ဆရာမကို အသက်ပေးပြီး ကာကွယ်မှာပါ

    " Physics မှတ်စုမပါခဲ့ဘူး ဆရာမ "
                      " မနက်ဖြန် physics ဖြေရမယ်ဆိုတာ
                       မသိလို့များလား ငွေဇာ...နမော်နမဲ့လုပ်
                       ရလား..မင်းတို့ကလေ အဲ့ ဒါပဲ လယ်        ထွန်သွားးနွားမေ့ ဆိုတာ ။ ကဲ ... ခု ဘယ် လို လုပ် မလဲ "  
          ကျွန်မ၏ မျက်မှောင် ကုပ်ကာ ငေါက် ငမ်းပြော ဆိုမှုကြောင့် ကျွန်မ guide ပြနေသော ကျောင်းသားလေးယောက် လုံးး မျက် နှာ သေ များဖြင့်  ငြိမ်ကုပ်နေကြပါသည်။  မပြော ၍ လည်း ပြီးးမည်တဲ့လားး။ မနက်ဖြန် pre- test ဖြေ မယ့် ဘာသာရပ် မှ ကျန်ခဲ့ရတယ် လို့ ရှင် ။

 ကျွန်မ ၁၀ တန်း အောင် ပြီးသည်နှင့် ရွာမှ ကျွန်မ ၏ မိဘများနှင့် ဆွေ မကင်းး မျိုမကင်း မိသားစု များမှ သားသမီးးလေးများအား မငြင်းနိုင်လောက်သော အကြောင်း တရားများကြောင့် ၁၀ တန်း ကလေး လေး ယောက် အားးည ဘက် စာဖတ် guide ပြရပါတော့သည်။ ယောက်ကျာ်းလေး ၃ ယောက်နှင့် မိန်းကလေး ၁  ယောက် ဖြစ်သည်။ ခုပဲ ကြည့်လေ နမော် နမဲ့ မိန်းကလေးးဖြစ်သည့် ငွေဇာက မှတ်စုစာအုပ်မပါသည်က ပြသနာ အစ။
                " ကဲ ...ထားတော့ ဟို သုံးကောင် နဲ့ ပေါင်
းကြည့်တော့ ငွေဇာ "
                  " ဆရာမ ... သမီး ပြန်ယူချင်ပါတယ်သူ
                  များ မှတ်စု နဲ သမီးး မကြည့် တတ် ဘူးး "
        " * ဟဲ့..  မင်းအိမ် က ရွာ တောင်ပိုင်းမှာ ရွာလယ်
             ဇရပ် ကို ဖြတ် ပြီး သွားရမှာ မဖြစ်ဘူး *"
ကျွန်မ ငြင်းဆန် လိုက်မိသည်။ ဟုတ် တယ်လေ ...ကောလဟာလ လားးမသိပေမယ့် ခုတစ်လောရွာ ထ ၌ သတင်းးတစ် ချို့ ကြား နေရသော ကြောင့် ဖြစ်ပါသည် ။ ဘာတဲ့ .. " ကလေးငယ် တစ်ယောက် နဲ့ သရဲ မကြီးး ရွာ ထဲ မှာ ညနက်ချိန် ဆို ငိုညည်းလျှက် လျှောက် သွားနေတယ် " တဲ့ ။ အထူးသဖြင့်  ရွာ လယ် ဇရပ် မှာအမြဲ တမ်း မြင်ရတယ် ဆို ပဲ ။ ယခု ကျွန်မို့ တပည့် မလေး ငွေဇာအိမ်သို့ သွားမည် ဆိုလျှင် ၎င်းဇရပ် အားအမှန် ပင် ဖြတ် သန်းသွာူရပေလိမ့်မည်။
                    လူ အများ ပြော စကား အားယုံကြည်သည်မဟုတ် သော်ငြားလည်း အနည်းငယ်မျှ စိုးရွံ့ စိတ် ဖြစ်မိသည်ကိုတော့ ၀န်ခံရပါမည်။
   " ဆရာမ .. ကျွန်တော် တို့ သုံးယောက်ပါတာပဲ ဗျ။ လကလဲ သာနေသေးတယ်  မကြောက် ပါနဲ့ သွားရအောင်ပါ "        တပည့်လေး သိန်းဝင်းက ၀င်ပြော သည်။
        " ဟဲ့.... ငါက ကြောက်စရာလားး .. ညနက် လို့
         ပြော နေရတာ  .. အလုပ်မဟုတ်တာ "
ကို နိုင်က  " အားးး ဆရာမကလဲ ကျွန်တော်တို့က
                    မယုံ ကြည် ပါဘူးဗျာ ဆရာမက ယုံ
                   ကြည် လို့ လားး "
ပြန်လည် ချေ ပ ရန် ပါးစပ်အားး ပြင် လိုက်စဉ်မှာ ပဲ
                  "  သွား ပြန်ယူရအောင်ပါဆရာမ .. အတွ့
                  အကြုံ လဲ ရအောင်ပါ ။ သရဲမ တကယ်
                   ရှိ လား ဆိုတာ ကို လဲ အရမ်းးသိချင်ကြ
                    တာပါ ။ ကျွန်တော် တို့ သုံးယောက် အဲ့
                   အကြောင်း တိုင်ပင်နေတာ တစ်ပတ်
                   လောက် ရှိ ပြီး ။ ဆရာမ မကြောက်ရင်
                သွား ကြရအောင် နော် ဆရာမ  .."
ဦးဌေး ၀င်း ၏ အပြော က ကျွန်မ အား မတ်ခနဲ ဖြသ်သွားစေသည်။ ဘာတဲ့ #...ဆရာမ မကြောက်ရင်   #
တဲ့ ။  ဟွန့် ... ငါ့များးး အထင်သေး လို့ ~~~~
     "* ငွေဇာ .... ဆရာမ အနွေးထည်ယူလိုက်စမ်းး "
ငွေဇာအားလှည့်၍ ပြော အပြီးမှာတော့ ----
       " ဟေးးးး ဒါမှ တို့ ဆရာမ ကွ ...."
ယောကျာ်းလေး သုံးယောက်၏အပျော်များသည် ကျွန်မ အားး ပြုံးမိစေပါသည်။
      " ဆရာမ ဘာမှ မကြောက် နဲ့ သိလား ...
      ကျွန်တော် တို့သုံးယောက်က  ဆရာမကို
       အသက်ပေးးပြီးးးကာကွယ် မှာပါ .. "
သိန်းဝင်းစကားးအားးထောက်ခံ သည့် ပုံစံဖြင့် ကျန် နှစ်ယောက်က ခေါင်း တစ်ငြိမ့် ငြိမ့် ဖြင့် ဟုတ်ပါတယ် ဆို၏။
               "* အေးပါ ဟုတ်ပါပြီးးးးးး ကာကွယ်
              ရေးးတပ်ကြီးရယ် ရှေ့က ကြွ ကြပါ ..*"
ကျွန်မ ၏ ခနဲ့ တဲ့တဲ့ အပြော ကြောင့် တပည့် လေးယောက် လုံး ရယ် ကြပါ၏။      တ်ကောင့်သားသုံးးကောင်ကတော့  ခပ်တည်တည်ဖြင့် ခြံထောင့်ရှိ ထင်းပိုင်း တစ်ယောက် တစ်ပိုင်းစီ ကောက်ကိုင်ကြပြီး သူတို့ အချင်းချင်းပြောနေကြသည်ကတော့ ~~~
            # ငါတို့ဆရာမနား ကပ်လာလို့ကတော့ကွာ
               ဘာကောင်ဖြစ်ဖြစ်ချကွာ ..အသေသာ
               ဆော်ကွာ ...# တဲ့ ......လုပ်လိုက်စမ်းဟ။
ကျွန်မအိမိမှာရွာ၏ မြောက်ဘက်ပိုင်းမကျတကျ၌ရှိ၏။ ရွာလယ်သို့ဝင်မည်ဆိုလျှင် ရေကန်ကြီးနှစ်ကန်ကြား လူနှစ်ယောက်ယှဉ်လျှက် သွားသာရုံ လူသွားလမ်းလေးမှ လျှောက်ဝင်ကြရသည်။ ရေကန်နှစ်ကန်လုံး၏အနက်မှာ ခါးလယ်လောက်ရှိ၏။
           #######################
                      ည ၉ နာရီ ဟူသောအချိန် သည် သာမာန်အားဖြင့် နောက်ကျသည်မဆိုသာပေမယ့် ကျွန်မတို့ ရွာ အတိုင်း အတာအနေဖြင့် လူခြေ တိတ် သည့် ညနက်ပိုင်းပင် ပင်ဖြစ်သည်။ ယောကျာ်းလေး ၃ ယောက်က ရှေ့မှ သီ ချင်း တစ် ကြော် ကြော် ဖြင့် သွားကြ၏။ ကျွန်မ နှင့် ငွေဇာ က နောက်မှ ဖြည်းဖြည်းချင်းလျှောက်သည်။
                   မကြောက်ဟု စိတ်က ထင်ထားသော်ငြားလည်း ၎င်းနာမည်ကြီးသောရွာလယ် ဇရပ် နားးးအရောက်မှာတော့ တိတ် ဆိတ် မှုနှင့် မှောင် မိုက်နေမှုက တပည့်လေးးးတွေ တော့ မသိ ကျွန်မ အား အေးစိမ့်သော ခံစား ချက် တစ်မျိုး ဖြစ်ပေါ်စေခဲ့သည်။
အီကျီင်္ ရင်ဘတ်အား ထပ်မံဆွဲ စိရင်း အေးလိုက်တာဟု ပါးစပ်မှငြီးတွားမိ၏။ ( အကြောက်ပြေလိုပြေငြားး)  ဇရပ်နား အဖြတ်မှာတော့ ယောကျာ်းလေး သုံးယောက်၏ သီ ချင်း သံ သည် သာမန် ထက် ပို ကျယ်နေသည်ဟု သတိ ထားလိုက် မိသည်။
                   ဇရပ် အား ဖြတ် သန်း ပြီးသည့် တိုင် အခြေ အနေက ပုံမှန် အတိုင်းပင်။ ဘယ်မှလဲ ကလေတစ်ယောက်နှင့် သရဲမ ။ အလကားး ရွာမှကာလသားများမဟုတ်မမှန် သတင်းလွှင့်တာပဲ ။
အတွေး မဆုံးးခင်လေး မှာ ငွေဇာအိမ်သို့ ရောက်နှင့်နေပြီးး။
  " ဆရာမ အိမ် ပေါ် တက်ပါ ..."
  "* နေ   နေ   ..မင်းးစာအုပ်တွေသာ သွားယူ
   ဆရာမ ဒီ ကောင်တွေ နဲ့ ကျန်ခဲ့မယ် ...သွားး ...သွားးးးးး*"           ငွေဇာ အိမ်ထဲဝင်သွားသည်နှင့် ~
" တွေ့ လားး   ဆရာမ ....ကျွန်တော်တို့ သုံးယောက်ကို သရဲမကလေးအမေ ကြောက် ထှာ ကြောက်ထှာ....ပေါ် ကို မလာတော့ဘူးး ဟဲဟဲ  "
"* အေးပါ... မောင်မင်းကြီးသားတို့ရယ် *"
                      ရယ်ဟဟ ဖြင့် ကျွန်မ ပြန်ပြော လိုက်သည်။ခုမှ စိတ် က ဒုံးခနဲ ကျ ၏။ သူတို့ သုံးယောက်ကတော့ တစ်ယောက် တစ်ချောင်းတစ်ချောင်း ကိုယ်စီ ဖြင့် အချင်းချင်းးတုတ်သိုင်းး ပြလေကြလေရဲ့။
" ယီးးးးယားးးးးးးးးးကျားးးးးးးဖြောင်းးးးးးး"
#############################
            အပြန်ခရီး၌ ကျွန်မ လက်မှ ဓာတ်မီးအားငွေဇာကိုင်ကာ ကျန်လက်တစ်ဖက် က ကျွန်မ လက်မောင်းအားး ချိတ်ကာ လျှောက်ပါသည်။ယောကျာ်းလေး သုံးယောက်က ရှေ့မှ ဓာတ်မီးတစ်လက်ကိုင်ကာစကားးတစ်ပြောပြောဖြင့် သွားကြ၏။ဒီတစ်ခါသီချင်းမဆိုကြတော့ချေ။
ရွာလယ်ဇရပ် ပြန်ဖြတ်ချိန်၌ ကျွန်မစိတ်ကညစ်ကျယ်ကျယ်အတွေးတစ်ခုထွက်လာ၏။  သို့နှင့် ~~~
                "* ငွေဇာ ......ဆရာမပြောတာသေချာနားထောင် ဆရာမက တစ်...နှစ်...သုံးး လို့အော်တာနဲ့ သရဲဆိုပြီးး သူတို့ကို ပြေးပြီးခြောက်ရအောင် မှတ်ထားနော်  *"
   "  အဟိ .......ဟုတ် ကဲ့ ပါ ဆရာမ "
ငွေဇာ ကလဲ ပျော်ရွှင်သွားသည့် ပုံစံ ။ ထို့နောက် နှစ်ယောက်သားကြားနိင်လောက်သောလေသံဖြင့် တစ်    နှစ်       သုံးးး ဟု ဆို လိုက်သည်နှင့် ကျွန်မ တို့ နှစ်ယောက် လုံးးးး
    " သရဲ ..... သရဲ " ဟု အော်ကာ ရှေ့မှ ယောကျာ်းလေး သုံးယောက်အားးး ကျော်တက်ပြေးပါတော့သည်။       
                   " အားးးးးးးးးးး သရဲ...သရဲ...သရဲ "
အော်သံ များးဆူညံပွတ်လော ရိုက်စွာ ဖြင့် ၀ုန်းဝုန်း  မြည်ကာ ကျွန်မ နှင့် ငွေဇာအားးး တိုးတိုက်၍ လက်မှ တုတ် များ အားး ပစ်ချကာ တကောင့် သားး သုံးးကောင်လုံးးလေကဲ့သို့ အဟုန် ဖြင့် ကြောက်လန့်တကြားအော်ကာ ဓာတ်မီး ရောင် တစ်ဝင့် ၀င့် ဖြင့် မျက်စိေ ရှ့ မှ ချက် ချင်း ပင် ပျောက် သွား ကြတော့ သည်။
                          ထိုအခါမှ ကျွန်မ နှင့် ငွေဇာ ပြေးနေသောခြေလှမ်းးအားးပုံ မှန်လျှောက်ရင်း ခွက်ထိုးး ခွက်လန်ရယ် လိုက်ကြပါတော့သည်။ ကြည့်စမ်းပါတော့ရှင် # ဆရာမ ကို အသက်ပေးပြီးကာကွယ်မှာ # တဲ့ ။ ဟားးးးးး ဟားး ဟားးး  စိတ်ထဲ ၌ ကျလိကျလိ လှိမ့် လှိမ့် ပြီးရယ်   ချင်နေမိသည်။
တွေ့မယ် အိမ်ရောက်ပါစေ။ သေချာပေါက်ပြောဦးမယ်ဟု စိတ်မှာတေးးမှတ် လိုက်မိသည်။
                         ကျွန်မ တို့ စကားတစ်ပြော ပြော ဖြင့် လျှောက် လာရင်းးရှေ့ ကို လှမ်းကြည့် လိုက်တော့ ထို သုံးးကောင် ၏ အရိပ်အယောင် မျှ ပင် မမြင်မိ။ဒီ အချိန် လောက်ဆို သူတို့ပြေး ပုံ မျိုးဖြင့် အိမ်သို့ ပင် ရောက်လောက် ပြီ။
  " ဆရာမ ကို အသက် ပေးပြီးကာကွယ်မှာ ဆို ပဲ  ခိခိ"                   ငွေဇာက ပြော ပြီးရယ် နေသည်မှာမဆုံးတော့ချေ။
              "* အေးပါဆို   ဟားးးးးဟားးး*"    ထိုစဉ် ~~
               " ဟိဟိ    ခိခိ ......"     တိုးတိတ်သောရယ်သံ သဲ့သဲ့ ကြားလိုက်ရ၏။ ကျွန်မ ငွေဇာအားးလှည့် ကြည့်လိုက်တော့ သူမလည်း ကြာဟန်တူပါသည်။ ကျွန်မ အားးးလှည့်ကြည့်ချိန်နှင့် ကွက်တိ။ အသံကြားရသော လမ်းချိုးလေး၏ မှောင်ရိပ်ဆီသို့ ကျွန်မ တို့ နှစ်ယောက်လုံး၏ မျက်လုံးစိုက်ကျသွားမိ၏။   " ဟိဟိ       ခိခိ"    
ဟားးးးးးးးးး သိသားပဲ။ ကျွန်မ တို့ အား တကောင့်သားသုံးကောင်ကလဲ့စားးချေလေပြီး။ ကျွန်မငွေဇာအားး မဲ့ ပြုံးးး ပြုံးး ပြလိုက်၏။
ငွေဇာအားးး  မျက်ရိပ် ပြကာ တစ်နှစ်    သုံးးးး ဟု  အော် လျှက် ကျွန်မ က   သရဲ   သရဲ  ဟု အော်၍ ငွေဇာ နှင့်ပြေးပါ၏။
ကျွန်မ တို့ နည်းတူ အနောက်မှလည်း ဘုတ် ဘုတ် ဘုတ် ဖြင့် ဖိနပ်သံ မြည်ကာ ပြေးးလိုက်လာပါတော့သည်။ ကျွန်မ တို့ အနည်းငယ် ပြေးပြီးးနောက် စ မနေတော့ပါဘူးးးးး ဟုတွေးကာ အပြေးရပ်လိုက်သည်။
                   "* ဟားးးဟားးးးဟားးးး*" ကျွန်မ ရယ်သံ။
                   " ခ်ခ်ခ်ခ်ခ်ခ်ခ်ခ်ခ်စ်ခစ် ခစ်"
အနောက်မှ လိုက်ရယ်သံ ။    ဟွန့် ..........မင်းတို့လောက်ပျင်းးပါသေးရဲ့ ။ပြောရင်းဖြင့် ဓာတ်မီးအားးးအနောက်လှည့် ထိုးးကြည့် လိုက်တော့ ဘာမှ မရှိ ပါလားး။ ဟင် .......ဘာလဲဟ။ ပတ်ပတ်လည် လိုက်၍ ထိုးကြည့်တော့ မှ ဘာမမြင် ။ သေပြီ ဆရာ ။ ငွေဇာ ကျွန်မလက်အားတင်းကျပ်စွာဆွဲပီးးးးး
ပါးစပ်မှလည်းး   "   ဆ .............ရာ.......မ "
                 "* အေးးးးးးးးပြေးဟေ့ ပြေးတော့ဟ
                       ဒီတစ်ခါ အတည်ကြီးး *"
ကျွန်မ ပြောလဲပြော ငွေဇာအားဆွဲကာပြေးပါတော့သည်။ထပ်ကြပ်မကွာ ပါလာသည်က
# ဟိဟိ ခိခိ ဟိဟိခိခိ#
အားကုန် ပြေးကြပါတော့သည်။ ခုတော့ ကိုယ့်ကိုယ်ကို ကျိန်ဆဲမိသည်။ ကဲ ...စချင်ဦးးးးဟဲ့ ချောက်ချ ချင်ဦးဟဲဟုပင် ။
ကျွန်မတို့နောက်မှထပ်ချပ်မကွာကြားရသော ရယ်သံသည် တစ်ဖြည်းဖြည်း ငိုညည်းသံပြောင်းကာ ~~~
                 " အဟင့်  ဟင့် ဟင်းးး ဟင်းးးးး"
မရပ်မနားကြားနေရသည်။ကြောက်ကြောက်လန့်လန့်ဖြင့်ပြေးလာသည်မှာ အိမ်နားရှိ ကန် နှစ်ကန်ကြားလမ်းသို့ ပင်မည်သို့ရောက်လာသည်မသိချေ ။
ကန် လမ်းးးသို့ရောက်ချိန်  အနောက်မှ လိုက်လာသောအသံ   တိတ် သွား၏။ အနောက်မှ အသံအားနားစွင့် ရင်းးအလာ ~~~
               " အဟီးးးးးးးးးးး"
ပြူးပြူးပြဲပြဲ မျက်နှာကြီးတစ်ခု ကျွန်မ မျက်စိရှေ့ မှ ဘွားခနဲ ပေါ်လာ၏။ ကြောက်အားလန့်အား ခြေထောက်ဖြင့် ဆောင့် ကန်လိုက်စဉ်။
              " Oုန်းးးးးးOုန်းးးးးး Oုန်းး"
ရေကန်ထဲ ပြုတ်ကျသံ ။ ၎င်းသတ္တဝါကြီး မျက်စိရှေ့မှ
ပျောက်သွား၏။ ကျွန်မနှင့်ငွေဇာ အိမ်သို့ မည်သည့်ပုံစံဖြင့် ရောက်လာသည်မသိ။
              " သမီးးးးးးဘာဖြစ်လာတာလဲ အလန့်တကြားနဲ့ "  အဖေ က အိမ်ထဲမလှမ်းမေးရငှ်း ပြေးထွက်လာသည်။
                "* ဟို ကောင် သုံးကောင် ရောဖေဖေ *"
                 "မရောက်သေးဘူးလေ သမီးတို့ တူတူ
                 သွားကြတာ မဟုတ်ဘူးလားး"
ထိုစဉ်~~~~~~
                     " အောင်မလေးးးးးဆရာမရဲ့ ..."
အော်ကြီးဟစ်ကျယ်ဖြင့် ပြေးဝင်လာကြသော ထို သုံးကောင်။ လှည့် ကြည့် လိုက်တော့ ရေများ စို ရွှဲ လျှက် ~~~~~
                       "* နင်တို့က ဘယ်လိုဖြစ်ပြီး .....*"
စကားတစ်ပိုင်းတစ်စဖြင့် ရပ်တန့် သွား ရ၏။ကျွန်မ တစ်ပည့်လေး သုံးယောက် လုံး ကြွက်စုတ်လေးတွေ လို ဖြစ်နေကြ၏။မျက်လုံးမှ အကြောက် တရား များအား အတိုင်းသား မြင်တွေ့ နေ ရပြီး နှုတ် ခမ်း များဖြူ ဖျော့ နေကြ၏။ မျက် လုံးတွေ ကလဲ ကျီးလန့် စာစာ တောင် ကြည့်  မြောက် ကြည့် ဖြင့် ~~~~
          " ကဲ ....ကဲ...အ၀တ်အစား အယင် လှယ်ကြ"
ကျွန်မ ၏ အဖေ မှ သတိပေးကာ ပြောလိုက်၏။အ၀တ်အစားများလှယ်ပြီးသည်နှင့် ဖြစ်ကြောင်းကုန်စဉ် ပြော ကြ သော အခါ@@@
ကျွန်မ၏ခြောက်လန့်မှူကြောင့် သူတို့ထွက်ပြေးခဲကြသည်။ ကန်နားသို့ အရောက် မှာတော့ တွေးမိသည်မှာ ဆရာမ စနောက်လေခြင်းးးဖြစ်မည်။ထို့ ကြောင့် ဆရာမ အလာ အားးးး စောင့်ကာ ပြန်ခြောက်မည်ဟု တိုင်ပင်လျှက် စောင့်နေကြ၏။
တစ်အောင့်မျှ ကြာချိန် ...
ဆရာမ နှင့်  ငွေဇာ ပြေးလာ သည် အားးး မြင်၍
သုံးယောက်သား ကန် ကြားလမ်းမှ ဆင့်ကာ မျက်နှာချင်း ပူး၍ လူတစ်ကိုယ် ခေါင်းသုံးလုံး ပုံ စံ ဖြင့် ဓာတ်မီး ကို မျက် နှာ အောက် မှ ပင့် ထိုးကာ ရုတ်တရပ် ခြောက်လန့် ချိန် မှာတော့ ~~
မထင်မှတ် ထားသော ဆရာမ၏ တုန့် ပြန်မှု ကြောင့် ဆောင့်ကန် ခံရကာ ရေထဲ သို့ သုံးယောက် လုံး ဆင့် ပြီးပြုတ် ကျသွားချိန် အပေါ် မှ  .......
ဆရာမ က လက် ကမ်းပြီး ဆွဲ တင် မှ ကျွန်တော် တို့ သုံးယောက် လုံးး အပေါ် ရောက် နိုင်တော့သည်။
မူးနောက်နေအောင် ခံစားးး လိုက်ရပြီးးးးးးး
ကန်ရေ တစ်ယောက် တစ်ငုံစီ သောက်လိုက် ကြရသည်။
                     အပေါ်ရောက်တော့ ကျွန်တော်တို့၏ အီကျီ အစို တွေ အားး ကိုယ်မှ ဘေးသို့ စု ကိုင်ကာ ရေညှစ်ပေးသော ဆရာမကြောင့် ~~~~±±±
                " သြ..ဆရာမ ခင်မျာ  ငါတို့ကို တော်တော်
                  သနား မိသွား မှာပဲ "  ဟု တွေးကာ
ကျေနပ်နေဆဲ *******
               " ဒုတ် ...ခွပ်...ခွပ်...ခွပ် "
               "  အားးးးးးးးးးးးးးးးးးး "
သုံးယောက်လုံး၏  ဆံပင် များ အားး ဆွဲကာ သုံးခေါင်းပူး ဆုံအောင် ဆောင့် လိုက်သည်မှာ  မူးနောက် ရီ ဝေ သွား ရပါ၏။
              " ဆရာမ ...ဘာဖြစ်... ဖြစ်  ......"
သုံးယောက် လုံး စကားပင် မဆုံးလိုက်သေး ~~~~~
             " ဟင်းးးးးးဟင်းးးးးးဟင်းးးးး"
ငိုညည်းသံ။  ထို အခါ မှ သေချာ ကြည့် မိသည်မှာ
မိန်မ အရိပ်ဘေးမှ ကလေးငယ် တစ်ဦး ထိုင်နေသည့် ပုံရိပ်အား သတိ ထားမိ လိုက် ပါ တော့ သည်။
သုံးယောက် သား တိုင် ပင်စရာ မလို အောင် လှည့် ပြေး လိုက်သည် မှာ တစ်ချိုးတည်း ဖြင့် ယခု ပုံစံ အိမ် သို့ ရောက် ရှိ လာ ပါ တော့ သည်။ ၎င်း တို့ သုံးယောက်အား မည်သည့် စကားတစ်ခွန်းမျှ ကျွန်မ မပြော ဖြစ် ပါတော့ချေ။
ထို ကဲ့ သို့ ဖြစ်လာခဲ့ရသည့် တရားခံသည်ကျွန်မပင်လော။
သို့ လော သို့လော အတွေး များဖြင့်   တပည့် များအားငေး၍သာကြည့်နေမိပါတော့သည်။
သူတို့ သည်လည်းး ကျွန်မ မျက်နှာအားးး အရိပ် တစ်ကြည့်ကြည့် ဖြင့် ငြိမ်သက် နေ ကြလေတော့သည်။
သေချာနေတာ ကတော့ မနက်ဖြန်ဖြေမည့် Physics
ကတော့ အောင်မှတ် ပင်ရမည်မထင်တော့ချေ။
ဆရာမ    တော်ချက်က 9+++ ။
 
                                         ANK

0 comments:

Post a Comment