံး အပေအတေများပင် အလုပ်ကိုတော့ လုပ်ကြပါသည် အလုပ်သိမ်းလို့ အလုပ်မရှိတော့လျှင်တော့ မူးရူးနေတတ်တာများပါသည်

''' ဖိုးထူးရေ မနက်ဖြန် ဦးကရင် လာမယ် ပြောတယ်ကွ ''''
''' အေးလေကွာ မနက်ဖြန်ညစောင့်ဖို့လေ ဒီအင်းလဲ ငါးရတာတော့ ကောင်းပါတယ် ဟိုကိစ္စကြီးက စိတ်ညစ်ဖို့ကောင်းတယ်ကွာ '''
သာလှ အမေးကို ဖိုးထူးပြန်ဖြေရင်း ပြောလိုက်ခြင်းပါ
''' ဟေ့ကောင် မင်းအပြောဆင်ခြင် ''''
သာလှ လှမ်းဟန့်လိုက်တော့ ဖိုးထူးငြိမ်နေလိုက်ပါသည်
ဟုတ်ပါသည် ဒီအင်းအကြောင်း ဒီနယ်တကျော လူတိုင်းသိသည်
ဒီ ကျွဲလူးအင်းတွင် အင်းစောင့်လုပ်သားမလို ဟူသောစကားက ပြောစမှတ်တွင်သည်
ကျွဲလူးအင်းကို လေလံရသည့် အင်းသူကြီးတိုင်း အင်းမှာမည်သူမှ အစောင့်မထားပါ ဘယ်သူမှလဲ စောင့်မနေချင်ကြပါ အင်းထဲရှိငါးများကို အကြောင်းသိသောသူများက မခိုးရဲကြပါ
အကြောင်းမသိဘဲ ညဘက်ငါးဖမ်းခိုးမိလို့ကတော့ ဒုက္ခရောက်မည်ဆို ဧကန်ပင်
ငါးခိုးဖမ်းသူများသည် အသက်သေတဲ့အထိ ဖြစ်တဲ့သူတွေ သာဓကရှိသည် အသက်မသေရင်တောင် ရူးသွားကြကုန်သည်

ဖိုးထူး နဲ့ သာလှ လုပ်စရာရှိသော အင်းရေပြင်ရှိ လေးတိုင်စင်လေးပေါ်သို့ ခြေထောက်ကို ကြိုးချည်ထားသော ကြက်အရှင်တစ်ကောင် နှင့် အရက်ပုလင်းကို တင်လိုက်ပါသည်
ထို့နောက် သာလှ ပါးစပ်က အသံတိုးတိုးနှင့် တတွတ်တွတ်နဲ့ ရွတ်ပါလေတော့သည်
ဒါကလည်း အင်းထဲကငါး ဖော်ခါနီးတိုင်း လုပ်ရိုးလုပ်စဉ် တခုပါ ညနေစောင်းနေဝင်ချိန်တွင် လေးတိုင်စင်ပေါ်တင်ထားသော ကြက်အရှင်နဲ့ အရက်မှာ နောက်နေ့မိုးလင်းတွင် မရှိတော့ပါ ကြက်ကလည်း ချည်ထားသောကြိုးနဲ့ အမွေးအတောင် အချို့ကလွဲပြီး မရှိတော့ပါ အရက်ကလဲ ပုလင်းခွံ့ဘဲကျန်သည် လေးတိုင်စင်မှာတော့ သွေးစက်အချို့ကိုတွေ့ရတတ်ပါသည် ဘာကြောင့်ဆိုတာ မည်သူမှ အဖြေမရှာရဲပါ
သာလှ တတွတ်တွတ်နဲ့ ရွတ်ပြီးတော့ ဖိုးထူးဘက်ကိုလှည့်ကာ

''' ပြီးပြီ မမှောင်ခင် သွားကြမယ် '''
ဖိုးထူးလဲ လှော်တက်ကို ကိုင်ကာ လေးတိုင်စင်မှ ခွါကာ လှော်လိုက်ပါတော့သည် ဖိုးထူးလှေကို မည်သို့ပင် အားစိုက် လှော်ပါသော်လည်း လှေက လေးတိုင်စင်၏ အနားမှ မရွေ့တော့ပါ

''' သာလှ မင်းကြိုးချည် ထားသေးလား '''
''' မချည်ပါဘူး ကြိုးက မင်းအောက်မှာလေ '''
ဟုတ်ပါသည် လှေဦးကြိုးက ဖိုးထူး ဖင်ခုထိုင်ထားခြင်းပါ

''' ဒါဆို လှေက ဘာလို့မရွေ့တာလဲ '''
''' ဟင် '''
သာလှ ခေါင်းနဘန်းကြီးသွားပါပြီ သူလဲမနေနိုင်တော့ပါ လှော်တက်တခုကို ယူကာ သူလဲလှော်ပါတော့သည် ဖိုးထူးလဲ သာလှ လှော်တက်ကိုင်လှော်တော့ သူလဲအားစိုက်လှော်လိုက်ပါတော့သည်
သို့သော်လည်း လှေက တခုခုနဲ့ ငြိနေသလိုနေရာက မရွေ့ပါ

''' ဘာနဲ့ ငြိနေလဲ ကြည့်စမ်း သာလှ '''
သာလှ လှေအောက်ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ပါသည်
နေကလဲ ကျလာပါပြီး မှောင်စပျိုးနေပြီ ပတ်ဝန်းကျင်ကိုတော့ ကောင်းစွာမြင်ရပါသေးသည် ဘာမှမတွေ့ပါ သာလှ နားလည်လိုက်ပါပြီ

''' ဖိုးထူး မင်းကို ငါပြောတယ် အပြောအဆို ဆင်ခြင်ပါဆိုတာကို မင်းကွာ '''
''' ဟေ့ရောင် စကားများမနေနဲ့ အားစိုက်လှော်ကြည့်စမ်းကွာ '''
မည်သို့ပင် အားစိုက်လှော်ပါသော်လည်း လှေကနေရပင် ရွေ့သည်မရှိပါ
နှစ်ယောက်သားမောသွား၍ ခနရပ်လိုက်ချိန်မှာ

''' တောင်းပန်ပါတယ် အင်းပိုင်ကြီးခင်ဗျာ
ဒီကောင်ရဲ့ အမှောင့်အမှားကို ခွင့်လွှတ်ပေးပါ '''
သာလှ တတွတ်တွတ်နဲ့ အင်းရေပြင်ကိုကြည့်ပြီးပြောနေလေတော့သည်
ဖိုးထူးလဲ သာလှဆီက အသံကြားလို့လှည့်ကြည့်သော်လဲ ဘာမှတော့မပြောပါ
ထိုအချိန်တွင်
လှေသာသိသိသာသာ လှုပ်ရမ်းလာပါတော့သည် လှေကိုမှောက်အောင်တမင်လှုပ်နေသကဲ့သို့ ဖြစ်နေသည်
နှစ်ယောက်သားလှေပေါ်က ပြုတ်မကျအောင် လှေဘောင်ကို ကိုင်ထားရသည်
ခနနေတော့ လှေသည် ပြန်လာငြိမ်သွားပါသည် သာလှ နဲ့ ဖိုးထူး တစ်ယောက်နဲ့ တစ်ယောက် စကားပင်မပြောနိုင်တော့ပါ
ဖိုးထူးက လှေဦးက သာလှက ပဲ့ပိုင်းမှ ထိုင်နေခြင်းဖြစ်သည်
ထိုအချိန်တွင်

''' ဖတ် ''''
လှေဦးပိုင်းကို လက်တစ်ဖက်က ထိုးထွက်လာပြီး လှေကို ဆွဲထားလိုက်လေတော့သည်

''' ဟာ '''
နှစ်ယောက်သား လှော်တက်တွေကို ကိုင်ကာ အံ့သြမှင်သက်နေကြတော့သည်
စတင်လှုပ်ရှားလိုက်သူက ဖိုးထူးပင်

''' ဖြောင်း '''
သူ့လက်ထဲက ကိုင်ထားသော လှော်တက်နဲ့ လှေကိုကိုင်ထားသော ရေထဲကလက်တစ်ဖက်ကို ရိုက်ချလိုက်လေတော့သည် လှေက ရမ်းခါသွားပါသည် လှေကိုကိုင်ထားသော လက်က ပြုတ်ထွက်မသွားပါ

''' ဖတ် '''
နောက်ထပ် လက်တစ်ဖက်က ရေထဲမှထိုးထွက်လာပြီး လှေကိုဆွဲထားလေတော့သည် လှေကိုမှောက်အောင် စတင်လှုပ်ရမ်းနေပါလေတော့သည်

''' ဗွမ်း '''
ပထမဆုံးလှုပ်ရှားလိုက်တာက ရေထဲသို့ ဖိုးထူး စတင်ခုန်ချခြင်းပါ ပါးစပ်ကလဲ
''' ဟေ့ရောင် ပြေး '''

သာလှလည်း ဘာပြောကောင်းမလဲ ဖိုးထူးခုန်ချပြီး စက္ကန့်ပိုင်းဘဲကွာသည်
'''ဗွမ်း'''

နှစ်ယောက်သား တက်ညီလက်ညီနဲ့ ပေ ၁၅၀ လောက်လိုသေးသော ကုန်းပေါ်ကို အားကုန်ကူးကြလေတော့သည် ကုန်းပေါ်ရောက်လို့ ရပ်မည်မထင်နဲ့ ရွာကိုသုတ်ချေတင်တော့သည်
ထူးခြားသည်က ဖိုးထူးက ဘောင်းဘီတိုနဲ့ သာလှကတော့ ခါးအောက်ပိုင်း ဗလာနတ္ထိပါ ခုနကပုဆိုးကို ခါးတောင်းမကျိုက်မိသဖြင့် ရေကူးရင်း ပုဆိုးချွတ်ကျန်ခဲ့ခြင်းဖြစ်သည် ကြောက်စိတ်က ကြီးစိုးနေသဖြင့် ထိုအချိန်မှာအရှက်ကိုလဲ မမူတော့ပြီ ရွာကိုဘယ်လိုပြန်ရောက်လို့ ပြန်ရောက်မှန်းပင် မသိတော့ပါ ရွာလမ်းကို နှစ်ယောက်သား စွတ်ပြေးကြရာဝယ် ခွေးကဟောင် ဖုန်ကလည်း တထောင်းထောင်းနဲ့ပင်တည်း

နောက်နေ့ သတင်းတခုထွက်လာပါသည်
သာလှတစ်ယောက် မနေ့က နေဝင်ချိန် ရွာထဲကိုယ်တီးလုံးနဲ့ ပြေးနေသည်ဆိုတဲ့သတင်းပါ
သာလှတစ်ယောက် ၂ ရက် ၃ ရက်လောက် အခန်းအောင်းနေပါတော့သည်

သာလှတစ်ယောက် အိမ်တွင်းအောင်းတုန်း ဖြစ်ခဲ့တဲ့ ဖြစ်စဉ်က ဒီလိုပါ

ဦးကရင်သည် လူပေလူတေကြီးဖြစ်သည် အရက်ကို မိုးလင်းမိုးချုပ်သောက်ကာ ဘာတခုမှ အကြောက်အလန့်မရှိသည့်သူပင်တည်း
တကိုယ်တည်း အိမ်ထောင်မရှိ လူပျိုကြီးဖြစ်သဖြင့် အပူအပင်လဲ မရှိပေ
ယခုလည်း ကျွဲလူးအင်း အင်းဖော်တုန်း ညလာစောင့်ပေးပါဆိုလို့ ထွက်လာခဲ့ခြင်းဖြစ်သည် အခကြေးငွေလည်း ရပေမည် သူကြိုက်သော အရက်ကလဲ အလျှံအပါယ် ဖြစ်မည်ဆိုတော့ သူခြေလှမ်းများက သွက်နေလေတော့သည်
ကျွဲလူးအင်း ဒီနေ့အင်းဖော်မည်ဖြစ်သည် ထို့ကြောင့် ဦးကရင် ညနေ အင်းကိုအရောက် ချီတက်လာခြင်းဖြစ်သည် အင်းကိုရောက်တော့

''' ကိုကရင် လာဗျ '''
အင်းသူကြီး ဦးတင်ဖေက ကိုကရင်ကိုမြင်တော့ လှမ်းခေါ်လိုက်ခြင်းဖြစ်သည် ဦးတင်ဖေနှင့် အသက်ကမတိမ်းမယိမ်းပါ နှစ်ယောက်စလုံး ၅၀ ကျော်များပင်
ဦးကရင်လဲ ဦးတင်ဖေ၏တဲအတွင်းသို့ ဝင်ထိုင်လိုက်လေသည်

''' ငါးက ရွာထဲဖောက်သည်နဲ့ အခြားနယ်က ဖောက်သည် လာယူလို့တော်တော်များများ ကုန်သလောက်ပါဘဲ အချိန် တရာကျော်ကျော်လောက်ဘဲ ကျန်တော့တယ်ဗျ
ဒါကလဲ မနက်ယူမယ့် ဖောက်သည်တွေလာရင် ကုန်မှာပါ ''''
ဦးတင်ဖေက အင်းတဲဘေးရှိ ငါးချိန်နေသောလူများကို ကြည့်၍ ဦးကရင်ကိုပြောလိုက်ခြင်းဖြစ်သည်

''' ဒီတစ်ခါငါးရနည်းတယ်ဗျာ အရင်ကလောက်မရဘူး အရေးထဲ လူကနည်းပါတယ်ဆိုမှ တူတော်မောင်က နေမကောင်းဘူးတဲ့ဗျာ '''
သာလှကို ရည်ရွယ်ပြောခြင်းဖြစ်သည်

''' ညကျရင် ကျန်တဲ့ငါးတွေကို ဟိုနေရာမှာဘဲထားခဲ့မယ် အိမ်သယ်ဖို့ကလဲမလွယ်ဘူး အိမ်ကလဲ ကျဉ်းတယ်လေဗျာ ဒါကြောင့် ခင်ဗျားကို စောင့်အိပ်ဖို့ခေါ်လိုက်တာဗျ ''''
ဦးတင်ဖေ က ဦးကရင်ကိုပြောနေခြင်းဖြစ်သည်

''' ခင်ဗျား အိပ်ဖို့ စောင်ရယ်ခေါင်းအုံးရယ် ဟိုမှာဗျ ခနနေရင် ဆေးလိပ်ရယ် ခင်ဗျားအတွက် ရိက္ခာလေးပို့ပေးမယ် ''''
''' ရပါတယ်ဝေ့ '''
ရောက်ကတည်းက စကားတခွန်းမှမပြောသေးသော ဦးကရင် မိမိအတွက် ရိက္ခာဆိုတဲ့ အသံကြားမှ စကားသံထွက်လာသည်

''' ကဲ ကိုကရင် ထမင်းရော ဟင်းရော အိုးထဲမှာဗျ ခင်ဗျားစားချင်တဲ့ အချိန်မှစားဗျာ'''
သိပ်မကြာပါ အရက်ကို ဂါလံဘုန်းနဲ့ ဆွဲလာသော ဖိုးထူး အင်းတဲသို့ပြန်ရောက်လာသည်
အရက်က ပြည့်မပြည့်တော့မသေချာ ဖိုးထူးလမ်းမှာ မော့လာမှာတော့ အသေအချာပင်

၆း ၃၀ လောက်ကျတော့ အင်းထဲမှ ဦးတင်ဖေနှင့် လုပ်သားများပြန်သွားကြလေသည်
ဦးကရင်လဲ အရက်ဗုန်းကို ယူ၍ ကစ်လေတော့သည် ညနေက အင်းလုပ်သားများ ကင်ထားသော ငါးကင်က အမြည်းဖြစ်သွားလေသည် ထို့အပြင် အိုးထဲမှာလဲ ဟင်းတွေလဲရှိနေသေးသည်
မှောင်လာသဖြင့် ဓာတ်ခဲနှင့်ဖွင့်သော မီးအိမ်ကို ဖွင့်လိုက်သည် ဓာတ်မီးကို ဘေးချ၍ အင်းရေပြင်က ဖြတ်သန်းလာသော လေနုအေးအေးလေးတွေကို ခံစားရင်း ဦးကရင် ဇိမ်ကျနေပါတော့သည်
အရက်ကလဲ ချက်အရက်မို့ မိမိအကြိုက်ဖြစ်ကာ တခွက်ပြီးတခွက် ကစ်နေမိသည် မိမိထိုင်သောက်နေရာနှင့် ၃ ပေခန့် အကွာတွင်
အပေါ်က မိုးကာဖျင်အုပ်ထားသော ရေခဲရိုက်ငါးများကရှိနေသည်
ဦးကရင်လဲ သောက်ကောင်းကောင်းနှင့် သောက်ရင်း အင်းရေပြင်နှင့် တဲပတ်ဝန်းကျင်ကို ဓာတ်မီးနဲ့ ဝေ့ဝေ့ကြည့်လိုက်သေးသည် ပတ်ဝန်းကျင်ကတော့ ပုဇင်းရင်ကွဲအသံမှတပါး တိတ်ဆိတ်လျှက်ရှိသည်

အချိန်က ကုန်မှန်းမသိ ကုန်လာခဲ့သည် ရေချိန်ကိုက်လာသော ဦးကရင်သည် တချက်ချက် အိပ်ငိုက်လာပါသည်
အိပ်ငိုက်လိုက် တခွက်မော့လိုက်နှင့်ဖြစ်နေလေတော့သည်

''' ဗျစ် ဗျစ် '''
တဲတချက်လောက်သိမ့်သွားမှ ဘယ်လိုကနေ ဘယ်လို ပက်လက်အိပ်ပျော်သွားမှန်း မသိသော ဦးကရင် လန့်နိုးလာသည် မျက်လုံးဖွင့်လိုက်သည်နှင့်

''' ဟင် '''
ပတ်ဝန်းကျင်မှာ အမှောင် အတိကျနေသည် ဖွင့်ထားသော မီးအိမ်က ဘယ်လိုကြောင့် မီးပိတ်သွားသည် မသိပါ
ဦးကရင် ပက်လက်အနေအထားနှင့်ပင် ဓာတ်မီးကို စမ်းလိုက်ပါသည် ဓာတ်မီးစမ်းယူရင်း

''' ဟာ ''''
ဦးကရင် အံ့သြစွာ ရေရွတ်လိုက်မိပါသည်
ဟုတ်ပါသည် ဦးကရင်၏ ခြေရင်းမှာ လူတစ်ယောက်ပါ အုပ်ထားသော မိုးကာဖျင်ကို လှန်၍ ငါးများကို နှိက်နေခြင်းပါ

''' တွေ့ကြပြီပေါ့ကွာ '''
ဦးကရင် စိတ်ထဲမှ ကြုံးဝါးလိုက်ပါသည် ထို့နောက် ဝုန်းကနဲ့ ထလိုက်ကာ ဓာတ်မီးနဲ့ ထိုလူကို ထိုးရင်း

''' ဟေ့ကောင် '''
ဦးကရင် ထိုလူကို လှမ်းခေါ်လိုက်ပါသည်
ထိုလူ အန္တာရာယ် ပြုလျှင် အသင့် အနေထားနဲ့ မတ်တပ်ရပ်လိုက်ပါသည်
ဦးကရင် ထိုလူကို ဓာတ်မီးနဲ့ထိုးလိုက်ပါသည် သေချာထိုးကြည့်မှ အကျီ င်္ဗလာကျင်း အသားညိုညို နှင့် ဆံပင်က စုတ်ဖွားရှည်လျားနေပါသည် ကျောခိုင်းထိုင်ကာ ငါးကို စားနေမှန်း ဦးကရင် သိလိုက်ပါသည် ဦးကရင်သည် ထိုလူ ငါးကိုအစိမ်းစားနေသဖြင့် အံ့သြမိပါသည် စိတ်ထဲမှ ဒီကောင်ဘယ်လိုကောင်လဲဟ တွေးနေမိသည် ထို့နောက်မှာတော့ အတွေးတခုဝင်လာပါတော့သည်

''' ဟင် သူများတွေပြောနေတဲ့ ဒီအင်းထဲက အင်းစောင့် သရဲများလား'''
ထိုအခါမှ ဦးကရင် အနည်းငယ် ကြက်သီးထသွားပါသည် နဂိုက ကြောက်စိတ်မရှိတတ်သော ဦးကရင် သောက်ထားသော အရက်ရှိန် နည်းနည်းပြေချင်လာသည် သို့သော်လည်း သရဲလဲ ချမယ်ကွာဆိုပြီ အားမွေးကာ

''' ဟေ့ကောင် မင်းကိုခေါ်နေတာ မကြားဘူးလား '''
တုတ်တုတ်ပင်မလှုပ်ပါ ထိုအခါမှ ဦးကရင် ဒေါသပိုထွက်လာပါသည် ထို့ကြောင့်

'''' ဟေ့ကောင် ဒီဘက်လှည့်စမ်း မလှည့်ရင် ငါ့အဆိုးမဆိုနဲ့နော် '''
ဒေါသထွက်ထွက်နဲ့ ထိုလူကို အော်ပြောလိုက်ပါသည်
ထိုအခါကျမှ ထိုလူ ဖြေးညင်းစွာနဲ့ ဦးကရင်ဘက်ကို လှည့်၍ကြည့်လိုက်စဉ် ခနဝယ်

ဦးကရင် ခေါင်းနဘန်းကြီးသွားပါသည်
မကြီးဘဲ ခံနိုင်မည်လား ထိုလူလှည့်ကြည့်သည်မှာ ခေါင်းကြီးသက်သက် ပတ်ချာလည် ဆုံလည် လှည့်လာခြင်းဖြစ်သည် ထိုလူ၏ အောက်ပိုင်းခန္ဓာကိုယ်က မလှည့်ပါ
လှည့်ကြည့်လိုက်သော ထို၏မျက်နှာမှာ အဆမတန် ပြူးကျယ်နေသောမျက်လုံး နားရွက်နားအထိကျယ်ဝန်းသော ပါးစပ်
နှာခေါင်းကမပါပါ နှာခေါင်းနေရာမှာ အပေါက်ကလေးသာ ပါ ပါသည် ပါးစပ်ထဲမှာ ငါး၏အသားစများကိုမြင်နေရသည်
ဦးကရင်ကို ပြုံးသလိုလိုနဲ့ ပြန်ကြည့်နေပါတော့သည်
ထိုအခါတွင်မတော့ ဦးကရင်လည်း

'''' နင့်အမေကလွှား သရဲ ဟ ''''
ဆိုပြီး ကရင်သံဝဲဝဲကြီးနဲ့ အော်ကာ ထိုလူ၏ ကျောကုန်းကို စောင့်ကန်ချလိုက်ပါတော့သည်
''' ဝုန်း '''
ကန်လဲကန်ပြီး ဦးကရင်လဲ တချိုးတည်း လစ်ပြေးပါလေတော့သည်

======== ပြီးပါပြီ ==========
အသဲကွဲ ဂုရုကြီး