လှေကားအောက်မှတောက်ခတ်သံ ( စ / ဆုံး )

         တူ...တူ...တူ... တူ...တူ...တူ... တယ်လီဖုန်း မြည်သံက တိတ်ဆိတ်နေတဲ့အချိန် ကျယ်လောင် စွာထွက်ပေါ်လာတယ်...
       ဟဲလို.. မောင်ကျော်စွာလား... ဦးလေး ရှာခိုင်း ထားတဲ့အိမ်ပုံစံရှာတွေ့ပီလား...
ဟုတ်ကဲ့ဦးလေး.. ရှာတော့တွေ့ထားပါတယ်.. ဒါမယ့် အိမ်က နောက်ကြောင်းမရှင်းဘူးဗျ..
ဘာ... ဘယ်လိုတုန်း .. ဘယ်လိုနောက်ကြောင်း မရှင်းရတာလဲ...
ဦးလေးပြောတဲ့ အချက်အလက်တွေ အားလုံး ပြည့်စုံတယ်.. အိမ်ခြံဝန်းထဲမှာ သီးပင်တွေ စိုက်လို့ရတဲ့ မြေကွက်လပ်လဲ ရှိတယ်.. အိမ်ရှေ့မှာလဲ ပန်းပင်တွေစိုက်လို့ရတဲ့.. မြေနေရာလဲရှိတယ်.. နောက်ပီး လက်တူးရေတွင်း လဲပါတယ်..
ဒါပေမယ့်....
ဒါပေမယ့် ဘာဖြစ်လဲ....မောင်ကျော်စွာ..
အဲဒါကတော့ ဦးလေးသွားကြည့်ရင် သိလိမ့်မယ်...
ဈေးကတော့ တန်တယ်ဦးလေး...
အဲဒီပတ်ဝန်းကျင်ကလူတွေကတော့ ဘယ်သူမှ မနေရဲဘူး..
အဲဒါကြောင့်လဲ ဈေးကျတာဖြစ်မယ်...
လာမယ့်စနေနေ့ ဦးလေးနဲ့ ကျွန်တော် သွားကြည့်ကြရအောင်...
အိုကေ မောင်ကျော်စွာ...
သွားကြတာပေါ့....
======================
ဦးလေး အရှေ့ရောက်ရင် ဘယ်ဘက်ကွေ့လိုက်
ကျွီ.......၀ူးးးး.၀ူးးးး
ဟော ဟိုအရှေ့က ခြံပဲဦးလေး....
မောင် ကျော်စွာ.ခြံက ပိတ်ထားပါလား....
ဟုတ်တယ် ဦးလေး..
ဒီအိမ်က လူမနေတာကြာပီ... အရင်ကနေတဲ့ သူတွေကတော့ သရဲခြောက်တယ်ပြောကြတာပဲ..
ဦးလေးသိချင်ရင် ဒီအိမ်မှာ မာလီလုပ်ခဲ့ဖူးတဲ့ လူတစ်ယောက်ရှိတယ်... သူ့ကိုမေးကြည့်ရင်တော့ အကြောင်းစုံ သိရမယ် ထင်တာပဲ....
သူက ဘယ်မှာနေတာလဲ...
ဟိုးအရှေ့မှာ မြင်နေရတဲ့ တဲက သူ့အိမ်ပဲ ဦးလေး..
သွားမေးကြရအောင်...
ဗျို့ အိမ်ရှင်တို့ အိမ်ရှင်တို့.....
ဘယ်သူတုန်း... ဟော.ဧည့်သည်တွေပါလား..
လာကြဗျာ ထိုင်လေ... ရေနွေးကြမ်းနဲ့ ထန်းလျက်လေးစားကြပါဦး...
ဘာကိစ္စများရှိလို့လဲ....
ဘာကိစ္စလဲဆိုတော့ မောင်ကျော်စွာပဲ ရှင်းပြပေး လိုက်ပါကွာ...
ဒီလိုဦးလေး... ဒါက ဦးခင်ရွှေတဲ့ ကျွန်တော်သူဌေး ပေါ့ဗျာ...
သူဌေးက ဦးလေးအရင်က လုပ်ခဲ့တဲ့ အိမ်နဲ့ခြံကို ၀ယ်ချင်လို့တဲ့... အဲဒါ ဘယ်သူနဲ့ဆက်သွယ်ရ မလဲ ဦးလေးဆိုသိမှာပဲ ဆိုပြီး လာမေးတာပါ...
ဒီက မိတ်ဆွေက အဲဒီအိမ်နဲ့ခြံကို တကယ်ဝယ် မလို့လား...
ဖြစ်နိုင်ရင် မ၀ယ်ပါနဲ့လားဗျာ... အဲဒီအိမ်ကြီးက ကျိန်စာတိုက်ခံထိထားတယ်ဗျ....
ဟင်... ဘယ်လို..ကျိန်စာတိုက်ခံထိထားတယ် ဟုတ်လား...
ဟုတ်တယ် မိတ်ဆွေ... အကြောင်းစုံပြောပြ ရရင်တော့...
အဲဒီိအိမ်က အရင် မိုးကုတ်ကျောက်သူဌေး..
ဦးစံရွှေရဲ့ စံအိမ်ပေါ့ဗျာ... ကျွန်တော်ကတော့ အဲဒီအိမ်မှာခြံစောင့် လုပ်တယ်... သူဌေးမှာက မိန်းမမရှိတော့ဘူး သားသမီး ၃ယောက်နဲ့ အဲဒီအိမ်ကြီးမှာနေကြတယ်....
ကလေးတွေက ယောင်္ကျားလေး ၂ယောက်နဲ့ အငယ်ဆုံးကတော့ သမီးလေးပေါ့...
အကြီး၂ယောက်က အရမ်းဆိုးတာ.... ဦးစံရွှေက သားသမီးဆိုတော့ အလိုလိုက်တာလဲ ပါတာပေါ့ဗျာ...
ပိုက်ဆံရှာနိုင်တဲ့အချိန်မှာ သုံးဖြုန်းတာက ဘာမှမဖြစ်ဘူးဗျ...
ဒါပေမယ့် ဦးစံရွှေ ကျန်းမာရေးမကောင်းတာကနေ စတော့တာပဲ....
သူ့သားတွေက အလုပ်မယ်မယ်ရရ မလုပ်ပဲ သုံးဖြန်းတာ... ရှိသမျှစည်းစိမ်ကုန်သလောက် ဖြစ်သွားတယ်...
အဖေလုပ်သူကလဲ မပြောနိုင်ဘူး.. အိပ်ယာထဲ လဲနေတော့ သူတို့စိတ်ကြိုက်ပေါ့ဗျာ...
ဒါပေမယ့် ဦးစံရွှေက သူ့အိမ်နဲ့ ခြံကို အငယ်မလေး ကြွေကနုတ် နာမည်နဲ့ စာချုပ်စာတမ်းတွေ လုပ်ထားတာ.ဘယ်သူမှ မသိဘူး....
နောက်ဆုံး ရရှိသမျှ စည်းစိမ်းကုန်တော့ ဒီအိမ်ကြီး ကို မျက်စောင်းထိုးလာတော့တာပဲ...
ဖြစ်ချင်တော့ အဲဒီနှစ်ထဲမှာပဲ ဦးစံရွှေ ဆုံးပါးသွား ခဲ့တယ်....
ဦးစံရွှေ ဆုံးတော့ ဒီအိမ်နဲ့ခြံကို သူပိုင်တယ် ငါပိုင်တယ် အငြင်းပွားကြတာ.. နောက်ဆုံး.ဦးစံရွှေရဲ့ ရှေ့နေက အငယ်မလေး ကြွေကနုတ်နာမည်နဲ့ စာချုပ်စာတမ်းနဲ့အတူ လွှဲသွားကြောင်း ပြောတော့...
မကျေနပ်ပေမယ့် ဘာမှမတတ်နိုင်တော့ဘူး....
မောင်နှမ၃ယောက် တူတူနေရင်း အလုပ်အကိုင်ကမရှိ... ကြာလာတော့ ချန်ထားခဲ့တဲ့ အမွေတွေ ကုန်သလောက် ဖြစ်လာတယ်...
အဲဒီမှာ အိမ်ကြီးကို ရောင်းဖို့ စီစဉ်ကြပြန်ကော..
အငယ်မလေးကတော့ သဘောမတူဘူးပေါ့...
မောင်နှမတွေစကားများကြရင်း အကြီးကောင်နဲ့ အလတ်ကောင်က အိမ်ပေါ်က ဆင်းသွားတယ်...
အိမ်မှာတော့ အငယ်မလေး တစ်ယောက်ပဲ ကျန်ခဲ့တယ်...
ဒီလိုနဲ့ အိမ်ပေါ်က ဆင်းသွားတာ ၂လလောက် ကြာတဲ့အခါမှာတော့...
အကြီးကောင်က ပြန်ရောက်လာတယ်...
သူ့ညီမကို ခွင့်တောင်းပီ တစ်ရက် နှစ်ရက် နေမယ်ဆိုပြီးပြောတယ်...
မောင်နှမဆိုတော့လဲ နေပေါ့... ပေးနေတာပေါ့..
ဒါပေမယ့် အကြီးကောင်က သူ့သူငယ်ချင်း တစ်ယောက်ကိုပါ ခေါ်ခဲ့ပြီး.. အဲဒီအိမ်မှာ ၃ရက်လောက် နေခဲ့တယ်...
၃ရက်ပြည့်တော့ .... ငါသွားတော့မယ် ဆိုပြီး ထွက်သွားတာ... ခုထိ ပြန်မရောက်လာတော့ဘူး. အခုဆို ၁၅နှစ်လောက်ရှိပီ... သူသတင်းကြာတာတော့ ကားမှောက်ပြီး ဆုံးသွားတယ်လို့ ကြားတယ်....
သူထွက်သွားတဲ့ နေ့ကစပြီး အိမ်ကြီးမှာ.အနှောင့်အယှက်တွေ ၀င်လာတော
့ တာပဲ..... အိမ်ကလဲ စံအိမ်ကြီးလိုပဲ အဲဒီတုန်းက ဦးလေးရယ် ဦးမိန်းမရယ် ဦးလေးရဲ့သမီးနဲ့ မမလေးကြွေကနုတ်တို့ တူတူနေကြတယ်...
အကြီးကောင်ထွက်သွား..
တဲ့ညမှာပဲ....
အချိန်က ညသန်းခေါင် ၁၁နာရီ....
ကိုထွန်းလှ... မမလေးက ကံဆိုးတယ်နော်... မိဘတွေက ပိုက်ဆံတွေအများကြီးရှာထား ပေးတာ အသုံးမကျတဲ့ အကိုတွေကြောင့် ခုဆို အထည်ကြီးပျက်ဘ၀နဲ့ နေနေရတာ...
ဒါမယ့်လေ မမလေးမှာ သူ့စုဆောင်းထားတဲ့ ပစ္စည်းတွေရှိချင်ရှိမှာပေါ့နော်..ဒါကြောင့်လဲ ကျွန်မတို့မိသားစုကို အလုပ်ပေးထားဖြစ်မယ်..
မိန်းမကလဲ အရေးထဲ ဘကြီးနွားလာကျောင်း နေတယ်... ငါတို့ကို ကူညီထားတာပဲ ကျေးဇူး တင်လှပါပီ....
အိပ်တော့ကွာ... သမီးလေးက မမလေးနဲ့ သွားအိပ်တာမလား...
မနက်ကျအစောကြီးထရဦးမယ် အိပ်တော့...
======================
ထိုစဉ်....
တောက်..... တောက်......
တောက်ခတ်သံက တိတ်ဆိတ်နေတဲ့ ညအချိန်မှာ ဟိန်းပြီးထွက်ပေါ်လာတယ်.....
ဟိုက်.. မိန်းမ ကြားလား.... တောက်ခတ်သံ လိုလို အသံကြီး....
အိပ်နေရာကနေ ငုတ်တုတ်ထထိုင်ပြီး နားထောင် လိုက်တယ်...
တောက်....တောက်......
ဟာ... သေချာပီ... အသံက ဘယ်ကလာတာလဲ. သေချာနားထောင်....
ဒုန်းးးဒုန်းးးဒုန်းးးဒုန်းးးးးး
ဒုန်းးးးဒုန်းးးးဒုန်းးးးဒုန်းးးးး
လှေကားပေါ်ကို ပြေးတက်ပြေးဆင်း လုပ်နေတဲ့ အသံ...
ခြေသံကတော်တော်ပြင်းတယ်...
မမလေးတို့များလား... လာ မိန်းမ ထကြည့်ရအောင်....
ကျွီ....တံခါးကို အသာဟပြီး ကြည့်လိုက်တော့ လူနဲ့တူတာဆိုလို့ ဘာဆိုဘာမှမရှိ...
ရှပ်..ရှပ်..ရှပ်... ဒုန်း..ဒုန်း..ဒုန်း...
ခြေသံက မီးဖိုခန်းထဲကနေ ထွက်လာပြန်ပီ....
ခဏနေတော့ မမလေးနဲ့ သမီးလေးတို့ ပြေးထွက် လာကြတယ်...
ဦးလေး.ဘာဖြစ်တာလဲ... ဘာဖြစ်တာလဲ သူခိုးဝင်တာလား...
မဟုတ်ဘူး မမလေး... သူခိုးမဟုတ်ဘူး...
ဘာလဲဆိုတာတော့ သေချာမသိသေးဘူး....
ဖေဖေ..ဖေဖေ... ဟိုမှာ ဘီလူးကြီး..ဘီလူးကြီး ကြော က်တယ် ကြောက်တယ်.....အီးးးဟီးးးဟီးး
သမီးလေး...သမီးလေး... ဘယ်မှာလဲ... ဘယ်မှာလဲ ဘာမှမရှိပါဘူး....
ဟိုမှာ ဟိုမှာ တင်းပုတ်ကြီး ထမ်းပြီး ရပ်နေတယ်..
မီးဖိုခန်းအရှေ့မှာ ရပ်နေတယ်....
မျက်လုံးတွေက နီရဲနေတာပဲ... ပါးစပ်မှာလဲ အစွယ်ကြီးနဲ့... အားးးကြောက်တယ် ကြောက်တယ်......
သမီးလေးက အဲလိုအော်တော့ ဦးလေးတို့လဲ ဘာလုပ်လို့ လုပ်ရမလဲ မသိတော့ဘူး...
ဦးလေးတို့က ဘာမှမတွေ့ဘူး... သမီးလေးကပဲ တွေ့တာ....
ဦးလေး အဲဒါဆို ဦးလေးသမီးလေး.မြင်တာက ဘာလဲ အရင်ကကော အဲလိုခြောက်တာ.ရှိလား..
အရင်က မရှိခဲ့ဘူးကွဲ့... အဲလိုခြောက်တာ နောက်ပိုင်းပိုပိုဆိုးလာတယ်....
တစ်ခါတစ်လေဆို အသံနက်ကြီးနဲ့ အော်အော်ရီ တတ်တယ်...ပြီးတော့...
ဒါငါ့နေရာ ငါပိုင်တဲ့အိမ်.... ဘယ်သူမှမနေနဲ့ ငါ့ကိုအပိုင်စားပေးထားတာ .....
အဲလိုအသံနက်ကြီးနဲ့အော်တာ....
တစ်ညမှာတော့.... ဦးလေးတို့ အခန်းထဲမှာ.. ထိုင်နေကြတယ်...
အိမ်မှာရှိတဲ့ လူတွေအားလုံး အခန်းထဲကနေ ကြည့်နေတာ...
ည ၁၁.နာရီလောက်ပေါ့....
လှေကားအောက်ကနေ လူမဲမဲကြီးတစ်ကောင် ထွက်လာတာ.အားလုံးမြင်ရတယ်...
အိမ်ကအပေါ်ထပ်ကို တက်ဖို့လုပ်ထားတဲ့ လှေကားအောက်ကနေ ထွက်လာတာ...
သမီးဆို ကြောက်ပြီးအော်တောင် မအော်နိုင်ဘူး..
အဲဒီသတ္တ၀ါကြီးက အစွယ်အဖွေးသားနဲ့ တစ်ကိုယ်လုံးမဲနက်နေတာပဲ.... လှေကားအောက်မှာ ငုတ်တုတ်ကိုထိုင်နေတာဗျာ. ပြီးတော့ လှေကားပေါ်ကို ခြေသံပြင်းပြင်းနင်းပြီး တက်သွားလိုက် ပြန်ဆင်းလာလိုက်.... လှေကား အောက်မှာ ထိုင်လိုက် တောက် ခတ်လိုက်... အဲလိုလုပ်နေတာ မနက်အာရုံတက်အလင်းရောင် ပေါ်လာမှပဲ အဲဒီသတ္တ၀ါကြီးက ပျောက်သွားတာ..
နောက်နေ့ကစပြီး မမလေးလဲ အဲဒီအိမ်မှာ မနေရဲ တော့ဘူး.... ဦးလေးတို့လဲ.. ဒီဘက်လမ်းထဲ ပြောင်းလာကြတယ်....
မမလေးကတော့ တရားဘောင်ထဲ ၀င်သွားတယ်..
ခု ဦးလေးမိန်းမနဲ့ သမီးလေးက မမလေး ဆီသွားတယ်....
ွဒါနဲ့ တစ်ခုပြောမလို့ အဲဒီအိမ်ကြီးကို တစ်ခြား.သူတွေလာမ၀ယ်ဘူးလား....
မ၀ယ်ဘူး..လူလေး.. လာငှားနေကြတာ...
ဒါမယ့် ၃ရက်မပြည့်ပါဘူး... အကုန်ပြေးကြတာပဲ...
တစ်ယောက်စကား တစ်ယောက်နားနဲ့... ဘယ်သူမှမလာရဲတော့ဘူး... ၀ယ်ဖို့ဆို ဝေလာဝေးပေါ့ကွယ်..
ဒါဆို ဦးလေး ဆရာလေးနဲ့ တွေ့ချင်တယ်... ဒီိအိမ်ကို ကျွန်တော်တို့ဝယ်မယ်....
ဆရာလေးဆီလိုက်ပို့ပေးပါ.... အခုချက်ချင်း သွားချင်တယ်ဗျာ...
အင်း..သွားချင်တယ် ဆိုတော့လဲ .လိုက်ပို့ပေးတာပေါ့....
===============
သီရိမာလာသီလရှင် စာသင်တိုက်
.         မမလေးတစ်ဖြစ်လဲ ဆရာလေးခေမာစာရ.. အရမ်းကိုတည်ကြည်ပြီး အရမ်းကြည်ညိုဖွယ် ကောင်းလိုက်တာ...
ဆရာလေး တပည့်တော်တို့က ဆရာလေး အိမ်ကို ၀ယ်ချင်လို့ပါ... အဲဒါဆရာလေးဆီက ခွင့်လာတောင်းတာပါ....
နောက်ဆုံးမှာတော့... ဆရာလေးဆီက ခွင့်ပြုချက် ရပြီး ... မနက်ဖြန် နေ့လည် ၁၂နာရီ တိတိမှာ...
အဲဒီအိမ်မှာ သံဃာတော်တွေနဲ့ ပရိတ်ရွတ်ဖတ် မယ်တဲ့ ဆရာလေးကိုယ်တိုင် လာမယ်တဲ့...
အိမ်ပိုင်ရှင်အနေနဲ့ လာမယ်တဲ့...
အဲဒီအိမ်ကိုရောင်းရတဲ့ပိုက်ဆံနဲ့ ဘုရားတည်ဖို့ စိတ်ကူးထားတယ်တဲ့....
==================
အိမ်ကြီးက လူမနေတာ ကြာတော့ အိမ်ပေါ်ကိုတောင် တက်မရတော့ဘူး...
အိမ်အောက်ထပ်မှာပဲ လှည်းကျင်းပြီး သံဃာတော်တွေ ထိုင်ဖို့အတွက် နေရာစီစဉ် ပေးထားလိုက်တယ်...
တရားနာမယ့်သူတွေကတော့ ဆရာလေးခေမာစာရရယ်... မာလီမိသားစုရယ်.. ကျွန်တော်ရယ်... ကျွန်တော်သူဌေးရယ်.. ပတ်ဝန်းကျင်က.အိမ်နီးချင်း၅ယောက်လောက်ပေါ့....
ဆရာတော်တွေရောက်လာတော့ ... သီလပေး တရားနာတဲ့အချိန်ထိ ဘာမှမဖြစ်သေးဘူး.. ဒါပေမယ့် ပရိတ်ရွတ်တဲ့အချိန်မှာတော့ ... တောက်ခတ်သံကြီးဗျာ.တော်တော်ကျယ်တဲ့ အသံ... လှေကားအောက်ကနေ ထွက်လာတာ...
ဆရာလေးနဲ့ ဆရာတော်တွေကလွဲပြီး ကျန်တဲ့ သူတွေကတော့ အားလုံးလှေကားအောက်ကို...ကြည့်နေကြတာ.. ခဏနေတော့ လှေကားပေါ်ကို.ပြေးတက်လိုက် ပြေးဆင်းလိုက်.. အိမ်ပေါ်မှာပြေးလိုက်နဲ့....
ဆရာတော်တွေကတော့ ပရိတ်ရွတ်ပြီးတာနဲ့ ပရိတ်ကြိုးတွေကိုလိုက်တားမယ်လဲ ပြင်ကော...
တရားနာတဲ့သူတွေထဲက တစ်ယောက်ကို ၀င်ပူးတာ....
သူအရမ်းပူတဲ့အကြောင်း... သူ့ကို ဒီလှေကား.အောက်မှာနေဖို့ ထားခဲ့ကြောင်း...
သူ့ကို နေစရာပေးပါက ဒီကနေ ထွက်သွားမယ်.ဆိုတဲ့အကြောင်း... ပြောတော့..
ဆရာလေးကို.မေးတယ်...
ဒီကပုဂ္ဂိုလ်ကို ဒီအိမ်မှာ နေခွင့်ပေးမလားလို့ သုံးကြိမ်မေးတော့ ဆရာလေးက နေခွင့်မပေး ပါဘူးလို့ လျောက်တင်တော့....
အိမ်း... ဒီမှာ ပါတဲ့ သူတွေထဲက ယောင်္ကျားလေး.၂ယောက်လောက်.. လှေကား အောက်ကို သွားကြည့်လိုက်.ထူးခြားတာ ရှိရင်ပြော...
ဝင်ပူးနေတဲ့သူကိုလဲ ပင့်ဖိတ်ထားတဲ့ နတ်တွေက ချုပ်ထားပေးပါ...
ခဏနေတော့ လှေကားအောက်ကို သွားကြည့်တော့ .... လှေကားထစ် အောက်ဖက်မှာ ဘီလူးပုံဗျာ သေချာထွင်းထားတာ သာမန်ဘယ်လိုမှမမြင်နိုင်ဘူး... အောက်ဘက်မှာ သေးသေးလေးထွင်းထားတာ... ပြီးတော့ ဘီလူးပုံအလယ်မှာ သံတစ်ချောင်းရိုက်ထည့်ထားတယ်....
ဆရာတော်က ဒါက ပန်းပုထုပြီး အသက်သွင်း ထားတာ..
ရိုက်ထားတဲ့ သံကလဲ မကောင်းတဲ့နေရာက ရတဲ့ သံဖြစ်လိမ့်မယ်.
အိမ်းး..အခုဝင်ပူးနေတဲ့ပုဂ္ဂိုလ် မင်းကို နေဖို့နေရာ ပေးမယ်... ငါတို့နဲ့လိုက်ခဲ့...
အဲဒီလှေကားကိုလဲ မီးရှို့ပစ်လိုက်တော့.
နောက်ဆုံးမှာတော့ အဲဒီခြံနဲ့အိမ်ကို ကျွန်တော်တို့ ၀ယ်လိုက်တယ်..
ဈေးကိုလဲ တန်ရာတန်ကြေးပေးခဲ့တယ်.
ခြံစောင့်ဦးလေးကိုလဲ အဲဒီနေရာမှာပဲ အလုပ်ပြန်ပေးခဲ့ပြီး သူတို့မိသားစုနေဖို့ အိမ်လေးတစ်လုံးပါ ဆောက်ပေးခဲ့တယ်..
အိမ်ကိုတော့ အားလုံးဖျက်ပြီး တိုက်အသစ်ပြန် ဆောက်ခဲ့တယ်...
ခုတော့ ခရမ်းရောင်သုတ်ထားတဲ့ တိုက်ပုလေး..စိမ်းလန်းနေတဲ့ ပန်းပင်လေးတွေ.. ပန်းပင်လေးတွေက ပွင့်နေတဲ့ ပန်းပွင့်လေးတွေက အရမ်းကိုလှပနေခဲ့ပါပြီ....
အရာရာအားလုံးပြီးဆုံးခဲ့လေပီတကား.
                                   ပြီးပါပြီး .           
                                          ဇေယန ( ရာမည )
================

0 comments:

Post a Comment