တကယ်တော့ ပေးစရာရှိရင်ပေး ယူစရာရှိရင်ယူ ဆပ်စရာရှိဆပ်
သံသရာအထိပါမလာအောင် လုပ်ဖို့အရေးကြီးတယ်ဆိုတာ ကျွန်တော် နားလည်သွားပါပြီ.........
သူတစ်ပါးဆီကနေ တခါတရံလေးဖြစ်ဖြစ် အချေးအငှါးလုပ်ဖူးတယ်
ဆိုရင် သေချာပြန်ပေးဖို့သိပ်အရေးကြီးတယ်ဆိုတာ ကိုလည်း နား
လည်သွားခဲ့ပါပြီ.......
စည်သူနိုင်နဲ့ကျွန်တော်ကသူငယ်ချင်းအရင်းခေါက်ခေါက်ပေါ့ဗျာ...
ကျွန်တော့်အသက်ကအခု ( 27 )နှစ်...စည်သူနိုင်ကအသက်(28)နှစ်
တစ်နှစ်လောက်ပဲကွာတဲ့သူတွေပေါ့...
သံသရာအထိပါမလာအောင် လုပ်ဖို့အရေးကြီးတယ်ဆိုတာ ကျွန်တော် နားလည်သွားပါပြီ.........
သူတစ်ပါးဆီကနေ တခါတရံလေးဖြစ်ဖြစ် အချေးအငှါးလုပ်ဖူးတယ်
ဆိုရင် သေချာပြန်ပေးဖို့သိပ်အရေးကြီးတယ်ဆိုတာ ကိုလည်း နား
လည်သွားခဲ့ပါပြီ.......
စည်သူနိုင်နဲ့ကျွန်တော်ကသူငယ်ချင်းအရင်းခေါက်ခေါက်ပေါ့ဗျာ...
ကျွန်တော့်အသက်ကအခု ( 27 )နှစ်...စည်သူနိုင်ကအသက်(28)နှစ်
တစ်နှစ်လောက်ပဲကွာတဲ့သူတွေပေါ့...
Accounting ပါ...အဲ့ဒီသင်တန်းမှာစည်သူနိုင်နဲ့ခင်မင်လာရာက
ဘော်ဒါအရင်းကြီးတွေဖြစ်သွားကြတော့တယ်။
သင်တန်းမှာစာအတူလုပ်ဖြစ်ရင်း တစ်ယောက်အိမ် တစ်ယောက်
အ၀င်အထွက်များလာတော့ ပြောမနာ ဆိုမနာပေါ့ဗျာ...
သင်တန်းပြီးတော့ ကျွန်တော်လည်း company တစ်ခုမှာ အလုပ်ဝင်ဖြစ်သွားတယ်...
သူလည်းတခြား company တစ်ခုမှာအလုပ်ရသွားတယ်...
ဒါပေမယ့် တစ်နေ့မှာတော့ သူ ကျွန်တော့်ဆီ ရေးကြီးသုတ်ဖြာနဲ့
အကူအညီလာတောင်းတယ်ဗျ...
'''' ကျော်သက် ငါငွေနဲနဲလိုနေလို့ ပိုက်ဆံတစ်သိန်းလောက်ခဏလှည့်
ကွာ ဒီလ လစာထုတ်ပြီးတာနဲ့ ချက်ချင်းပြန်ပေးပါ့မယ်..အရေးကြီးနေလို့ကူညီဦးကွာ...''''
'''' ဟာ... ဘာကိစ္စဖြစ်လို့လဲကွ... မင်းကလဲ လောကြီးနဲ့..''''
'''' ကုမ္ပဏီ မှာ အလျော်ပေးရမှာမို့လို့ပါကွာ...ငါတခြားဘာမှမသုံးဖြုန်းတတ်တာမင်းလဲအသိပဲ...ဒီညနေပိုက်ဆံသွင်းရတော့မှာကွ...လုပ်
ပါကွာ...''''
အလုပ်နှင့်ပါတ်သက်နေတယ်ဆိုတော့ မကူညီရင်လည်းမကောင်း
ဘူးဗျ... ကျွန်တော်ကိုယ်တိုင်လည်း မှားယွင်းမှုတစ်ခုဖြစ်ခဲ့လို့ လျှော်ပေးခဲ့ရဖူးတယ်လေ...ဒါကြောင့်ကိုယ်ချင်းစာမိပြီး ကျွန်တော့်မှာ
ရှိတဲ့ပိုက်ဆံတွေကိုစုကြည့်လိုက်တော့ ခုနှစ်သောင်းစွန်းစွန်းပဲရှိတယ်
'''' ကဲကွာ...ခြောက်သောင်းတော့ရမယ်...ဒါကတော့ငါသုံးဖို့ချန်
ထားပါရစေကွာ...မင်း အဆင်ပြေတဲ့အချိန်ပေး..ဟုတ်ပြီလား..''''
'''' ခြောက်သောင်းလုပ်မနေနဲ့ တော့သူငယ်ချင်း...ခုနှစ်သောင်း
လုံးသာ ချေးလိုက်ကွာ... ငါသေချာပြန်ဆပ်မှာပါ...မဆပ်နိုင်ရင်
မင်းအိမ်မှာ ထမင်းချက်လာလုပ်ပေးမယ် ဟေ့ရောင် ဟ ဟ ''''
'''' ဟေ့ကောင်...ဟာ...မင်းကတော့ကွာ...''''
ပြောပြောဆိုဆိုကျွန်တော့်လက်ထဲကပိုက်ဆံကိုယူပြီး စ နောက်
ရင်း သုတ်ချေတင်ပြန်သွားတော့တယ်.....
စည်သူနိုင်က စားဖိုမှူးနီးနီးဟင်းချက်ကောင်းတဲ့သူလေ....
တခါခါ ကျွန်တော်သူချက်တဲ့ဟင်းတွေစားပြီး ...
''' ငါ သူငှေးဖြစ်ရင် မင်းကိုစားဖိုမှူးခန့်မယ်.... '''
ဆိုပြီး စနောက်တော့ သူက ''' အေးကွာ.. ဘောစိမြန်မြန်ဖြစ်
စေသတည်း...''' ဆိုပြီးပြန်နောက်တတ်သေးတယ်...
အဲ့ဒီနေ့ကစလို့ သူနဲ့ကျွန်တော်မတွေ့ဖြစ်တာသုံးလေးလလောက်ရှိ
လာတယ်ဗျ...
ကျွန်တော်လည်းချွေးနဲစာလေးမို့ တစ်နေ့လာပေးနိုး..လာပေးနိုးနဲ့
စောင့်ရတာ လည်ပင်းလည်းရှည်လာပြီ...မလာနိုင်တာနဲ့... အလုပ်
ပိတ်ရက်တစ်ရက် ညနေခင်းအချိန်လောက် သူ့အိမ်ကျွန်တော်လိုက်သွားကြည့်ရတော့တယ်...
မနက်စောစောစီးစီးဆို အကြွေးတောင်းလို့မကောင်းဘူးဗျ...
ဒါကြောင့် ညနေပိုင်းကိုပဲ ရွေးလိုက်တာပါ...
သူက တာမွေကတိုက်ခန်းမှာနေတာဗျ...။သူ့မှာမွေးချင်းမောင်နှမက
လည်းများ.... တစ်အိမ်လုံးမှာအလုပ်ရှိတာဆိုလို့ စည်သူနိုင်နဲ့ သူ့အစ်မအပျိုကြီးမမခင် တို့နှစ်ယောက်ပဲရှိတယ်...
ကျန်တဲ့သူတွေက အလုပ်မယ်မယ်ရရမရှိတဲ့သူနဲ့...အလုပ်ရှိပြန်တော့လည်း လက်ကြောမတင်းတဲ့သူနဲ့... ပိုက်ဆံသာပေးချေး
လိုက်ရတာ ပြန်ရပါ့မလားလို့တွေးမိရင်း ကျွန်တော်သာပိုက်ဆံ
များများစားစားပိုလျှံမယ်ဆို အခုလို အိမ်ထိလိုက်တောင်းမနေတော့ပဲ အပြီးပေးလိုက်ချင်ပါတယ်...
စည်သူနိုင်နေတဲ့တိုက်ခန်းရှေ့ ရောက်လာတာနဲ့ တွေးလာတဲ့အတွေး
တွေခဏရပ်ထားပြီး အိမ်ရှေ့ ဘဲလ် ကိုပဲတီးနေမိတော့တယ်...
စည်သူနိုင်တို့အိမ်က အရင်ကဆို ဘဲလ်မရှိဘူးဗျ.... အခုလိုတပ်ထား
တော့လည်း အဆင်ပြေတယ်ပေါ့....တစ်ခါတွေးနေတုန်း....
'''' ဆပ်...ပြာ..မှုန့်.... ''''
ကျွန်တော်လန့်ပြီး ယောင်သွားတာ....
ကျွန်တော့်နောက်ကနေ အေးစက်တဲ့လက်နဲ့ ပုခုံးကိုလှမ်းပုတ်တာ
နဲ့ လှည့်ကြည့်လိုက်တော့ ကျွန်တော် တော်တော်လေးလန့်ဖျပ်သွား
မိတယ်ဗျ....
စည်သူနိုင် မှ စည်သူနိုင်.... သူ့အသားအရည်က ၀ါညစ်ညစ်...
မျက်လုံးအကြည့်ကအသက်မပါသလို မျက်တွင်းတွေလည်းကျပြီး
မျက်ကွင်းတွေသိသိသာသာညိုလို့...
ကျွန်တော် သတိပြန်ထိန်းပြီး....
'''' ဟာကွာ...လန့်လိုက်တာမင်းကလဲ ..အသံမပေးဘာမပေးနဲ့...''''
ကျွန်တော့်ကိုစကားလည်းပြန်မပြော... နှုတ်ဆိတ်ကာရပ်ကြည့်
နေတော့ စိတ်လည်းမရှည်ချင်တော့ဘူး....
ဒီကောင် ဆေးတွေဘာတွေများသုံးနေလားမသိဘူး...လို့တစ်ဆက်
တည်းတွေးလိုက်မိသေးတယ်ဗျ...
'''' မင်းကွာ...ငါ့ကိုအိမ်ထဲလေးဘာလေးခေါ်ဝင်မယ်မရှိဘူး...ဒီတိုင်း
ရပ်ကြည့်နေတယ်...တော်ပြီအိမ်ထဲလည်းမ၀င်တော့ဘူး...ငါ့ဆီယူ
ထားတဲ့ပိုက်ဆံသာပေးတော့...ယူပြီးတာနဲ့ပြန်မယ်ဟေ့ရောင်''''
ကျွန်တော်လည်း စိတ်ကပေါက်လာတာနဲ့ ပြောလိုက်တယ်....
ဒါတောင်သူက မှင်တင်တင်နဲ့ လုပ်နေသေးတာဗျ....
ဩ...ကြွေးယူပြုံးပြုံး....တောင်းတော့မုန်း ဆိုသလိုများဖြစ်နေတာ
လားမသိတော့ဘူးပေါ့...ကျွန်တော်ဒေါသလည်းထွက်လာမိတယ်..
'''' ဟေ့ရောင်...ဖြေဦးလေကွာ...ဒီတိုင်းရပ်နေတော့မှာလား...''''
ကျွန်တော် စိတ်မရှည်တော့ဘူး....အဲ့ကြမှ....
'''' ငါအိမ်ကဆင်းလာတာကွ.... ''''
'''' ဘာာ...အိမ်ကဆင်းလာတယ်...ဟုတ်မှလည်းလုပ်ဦး...ခုမင်း
အိမ်ရှေ့ မှာရပ်ပြီး အိမ်ကဆင်းလာတယ်လေး ဘာလေးဖြီးဖြန်း
မနေနဲ့...''''
'''' ငါမလိမ်ပါဘူးကွ...မင်းအကြွေးငါဆပ်မှာပါ...အခုလောလောဆည်
ငါ့မှာပိုက်ဆံတစ်ပြားမှမရှိသေးဘူး...အိမ်ကလည်းဆင်းလာတော့
သွားစရာနေရာလည်းမရှိဘူးကွာ...''''
'''' အဲ့ဒီတော့ ပိုက်ဆံမရတဲ့အပြင် မင်းကိုအိမ်ခေါ်ပြီး ကျွေးထားရ
ဦးမှာလား...''''
''''ဟာ...အဲ့ဒါကောင်းတယ်...ငါမင်းအိမ်လိုက်ပြီးမင်းခိုင်းသမျှအကုန်
လုပ်ပေးမယ်ကွာ... ငါ့...ငါ့ကိုမင်းအိမ်မှာခေါ်ထားပေးပါကွာ..သူငယ်
ချင်း...ငါ့အကြွေးကျေတဲ့အထိ မင်းခိုင်းသမျှလုပ်ပေးပါ့မယ်ကွာ...''''
'''' တော်စမ်းပါကွာ...ငါ့ကိုအရင်းရှင်များထင်နေလား...ငွေမဆပ်နိုင်
လို့သူငယ်ချင်းကို ကျွန်ပြုထားတယ်ပြောခံရဦးမယ်...ခေါ်လည်းမခေါ်ဘူး...မင်းဆီကလည်းမမျှော်တော့ဘူး...အဆင်ပြေတာနဲ့ 
ငါ့ကိုချက်ချင်းလာပေး...သွားပြီ ဟေ့ရောင်...''''
စိတ်မရှည်စွာနဲ့ ကျွန်တော်လှည့်ထွက်တော့....
'''' ငါတောင်းပန်ပါတယ်ကွာ....ငါ့ကိုမင်းအိမ်မှာခဏပေးနေပါကွာ...
သူငယ်ချင်း....အီးးး...ဟီးဟီးဟီး ... ''''
ရုတ်တရက် ဆိုသလို ငိုချလာတော့ ကျွန်တော်ကြောင်အမ်းအမ်း
ဖြစ်သွားပြီး သနားလည်းသနားသွားမိတယ်ဗျ...
'''' ငါအခုနေစရာလည်းမရှိ သွားဖို့နေရာလည်းမရှိနဲ့ ဒုက္ခရောက်
နေလို့ပါကွာ စားဖို့သောက်ဖို့လည်းဒုက္ခရောက်တယ်...ငါ့ကိုကယ်
ပါသူငယ်ချင်းရာ ဟီးဟီး ဟီးဟီး ...''''
ပြောရင်း ၀မ်းနည်းပက်လက်နဲ့ ငိုနေတော့ စိတ်မကောင်းဖြစ်
လာမိတယ်....
'''' အခုမင်းအိမ်မှာဘယ်သူမှမရှိဘူးလား...ဘာပြသ၁နာဖြစ်လို့
လဲကွာ...မမခင်ရော ...ငါပြေလည်အောင်ပြောပေးမယ်...''''
'''' မင်းအိမ်ရောက်မှ အေးဆေးပြောပြပါ့မယ်ကွာ...''''
''' အေး...ငါ့အဖေနဲ့အမေလည်းခရီးသွားလိုက်တာဆိုတော့...
ငါလည်းအဖော်ရပါတယ်...နောက်မှ မမခင်တို့ကိုငါပြောပြပြီး
ညှိပေးမယ်...ဒါဆိုလည်းလိုက်နေကွာ...လစ်မယ်ဟေ့ရောင်...''''
ကျွန်တော်အကြွေးမရတဲ့အပြင် အိမ်ပေါ်တင်ပြီးထမင်းပါကျွေး
ထားရဦးမှာပေါ့လို့တွေးပြီး ကိုယ့်ဘာသာရယ်ချင်မိလိုက်သေး
တယ်....
ကျွန်တော့်အိမ်ရောက်တော့ညတောင်အတော်မှောင်နေပြီ...
ခါတိုင်းဆို ကျွန်တော်လာရင် အမြီးလေးနှ့ံပြတတ်တဲ့ ဘေး
အိမ်ကခွေးက ဒီနေ့မှ ဆိုးဆိုးရွားရွား ထိုးဟောင်လာတယ်...
စည်သူနိုင် မလာတာကြာလို့ မမှတ်မိတာနေမယ်....လို့
တွေးလိုက်မိတယ်...
ကျွန်တော်တို့တိုက်ခန်းကမြေညီထပ်မှာဗျ...မြေညီထပ်ဆိုတော့
ပန်းခြံလေးနဲ့ ကိုယ့်ဝန်းကိုယ့်ခြံလိုလို ခြံတံခါးလေးနဲ့လေ...
ကျွန်တော်အိမ်သော့ဖွင့်...အပြင်သွားရင် မိန်းချခဲ့လို့ မိန်းပြန်ဖွင့်နဲ့
အလုပ်တွေရှုပ်နေတော့တယ်....
သတိရလို့ စည်သူနိုင် ကိုကြည့်လိုက်တော့ နဘေးမှာရှိမနေဘူး...
အခုပဲတူတူဝင်လာတယ်...ရုတ်တရက်ဘယ်ပျောက်သွားလည်း
စဉ်းစားမရဘူးဗျ...
''' ဂလုန်းး...ဂွမ်းး '''
မီးဖိုခန်းကအသံကြောင့် ကျွန်တော်ပြေးသွားကြည့်တော့...
ဘယ်အချိန်က ရောက်သွားမှန်းမသိဘူး စည်သူနိုင် လေ...
ထမင်းအိုးတွေဖွင့်... ဟင်းအိုးတွေဖွင့်ကြည့်နေတာတွေ့တော့...
အံ့ဩမှင်တက်ပြီး ကျွန်တော်ရပ်ကြည့်နေတုန်းပဲ သူက ...
''' ငါဘာဟင်းချက်ပေးရမလဲ... ''''
'''' ဟမ်... ဟာကွာ မလိုပါဘူးမင်းကလည်း...ငါနေ့လည်က..
သီးစုံအချဉ်ဟင်းချက်ထားတာရှိသေးတယ်...ဘာလချောင်
ကြော်လေးနဲ့ စားလိုက်မယ်လေ...''''
'''' မင်း ဆိတ်သားတွေဝယ်ထားတယ်လေ...ချက်မလားငါ
ချက်ပေးမယ်....''''
ဒီတခါတော့ ကျွန်တော်ရင် ထိတ်ကနဲ ဖြစ်သွားတယ်ဗျ...
ဆိတ်သားက မနေ့က ကျွန်တော်ဝယ်ပြီး အိမ်အပြင်မှာ
အခြောက်လှမ်းထားတာ သူဘယ်လိုသိလဲဗျ...
နောက်ပြီးအိမ်ရှေ့ မှာလည်းမဟုတ်...အိမ်နောက်မှာ ကျီးတွေချီ
သွားမှာစိုးလို့ လင်ဗန်းထဲထည့်ပြီး အပေါ်ကနေ အုပ်ဆောင်း
နဲ့အုပ်ခဲ့သေးတာ....
'''' မင်း...ဘယ်...လို...သိ..တာ..လဲ...''''
'''' ဟ ဟ... ဘာတွေတွေးနေတာလဲကွ...ဆိတ်သားနံ့အဲ့လောက်
တောင်ထွက်နေတာ...အညှိနံ့ရှိတာတစ်အိမ်လုံးမှာအနံ့ တောင်စွဲ
နေတယ်...''''
သူပြောမှ သတိထားမိသလိုလို...အနံ့ကရတစ်ချက် မရတစ်ချက်...
ထားပါလေ...
'''' ရှိတာနဲ့သာစားစမ်းပါကွာ...ဆိတ်သားခြောက်ကငါအလုပ်
သွားရင် ထမင်းချိုင့်ထုပ်ဖို့ကွ....''''
'''' မင်းကလည်း... ငါ့ကိုတော့အခုနဲနဲကျွေးပါကွာ...''''
'''' အေးကွာ...စား...စား... ''''
ပြောပြီးကျွန်တော်လည်းထမင်းစားနေလိုက်တော့တယ်...
သူကတော့ အိမ်နောက်ဖက်ဝရံတာဖက်သွားပြီး ဆိတ်သား
ခြောက်သွားယူတာ ကျွန်တော်ထမင်းစားပြီးတဲ့အထိ ပြန်မလာ
နိုင်သေးဘူး....
ကျွန်တော်လည်းစိတ်မရှည်တာနဲ့ လိုက်သွားကြည့်တော့....
ဆိတ်သားခြောက်အစိမ်းတစ်ခုကို ပါးစပ်ထဲထည့်ဝါးရင်း ၀ရံတာမှာ
ရပ်နေတာကိုတွေ့လိုက်ရတော့တာပဲ....
'''' ဟေ့ရောင် အဲ့ဒါအစိမ်းကြီးပဲရှိသေးတယ်ကွ....''''
'''' ကျက်နေပါပြီကွာ...နေဒီလောက်ပြင်းတာ...နေနဲ့ကျက်နေပြီ...
မင်းရောစားဦးမလား..ယူလာပေးရမလား...''''
ကျွန်တော် စိတ်ပျက်သွားမိတယ်ဗျ.....
'''' ဟာ...မစားပါဘူးကွာ...ငါခုပဲထမင်းစားပြီးပြီ...''''
အောဂလီတောင်ဆန်လာမိတယ်ဗျ....
'''' ဟီ...ဟီ...''''
'''' ရယ်မနေနဲ့ဟေ့ရောင်...မနက်ဖြန်ငါ့ဖားသားနဲ့မားသား
ပြန်ရောက်လာတော့မှာ...မင်းအခုလို..စုတ်တိစုတ်ပဲ့လုပ်မနေနဲ့ဦး..
ငါ့အခန်းမှာ မင်းအိပ်ဖို့အိပ်ယာပြင်ပေးမယ်...ငါနဲ့တစ်ခန်းထဲတူတူ
သုံးပေါ့ကွာ...''''
''''အေးပါကွာ...''''
ကျွန်တော်လည်း ဘာမှဆက်မပြောတော့ပဲ အခန်းတွင်းဝင်ပြီး
သူ့အတွက် အိပ်ယာတွေပြင်ပေး...အလုပ်ပိတ်ရက်မို့..ချစ်သူနဲ့
အကြာကြီးဖုန်းပြောနဲ့..သူ့ကိုဂရုမစိုက်မိလိုက်ဘူး...
ဖုန်းပြောတာ ဘက်ထရီကုန်တဲ့အထိပါပဲ... ဘေလည်းတော်
တော်ခမ်းနေလောက်ပြီ...
ဂွတ်နိုက် နှုတ်ဆက်ပြီး ဖုန်းချမှပဲ ဒီကောင်ကိုသတိရတော့တယ်
ဗျ...
သူခုထိအခန်းထဲဝင်မလာသေးဘူးဗျ...နာရီကြည့်လိုက်တော့
ဆယ့်နှစ်နာရီထိုးတော့မယ်...
အခန်းထဲကထွက်ပြီးလိုက်ရှာတော့လည်းမရှိဘူးဗျ...နောက်ဆုံး
ဝရံတာပဲကျန်တာနဲ့...၀ရံတာဖက်ထွက်ကြည့်တော့..လားလား..
ဒီကောင်က၀ရံတာလက်၇န်းဘောင်ပေါ်ဆောင့်ကြောင့်ထိုင်ပြီး
ဆိတ်သားခြောက်ကိုအားရပါးရကိုက်စားနေတာဗျ...
'''' ဟေ့ရောင် မင်းဘာတွေလုပ်နေတာလဲ...''''
ကျွန်တော့်ကိုမြင်တော့ မျက်လုံးကြီးပြူးပြီး ကြောင်တောင်တောင်
နဲ့ပြန်ကြည့်တယ်...
ကျွန်တော့်စိတ်ထဲ စနိုးစနောင့် နဲ့ သင်္ကာမကင်းဖြစ်လာမိတော့
တယ်...ဒီကောင်ရိုးမှရိုးရဲ့လားဆိုပြီး....
'''' ငါအစာမစားရတာ သုံးရက်လောက်ရှိပြီကွ...ငတ်ပြတ်နေ
တော့ အခုလိုစိတ်မထိန်းနိုင်ဖြစ်သွားတာစိတ်မကောင်းဘူးကွာ''''
လင်ဗန်းကိုလှမ်းကြည့်လိုက်တော့ ဆိတ်သားခြောက်ဆိုလို့အစ
ရှာလို့မတွေ့အောင်ပြောင်သလင်းခါနေပြီ....
'''' ကဲပါကွာ မင်းအိမ်ကဘာလို့ဆင်းလာတာလဲ..ပြောပြပါဦး...''''
ကျွန်တော်မေးတော့ သက်ပြင်းလေးချလိုက်ပြီး...
'''' ငါ ဟိုတလောက company ကနေအလုပ်ထွက်လိုက်တယ်...
မမခင်က ငါအလုပ်ထွက်ရပါ့မလားဆိုပြီး တစ်ချိန်လုံးပွမ်တော့တာ
ပဲ...ငါလည်းစိတ်ညစ်ညစ်နဲ့ တခြားနေရာတွေအလုပ်လိုက်လျှောက်
သေးတယ်... ဘယ်မှာမှအလုပ်မရဘူးကွာ...အိမ်မှာကလည်းပိုက်ဆံ
အဆင်မပြေတော့ စားဖို့တောင်အနိုင်နိုင်ဖြစ်လာတာနဲ့ ငါ Taxi
မောင်းတော့မယ်ဆိုပြီး ထောက်ကြန့်က Taxi မောင်းနေတဲ့ ငါ့
ဦးလေးဆီ လှမ်းအကူညီတောင်းလိုက်တယ်...သူစီစဉ်ပေးလို့...
Taxi မောင်းခွင့်ရလိုက်တယ်ကွ.... ဒါပေမယ့် ဟိုတလောကပဲ
ကွာ...ငါလည်းဘာမှမလုပ်ပဲနဲ့ မမခင်ကငါ့ကို အိမ်ကနှင်ချတော့
တာပဲကွာ...အဲ့ဒီနေ့ကစပြီး..ငါ့မှာဒုက္ခရောက်တော့တာပဲ....
မင်းငါ့အိမ်လာတော့ အစကမမှတ်မိဘူး... ဟ...ဟားး...
နောက်မှ သတိပြန်ရတာ...အော်...ကျော်သက်ပါလားဆိုပြီး....
အဲ့ကျမှမင်းကို ပိုက်ဆံပေးရဦးမယ်ဆိုတာ ...ပြန်မှတ်မိလာတာ....
ရယ်ချင်စရာကောင်းတယ်ကွာ....ဟားဟား ....''''
ပြောရင်း သဘောကျကာရယ်မောနေသောသူ့ကိုကြည့်ပြီး....
''' ထားလိုက်ပါကွာ....မင်းမအိပ်သေးဘူးလား...ငါတော့
ဒေါင်းနေပြီ... နားတော့မယ်ကွာ...တံခါးသေချာပိတ်ခဲ့နော်
ဟေ့ရောင် ...''''
ကျွန်တော်ဘုရားရှစ်ခိုးပြီး အခန်းထဲဝင်အိပ်နေလိုက်တော့တယ်...
သူကတော့ ညဥ့်နက်တဲ့အထိ အိပ်ယာမ၀င်သေးဘဲ မီးဖိုခန်းမှာ
တဒုန်းဒုန်း တဂွမ်းဂွမ်း လုပ်နေတုန်းပါပဲ...
ကျွန်တော်လည်းဘာမှတွေးမနေတော့ပဲ အိပ်ပျော်အောင်အိပ်ပစ်
လိုက်တော့တယ်....
မနက်နိုးလာတော့ အခန်းထဲမှာ ဒီကောင်ရှိမနေပြန်ဘူး....
ဒါနဲ့ ကျွန်တော် ရေချိုးဖို့ ထွက်လာတော့ မီးဖိုခန်းမှာ မနက်စာ
အားလုံးပြင်ဆင်ပေးထားတာ တွေ့ရတယ်ဗျ....ပြီးတော့ ကျွန်တော့်
အတွက် နေ့လည်စာ ထမင်းချိုင့်လည်းအဆင်သင့် ထုတ်ထားပေး
ခဲ့သေးတယ်...
ထမင်းချိုင့်ကိုဖွင့်ကြည့်တော့ ဆိတ်သားခြောက်လေးကိုဆီဆမ်းပြီး
ကိုက်လန်ရွက်ကြော် နဲ့ ငါးပိထောင်းလေးနဲ့ စုံစုံလင်လင် ထည့်ပေး
ထားတာတွေ့တော့ ကျွန်တော်ပြုံးမိတယ်ဗျ....
ဒီကောင်ဆိတ်သားခြောက်အကုန်စားလိုက်တယ် ထင်ထားတာ
ကျွန်တော့်အတွက်တော့ ချန်ထားသေးတာပဲ...မနေ့ညကတော့
လင်ဗန်းထဲမှာ ပြောင်လို့...မချန်ထားဘူးထင်နေတာဗျ...
ကျွန်တော်လည်းဝရံတာဖက်သွားရှာကြည့်သေးတယ်....
ဒါပေမယ့် စည်သူနိုင် ရဲ့အရိပ်အယောင်တောင် မတွေ့ရပါဘူး...
အလုပ်များသွားတာလားမသိ.... ကျွန်တော်လည်းတွေးမနေပဲ
ရေမိုးချိုး ပြီးတာနဲ့ သူပြင်ပေးထားတဲ့ ထမင်းကြော်နဲ့ ကော်ဖီကို
စားသောက်ပြီး အလုပ်သွားလိုက်တော့တယ်....
ညနေအလုပ်ကပြန်ရောက်တော့ အိမ်မှာ အဖေနဲ့အမေကပြန်
ရောက်နေပြီ....
ခရီးကအပြန် မုန့်တွေအများကြီးဆိုတော့ မုန့်တွေစားရင်း လမ်း
ခရီးမှာကြုံရတာတွေကို ရွှမ်းရွှမ်းဝေအောင် ပြောကြဆိုကြပေါ့ဗျာ...
ကျွန်တော်လည်း စည်သူနိုင် အိမ်မှာခဏလာနေတဲ့အကြောင်း
ပြောပြလိုက်တယ်...
ကျွန်တော့်မိဘတွေက စည်သူနိုင် နဲ့ခင်မင်တော့ နေချင်သလောက်
နေပါစေပေါ့.....
ညခြောက်နာရီကျော်ကျော်လောက်မှာ အိမ်ရှေ့ ကတံခါးခေါက်သံ
ကြောင့် အမေကတံခါးသွားဖွင့်ပေးတယ်....
'''' ဟင်... ဘယ်သူမှလဲမရှိပါဘူး...တံခါးခေါက်တာသေချာကြား
လိုက်တာပါ...''''
အမေကအဲ့လိုပြောတယ်ဗျ....ကျွန်တော်လည်းကြောင်သွားတယ်...
'''' ဟာ...အမေကလည်း... ဒီမှာ စည်သူနိုင် ပြန်လာတာလေဗျာ...
လူတစ်ယောက်လုံးဝင်လာတာကိုမတွေ့ဘူးတဲ့...အမေကတော့ ဟ
ဟ....''''
ကျွန်တော်ပြောလို့မဆုံးသေးဘူး အဖေကအခန်းထဲကထွက်လာပြီး
'''' သားအခန်းထဲ အကျီအဖြူ နဲ့ဝင်သွားတာ စည်သူနိုင် လား...''''
'''' ဟုတ်တယ်လေ အဖေ...''''
ကျွန်တော်ပြန်ဖြေတော့ အမေက....
'''' ဘယ်မှာလဲ ငါဘယ်သူ့မှမတွေ့ဘူးနော်...လာအခန်းထဲလိုက်ပြ...
စမ်းပါဦး...''''
'''' အမေကတော့လေ...ကဲလာ လာ... ဟေ့ရောင် စည်သူနိုင် ...
မင်းကိုအမေကမတွေ့လို့တဲ့ ဒီမှာ... ''''
ကျွန်တော်ပြောရင်း အဖေအမေတို့နဲ့ အတူအခန်းတံခါးကိုဆွဲဖွင့်
ပြီးကြည့်လိုက်တော့ .....
'''' ဟင်...''''
'''' ဟာ... ''''
အခန်းထဲမှာ စည်သူနိုင် ရှိမနေဘူးဗျ...
'''' အဖေ...အဖေလည်းခုနကတွေ့တယ်နော်...စည်သူနိုင် ကို...''''
'''' အေးကွ...စည်သူနိုင် လားဘာလားတော့မသိဘူး...လူတစ်
ယောက်ဝင်သွားတာတော့ တွေ့လိုက်တယ်...''''
ကျွန်တော်လည်းတော်တော် ထိတ်လန့်သွားမိတယ်....
အခုပဲမြင်နေတာ ထွက်စရာ ၀င်စရာဆိုလို့ ဒီတံခါးတစ်ပေါက်ပဲရှိတာပါ...
ဘယ်လိုဖြစ်ပြီးပျောက်ချင်းမလှပျောက်သွားတာလဲမသိဘူး...
အဖေကမျက်စိမျက်နှာပျက်နေပြီ...အမေကတော့ကြောင်ကြည့်နေ
တုန်းပဲ....
'''' ကဲပါသားရယ် လာလာ... ဘုရားရေလေးသောက်လိုက်ဦး..''''
အဖေက ဘုရားစင် ကနေ ဘုရားသောက်တော်ရေကို ဖန်ခွက်ထဲ
လှယ်ထည့်ပြီး တိုက်တော့ သောက်လိုက်တယ်...
'''' အဖေ ဘာလို့သောက်ခိုင်းတာလဲ... သရဲထင်လို့လား... ''''
'''' ဘာမှမဟုတ်ပါဘူးကွာ...သောက်ထားတာမမှားပါဘူးသား
ရယ်... ''''
အဲ့ဒီညက စည်သူနိုင် ကိုမတွေ့တော့ဘူး...
ကျွန်တော်လည်း ဟိုတွေးဒီတွေးနဲ့ တစ်ညလုံးအိပ်မရဘူးဗျ...
ဘယ်အချိန်အိပ်ပျော်သွားလဲမသိဘူး မနက်ငါးနာရီလောက်
ရုတ်တရက်အမေလန့်ပြီး အော်တော့ နိုးလာပြီးပြေးသွားမိတော့တယ်....
'''' အမလေးးးးး...အာာားးးး... ''''
အဖေရော ကျွန်တော်ရော အသံကြားတဲ့မီးဖိုခန်းထဲ အမြန်ပြေး
ကြည့်တော့ အမေကမေ့လဲရက်သားဗျ....
ကျွန်တော်တို့လည်း လန့်ဖျတ်ကုန်တာပေါ့....အမေ့ကို ကျွန်တော်နဲ့
အဖေ မ ချီပြီး အိပ်ခန်းထဲခေါ် မနဲသတိပြန်လည်အောင် လုပ်ရ
တယ်....
အမေ သတိရလာတော့....
'''' သားရေ...သားးး... ဘုန်းကြီးပင့်...ဒီနေ့ပရိတ်တရားနာမှ ဖြစ်
မယ်သားရေ.... ''''
'''' ဘာဖြစ်လို့လဲအမေ .... ဘာလို့လဲဗျ... ''''
'''' အဖေကြီးရေ ... သားသူငယ်ချင်း စည်သူနိုင် ကသေပြီးသား
ကြီးတော့... အမလေး...မသေကောင်း မပျောက်ကောင်းငါ့သား
ရယ်... သရဲခြောက်လို့ခြောက်မှန်းမသိဘူးလားဟဲ့....''''
'''' ဟေ...ငါထင်တော့ထင်သားဟ...''''
'''' ဗျာ... ဟုတ်လို့လားအမေရာ.... အမေဘယ်လိုသိတာလဲ... ''''
'''' အမေဒီမနက် သားထမင်းချိုင့်ထုပ်ဖို့ ထမင်းအိုးထတည်တာ...
မီးဖိုခန်းထဲဝင်မလို့ကြည့်တော့ မီးဖိုချောင်အခန်းမီးကပိတ်ထား
တယ်နော်..ဒါပေမယ့် ဟင်းချက်တဲ့အိုးအနီကမီးအပွင့်လိုက်နီနေ
တာ တွေ့ရတယ်...အမေလည်းလန့်သွားတာပေါ့... တစ်ညလုံး
မီးမပိတ်ပဲဖွင့်ထားလား...မီးများလောင်ရင်ဒုက္ခဆိုပြီး မီးဖိုချောင်
မီးကို ဖွင့်လိုက်တော့...စည်သူနိုင် အမေ့ကိုကျောပေးပြီး ရပ်နေတာ
သူ့ခေါင်းတစ်လုံးတည်းလှည့်လာပြီး အမေ့ကိုလှည့်ကြည့်တယ်...
ကျောအပေးလိုက်ကြီး...အမေလည်းလန့်ပြီးမေ့လဲတော့တာပဲ...
ကြောက်စရာကောင်းလိုက်တာ...အမလေးးးလေးးး.....''''
'''' ဗျာ... ''''
ကျွန်တော် တော်တော်လန့်သွားတယ်ဗျ... ဒါနဲ့မဖြစ်ဖူးဆိုပြီး...
စည်သူနိုင် အစ်မ မမခင်ဆီဖုန်းဆက်တော့ ဖုန်းကစက်ပိတ်ထား
တယ်တဲ့ဗျ...
မနက်လင်းတာနဲ့ အဖေရော အမေရော ကျွန်တော်ရော အိမ်တံခါး
ပိတ်ပြီး စည်သူနိုင် အိမ်ကို Taxi ငှါးပြီး သွားကြမယ်ဆိုပြီးအထွက်
မီးဖိုခန်းမှာ ကျွန်တော့်ထမင်းချိုင့်လေး အဆင်သင့်တင်ထားတာ
တွေ့တော့ ကျွန်တော်ယူပြီးဖွင့်ကြည့်မိတယ်...
ထမင်းချိုင့်ကပူပူနွေးနွေးဗျာ...အထဲမှာ အမေပြန်လာတုန်းက၀ယ်
လာတဲ့ ငါးခြောက်ဟင်းလေးနဲ့ သရက်ချဉ်သုပ်လေးကိုတွေ့ရတော့...
'''' အမေ ...အမေ... ''''
'''' ဘာလဲသား... ''''
'''' ဒါအမေချက်ပြီး ထည့်ပေးထားတာလား... ''''
''' ဟယ် ...မချက်ရပါဘူးဟယ်... အမေတောင် မေ့လဲသွားလို့ခုထိခေါင်းနှောက်နေတာ... ဒါဘယ်သူချက်ထားတာလဲ...''''
'''' ငါမချက်တတ်တာ အမေကြီးရော သားရောသိတယ်နော်... ''''
တစ်အိမ်လုံး ဒီသုံးယောက်တည်းရှိတာ... ကျွန်တော်ခေါင်းနဘမ်း
ကြီးသွားမိတယ်...ကြောက်လည်းတော်တော်ကြောက်သွားမိတယ်
ဗျ....
'''' ကဲ..လာလာ ..သွားကြမယ်...''''
ကျွန်တော်တို့လည်း သုတ်သုတ် သုတ်သုတ်နဲ့ စည်သူနိုင် နေတဲ့
တာမွေကို သွားကြတာပေါ့ဗျာ....
ဟိုရောက်တော့ အခန်းတံခါးကပိတ်ထားတယ်....ဘဲလ်ကိုပဲ ထပ်ခါ
ထပ်ခါတီးလိုက်ပေမယ့် ဘယ်သူမှထွက်မလာတော့ စိတ်ပျက်သွား
တာပေါ့ဗျာ....
ဘယ်သူမှမရှိကြတာနဲ့ စည်သူနိုင် နဲ့ပါတ်သက်ပြီးခင်မင်တဲ့ သူတွေကို
ပြန်စဉ်းစားကြည့်တော့ သင်တန်းတက်တုန်းက ဆရာမကို သတိရ
လိုက်မိတာနဲ့ ဖုန်းဆက်ကြည့်လိုက်တယ်ဗျ....
'''' တူ...တူ....တူ...''''
'''' ဟယ်လို....''''
'''' ဟုတ်ကဲ့...တီချယ်ငယ်လားဗျ...''''
'''' ဟုတ်ပါတယ်...ဘယ်သူပါလဲ...''''
'''' အော်...တီချယ်...ကျွန်တော် ကျော်သက်ပါဗျ...တီချယ်တို့သင်တန်း
မှာ.. Accounting တက်ခဲ့တာလေ... စည်သူနိုင် နဲ့တူတူတက်တာ
ဗျ...မှတ်မိလားတီချယ်...''''
'''' စည်သူနိုင် ....အော်... ခင်မြတ်မွန် မောင်လေးကိုပြောတာလား...''''
'''' ဟုတ် တီချယ်... မမခင် မောင်လေးနဲ့ ကျွန်တော်တူတူတက်တာ
ခင်ဗျ.... ''''
'''' အော်...အေး..အေး... ပြော ကျော်သက်ရေ...အလုပ်ဝင်နေပြီ
ဆို...အဆင်ပြေလား...''''
'''' ဟုတ် တီချယ် အဆင်ပြေပါတယ်ဗျ...မမခင်ကို ဖုန်းဆက်မရလို့
တီချယ်...မမခင်ဖုန်းနံပါတ်များရှိသေးလားလို့ပါဗျ...''''
''''' ခင်မြတ်မွန်က ဖုန်းနံပါတ်ပြောင်းသွားပြီထင်တယ်...မတွေ့တာ
တောင်နဲနဲကြာပြီ...စည်သူနိုင် နာရေးတုန်းကတီချယ်သွားသေး
တယ်လေ...နောက်ပိုင်းမဆုံဖြစ်တော့ဘူး...''''
'''' ဗျာာာ... စည်...သူ..နိုင် နာရေး...ဟုတ်လားတီချယ်...ဘယ်တုန်း
ကလဲဗျ...''''
'''' မင်းမသိသေးဘူးလား...''''
'''' ဟုတ်ကဲ့ခင်ဗျ...ကျွန်တော် မသိလိုက်ဘူးတီချယ်...''''
ထိတ်လန့်ပြီး အံ့လည်းအောသွားမိတယ်....
'''' အခုတီချယ် အတန်းရှိနေသေးလို့ ..ပြန်ဆက်လိုက်မယ်...
ကျော်သက်ရေ... ဒါပဲနော်...''''
'''' ဟုတ်... ''''
ကျွန်တော် ဒူးတောင်မခိုင်ချင်လာတော့ဘူး....ရင်မှာလဲ တထိတ်
ထိတ်တလန့်လန့်နဲ့.... လောလောလတ်လတ်မှ စည်သူနိုင် ကိုတွေ့
ထားတာလေဗျာ....ကြောက်စိတ်ဆိုတာ အခုမှ ဘွားကနဲ ပေါ်လာ
ပြီး တုန်လှုပ်လာတော့တယ်....
'''' စည်သူနိုင် ကဆုံးသွားပြီတဲ့ အမေ...''''
ကျွန်တော်တို့ သားအမိ သားအဖ သုံးယောက် တော်တော်လေး
ကြောက်ပြီး တုန်လာတယ်ဆိုတာလေ...ပြောမပြတတ်အောင်ပါ
ပဲ....
စည်သူနိုင် အိမ်ရှေ့ ကနေ တတ်နိုင်သမျှ မြန်မြန်ပြန်လာလိုက်တော့
တယ်...
အိမ်ရောက်ပြီးမကြာဘူး...တီချယ်ငယ် ဖုန်းပြန်ဆက်လာတော့...
စည်သူနိုင် ကအလုပ်ထွက်ပြီး အိမ်ကစီးပွါးရေး အဆင်မပြေ ဖြစ်
သွားတယ်တဲ့...နောက်တော့ Taxi မောင်းတာ သူက အိမ်အတွက်
ငွေပိုလျှံအောင်ဆိုပြီး ညနက်တဲ့အထိ taxi ဆွဲတယ်တဲ့ဗျာ...လွန်ခဲ့
တဲ့တစ်လလောက်ကပဲ ညပိုင်းကားဆွဲနေတုန်း... မိန်းကလေးတစ်
ယောက်တည်း ကားတားစီးတယ်တဲ့...သူ့ကိုအဝေးနေရာကိုမောင်း
ခိုင်းပြီး...တစ်နေရာရောက်တော့ ခဏရပ်ခိုင်းပြန်ရောတဲ့ဗျာ...
ရပ်ပေးလိုက်တာနဲ့ လူသုံးယောက် ကားပေါ်တက်လာပြီး စည်သူနိုင်
ဆီက ပါသမျှ ၀ိုင်းလုကြတော့တာပဲတဲ့...အဲ့ဒါနဲ့ မပြီးသေးဘူး...
စည်သူနိုင် ကိုဓါးနဲ့ ခြောက်ချက်တဲ့ဗျာ... ထိုးပြီး လမ်းပေါ်ပစ်ချခဲ့
တာ...ကားပါလုသွားတယ်တဲ့...
သိပ်မကြာဘူး အဲ့ကားရော ကျူး လွန်တဲ့လူတွေရော ဖမ်းမိပြီး
အခုထိ အမှုရင်ဆိုင်နေတုန်းပါပဲတဲ့...
အမိန့်တော့မချသေးဘူးလို့သိရတယ်...မမခင်တို့လည်း အိမ်ကကြပ်
တည်းပါတယ်ဆိုခါမှ အဖြစ်ဆိုးကြီးကြုံရတော့ အခန်းလည်းရောင်း
လိုက်ပြီး ပြောင်းသွားကြတယ်တဲ့...ဘယ်ကိုပြောင်းသွားလဲမသိသေးဘူးလို့ တီချယ်ကပြောပြတော့ ကျွန်တော် စိတ်မကောင်းဖြစ်
ပြီး မျက်ရည်တောင်ကျမိတယ်ဗျ....
မမခင်နဲ့ တီချယ်က သူငယ်ချင်းတွေဆိုတော့ သင်တန်းတက်တုန်း
ကတောင် စည်သူနိုင် ကသင်တန်းကြေးမတတ်နိုင်လို့ တီချယ်က
ပညာဒါနဖြည့်ပြီး သင်တန်းကြေးလှူထားတာလေ...
အဲ့ဒါကြောင့် ကျွန်တော်စည်သူနိုင်နဲ့ တွဲလို့  တီချယ်နဲ့ပါရင်းနှီးပြီး
ဖုန်းနံပါတ်ရထားတာပါ...အခုလိုသိရတာ အဖေ အမေတို့ကိုပြော
ပြတော့...အမေက သံဃာပင့်ဖိတ်ခိုင်း..အိမ်နီးချင်းတွေကိုဖိတ်...
မနက်ဖြန်တရားနာမယ်ဆိုပြီး စီစဉ်ခိုင်းတော့တယ်...
ကျွန်တော်တို့ ဒီည သုံးယောက်တည်းမအိပ်ရဲတော့ဘူး....
အမျိုးတွေခေါ်အိပ်ကြတယ်... ညတော့ဘာမှထူးခြားတာမတွေ့မိပေ
မယ့် အပုပ်နံ့တော့ ရလိုက်သေးတယ်ဗျ....
မနက်လင်းတာနဲ့ ဥူးဇင်းတွေပင့်ဖိတ်တော့ ကြွလာပြီး တရားနာ
ကြတယ်...အဲ့မှာဗျာ...ကျွန်တော့်အဒေါ်တစ်ယောက်ကို ၀င်ပူးပြီး
ပြောတယ်ဗျ...
ဒါမျိုးတွေ ကျွန်တော်မယုံဘူးနော်...ဒါပေမယ့် အဒေါ်အရင်းက
ယောကျာ်းသံကြီးနဲ့ဗျ...
'''' ကျော်သက်...ငါ့ကိုမမခင်လိုနှင်မချပါနဲ့ကွာ...အီးးး ဟီးဟီးဟီး ..
ငါတောင်းပန်ပါတယ်ကွာ ...ဟီးဟီး ..''''
'''' ဒကာကဘယ်သူတုန်း...''''
ဥူးဇင်းကမေးတော့....
'''' သူ့သူငယ်ချင်းပါဘုရား... ''''
'''' ဘာအတွက်ဒီလိုနှောက်ယှက်ရတာလဲဒကာ...'''
'''' သူ့ဆီခွင့်တောင်းပြီးနေတာပါဘုရား...ပေးစရာအကြွေးလည်း
ဆပ်လို့ရအောင်ပါဘုရား....''''
'''' အခုဘ၀နဲ့ ဘယ်လိုများ အကြွေး ဆပ်တုန်း...''''
'''' တပည့်တော် မနက်ဆို ထမင်းဟင်းချက်ပေးတာသုံးရက်ရှိနေ
ပါပြီ... ဆပ်စရာရှိတော့ သွားမရပါဘူးဘုရား...''''
'''' အိမ်း...ဒကာလေးကျော်သက် သူပြောတာဟုတ်သလား...''''
'''' တင်ပါ့ဘုရား... တပည့်တော်အခုလိုဖြစ်လိမ့်မယ်လို့ တွေးမထား
မိလို့ပါ... သူငယ်ချင်း စည်သူနိုင် ရေ... မင်းငါ့ဆီပေးစရာရှိတဲ့ ပိုက်
ဆံ ခုနှစ်သောင်း ကျေပါပြီကွာ... မင်းဆပ်ပြီးသွားပါပြီ...မင်းနဲ့ငါ
ကြားမှာ ဘာအကြွေးမှ မရှိတော့ပါဘူးကွာ...မင်းသွားလိုရာသွား
ပါသူငယ်ချင်းရာ....''''
ကျွန်တော်ပြောရင်း ငိုချမိလိုက်တယ်...ဒီလိုဖြစ်လိမ့်မယ်မှန်းသိရင်
ကျွန်တော်အစကတည်းက မတောင်းပဲ ပေးလိုက်ပါတယ်ဗျာ...
'''' ကဲ ဒကာ.. အကြွေး လည်းကျေပြီ တခြားဖြစ်ချင်တာ ရှိသေး
လားကွဲ့...''''
'''' မရှိတော့ပါဘူးဘုရား... ''''
'''' ကဲဒါဆို ဒကာအတွက် အမျှပေးရင် သာဓုခေါ်နော်ဒကာ...''''
'''' တင်ပါ့ဘုရား....''''
'''' လွန်ခဲ့သော.... တစ်လခန့်က ကွယ်လွန်သွားပြီဖြစ်တဲ့...
စည်သူနိုင် အား ရောက်ရာဘ၀မှ ကောင်းမွန်သောဘ၀သို့...
ရောက်ရပါရန် ...ယနေ့ယခု ... ပြုလုပ်ရသော ...ကုသိုလ်ကောင်း
မှုအစုစုတို့ကို အမျှပေးဝေပါ၏....
ကြားကြားသမျှ... အမျှ...အမျှ...အမျှ ..ယူတော်မူကြပါကုန်သောဝ်...
သာဓု...သာဓု...သာဓု...''''
အမျှသံတွေပျံ့ လွင့်လာချိန် ကျွန်တော် ရင်ထဲ နာကျင်လာတာကြောင့်
ကျွန်တော့်ပါးထက်မှာ မျက်ရည်စက်တွေနဲ့.....
မျက်ရည်စတွေ သုတ်ရင်း ဧည့်သည်တွေကို ကျွေးမွေးဖို့ မီးဖိုခန်းဆီ
လှမ်းလာတော့ စားပွဲပေါ်မှာ ကျွန်တော့် ထမင်းချိုင့်လေး....
ကိုင်ကြည့်လိုက်တော့ ပူနွေးနေတုန်းပဲ....
ကျွန်တော်တို့ ဒီနေ့ထမင်းမချက်ဘူး...ရွှေတောင်ခေါက်ဆွဲကျွေး
တာဗျ...
ဒါပေမယ့် ထမင်းချိုင့်ကို ဖွင့်လိုက်တော့ ကြက်ဥဟင်းနဲ့ ထမင်း
ပူပူနွေးနွေးကို တွေ့လိုက်ရရင်ပဲ...ရင်တစ်ခုလုံး မွန်းကြပ်ပြီး...
အော်ငို လိုက်မိတော့တယ်ဗျာ.......
ညရောက်တော့အိပ်မက်ထဲမှာ စည်သူနိုင် ကပြုံးပြုံးရွှင်ရွှင်နဲ့...
ကျွန်တော့်ကိုကြည့်ပြီး... ဟိုးအဝေးကြီးကို ထွက်သွားတယ်လို့...
မက်တယ်....
သူ့လို အကြွေးလာဆပ်တဲ့သူမျိုးကို ကြောက်လည်းကြောက်...
သနားလည်းသနားမိတယ်ဗျ...ဒါဟာ ဒီတစ်သက်တော့ ကျွန်တော့်
အတွက် မေ့နိုင်လိမ့်မယ်လို့ မထင်တော့ပါဘူး.....
အမြဲ အမှတ်ရနေတော့မှာပါ စည်သူနိုင် သူငယ်ချင်းရေ....
_
_
_
Thawdar Lamin Sandar
( 11.7.2016 )
( 11.7.2016 )
0 comments: