အခေါင်းထဲ မှ တောက်ခေါက်သံ


( အပိုင်း ၁ )
       အလုပ် မှ ခွင့်ရက်ရှည်ရသဖြင့်
ကျွန်တော့်မိဘများ ရှိရာ မြို့သို့
ပြန်လာခဲ့လေသည် ။
      ကျွန်တော်  မိုးညိုမြို့
ကားဂိတ်သို့ရောက်တော့  ညနေ၆း၃၀
ရှိပြီဖြစ်သည် ။ အိမ်သို့ရောက်ရန်
နောက်ထပ် ၁ နာရီခန့်  သွားရဦးမည်
ဖြစ်သည် ။ ထို့နောက် မြစ်တစ်ဖက်ကမ်း
ကူးရဦးမည်ဖြစ်သည် ။

     ''''''ညီလေး  ဘယ်ကိုသွားမှာလဲကွ
ကယ်ရီလိုသေးလား '''''
'''''ကျွန်တော်  မင်္ဂလာကျွန်း ကိုသွား
မလို့ပါ  အကို ''''
''''ဒါဆို  မင်း ရေဝိုင်းကုန်းကနေပြီးတော့
လှေစီးရဦးမှာပေါ့  ''''
'''''ဟုတ်ကဲ့  အကို  ရေဝိုင်းကုန်းကို
ကယ်ရီခ ဘယ်လောက်လဲ အကို''''
''''' ၃၀၀၀ ပဲပေးပါ  ငါ့ညီ  အကိုလဲ
ဆင်ကျွန်းကို ပြန်မှာဆိုတော့ လမ်းကြုံ
တယ် ''''
'''' ၂၀၀၀ ပဲထားလိုက်ပါ အကို
ဟိုဘက်လဲ လှေစီးရဦးမှာမလို့ပါ '''''
'''''အင်းပါ  အကိုလဲပြန်တော့မှာ
ဆိုတော့''''''
     ''''' လမ်းတွေကလဲ  ဆိုးတယ်နော်
အကို  ''''
'''' အရင်က ပိုဆိုးတယ်  ခုမှတော်
သွားတာ ''''
''''ဒါနဲ့ ငါ့ညီတို့က မင်္ဂလာကျွန်းမှာနေတာ
ကြာပြီလား  ''''
''''ကျွန်တော့်  မိဘတွေနေတာပါ
အဲဒီမှာ ကျောက်ဒိုင်ဖွင့်ထားတာရှိတယ်
ကျွန်တော့် အမေက ကျောက်ဒိုင်မှာ
ဈေးရောင်းပါတယ် l အဖေကတော့
သင်္ဘောမောင်းပါတယ် l ဒိုင်ကလဲအဲဒီ
ကိုပြောင်းလာတာမကြာသေးဘူး''''
''''အော် ဟုတ်လား ကျောက်ဒိုင်ကလူတွေ
မိုးညိုကို ဈေးလာဝယ်တာ တွေ့ပါတယ်'''
''''ဟုတ်ကဲ့  ကျွန်တော်လဲ  ခွင့်ရက်
ရတာနဲ့ အမေတို့ဆီပြန်လာတာ'''''
''''ဟုတ်လား  ငါ့ညီက မိဘတွေနဲ့အတူ
မနေဘူးပေါ့ ''''
''''ဟုတ်ကဲ့ ''''
''''ကျွန်တော် အရင်ကကြားဖူးတယ်
ဒီဘက်တွေက  အရမ်းကြမ်းတယ်ဆို'''
''''ဟုတ်တယ်ကွ အရင်ဒီနေရာတွေက
တစ်ယောက်ချင်းသွားလာလို့ မကောင်း
ဘူး ခဏခဏ လူရိုက်မှု l တရားခံ
မပေါ်တဲ့ လူသတ်မှုတွေဖြစ်တယ်'''''
''''ဟိုတစ်ခါတုန်းက  မိုးညိုဘက်ကို
မနက်အစောကြီးဈေးသွားဝယ်တဲ့
လင်မယား ၂ယောက် ခေါင်းပြတ်နေတဲ့
အလောင်း၁လောင်းတွေ့ခဲ့ရတယ်တဲ့
နောက်ပိုင်း လာသမျှ လူတိုင်းကို
ခေါင်းပြတ်သရဲ လိုက်ခြောက်တယ်
ကြားတယ်'''''
     '''အကိုရော ကြုံဖူးလား ဗျ'''
''''ကြုံဖူးတာပေါ့ကွ ''''
''''ခရီးသည်တစ်ဦး ကို မိုးညိုဘက်
လိုက်ပို့ပြီး ပြန်လာတာ  လမ်းမှာ
မိန်းကလေးတစ်ယောက်  ခရီးကြုံ
လိုက်လာခဲ့တယ်  ကျားကျွန်းထိပ်က
တံတားလေးကို ရောက်တော့ သူဆင်း
သွားတယ်  အဲဒီမှာ သူ့ကိုကြည့်လိုက်တော့  မျက်နှာက
ဘာမှ မရှိပဲ  ပြောင်တလင်းကြီး
အဲဒါနဲ့  ငါလဲ သရဲခြောက်တာပဲ
ဆိုပြီး  ဆိုင်ကယ်ကို  အတင်းမောင်း
ပြေးတာပေါ့  အဲဒီမှာ သူ့လက်ကြီးက
ရှည်ထွက်လာပြီး  နောက်ကဆွဲထား
တော့တာပဲ  ''''
''''ငါ့အော်သံကြားတဲ့  အဲဒီနားက
အင်းဖော်တဲ့ သူတွေရောက်လာမှပဲ
သရဲမလဲ ဘယ်ရောက်သွားတယ်
မသိပါဘူး  ……ငါလဲ ၃ ရက်လောက်
ဆေးထိုးလိုက်ရတယ်  အဖျားကြီးပြီး
မထနိုင်တော့လို့''''
'''''မင်းသွားမဲ့  မင်္ဂလာကျွန်းကလဲ
အရင်က နံမည်ကြီးတဲ့ နေရာတစ်ခုပဲ'''
     ''''ဟုတ်လား  ပြောပြပါဦးအကို'''
''''တစ်ခါတုန်းကပေါ့  တံငါသည်
လင်မယား ၂ယောက် မင်္ဂလာကျွန်းနား
မှာ ပိုက်ချခဲ့တယ်  l လှေဝမ်းထဲမှာလဲ
ငါးတွေ l ပုဇွန်တွေ အတော်လေး
ရနေပြီပေါ့  အဲဒီမှာ  ယောက်ျားက
ခဏအိပ်ရင်း အိပ်မက်မက်ခဲ့တယ်
သူတို့လှေဝမ်းထဲက  ငါးတွေl ပုဇွန်
တွေကို  လူတစ်ယောက်က  နှိုက်စား
နေတယ်တဲ့  သူလဲ အဲဒီသူနားကို
သွားမယ်လုပ်တော့ သူ့ကိုအဲဒီသူက
လှည့်ကြည့်ခဲ့တယ် l အဲဒီမှာ သူမြင်
တာက  မျက်နှာတစ်ခုလုံးသွေးတွေရွှဲ
နေတဲ့ လူတစ်ယောက်တဲ့ '''
''''သူလန့်နိုးလာပြီး  သူ့မိန်းမကိုလဲ
နှိုးပြီးပြောတာပေါ့  အဲဒီမှာ သူ့မိန်းမကလဲ
အဲဒီအိပ်မက်မက်တယ်တဲ့  နောက်တော့
လှေဝမ်းထဲ လှန်ကြည့်လိုက်တော့
လှေဝမ်းထဲက ငါးတွေ မရှိတော့ဘူး
သူတို့လဲ ပိုက်တွေဖော်ပြီး  ပြေး
တော့တာပဲ  တဲ့ ''''
''''အဲဒီလို ဖြစ်ပြီး  နောက်ပိုင်း တံငါသည်
တွေ  ခဏခဏ  အဲဒီနားမှာ အခြေညက်
ခံရတယ်ပြောတာပဲ''''
     ''''အကိုရေ  ကျွန်တော်သွားပြီနော်
လှေငှားပေးတဲ့ အတွက်လဲကျေးဇူး
တင်ပါတယ်ဗျ''''
'''' အေးပါကွာ  အကိုလဲ သွားတော့မယ်''''
''''ဟုတ်ကဲ့  ''''
…………………………………………………………
( အပိုင်း ၂ )
         ''''သားရေ  ရေချိုးပြီး
ထမင်းစားလိုက်နော်  အမေ အသုဘအိမ်
သွားလိုက်ဦးမယ်  ''''
''''ဘယ်က  အသုဘလဲ အမေ'''
''' ဝေယံတို့  ကျောက်စုတ်မော်တော်
မှာ  အလုပ်လုပ်နေတဲ့  လူတစ်ယောက်
ပါကွယ်  အရက်အမူးလွန်ပြီး  ရေထဲ
ပြုတ်ကျပြီး  ဆုံးသွားတာပါ
မနက်ဖြန်  အသုဘချမှာလေ '''
'''သူပြုတ်ကျတာ  မသိကျတော့
ပန်ကာအောက်ရောက်ပြီး  စက်နှိုး
လိုက်တော့  မျက်နှာတစ်ပြင်လုံး
ပန်ကာနဲ့ ခုတ်မိထားတာ  ရစရာတောင်
မရှိပါဘူး  ကွယ် '''
'''ဟုတ်လား  အမေ'''''
'''အင်း  အမေခဏ  သွားလိုက်ဦးမယ်'''
''''ဟုတ်ကဲ့  ပါ  အမေ'''
         ကျွန်တော်  အိမ်သာထဲ၌  ကိစ္စ l
ဝိစ္စများရှင်းနေစဉ် 
''''ဒုန်း  ဒုန်း  ဗျန်း   ဗျန်း ''''
      အိမ်သာတံခါး ထုသံ  ကိုကြားရ
လေသည် ။
''''ဘယ်သူလဲဗျ  ဒီမှာ  မပြီးသေးဘူး
အမေလား ''''
''''ဗျန်း  ဗျန်း  ဒုန်း ဒုန်း '''
        ကျွန်တော်  အပြင်ထွက်လာပြီး
ကြည့်တော့  မည်သူကိုမှ မတွေ့ရပေ။
        ''''ကောင်းထက်စံရေ  အိပ်နေပြီ
လားဟ '''
''' ဝေယံ  လာလေ  ငါမအိပ်သေးပါဘူး
ငါလဲ  မနက်ကျမှ  မင်းဆီလာမလို့ပဲ'''
''''ငါလည်း  ခုမှ မင်းရောက်နေမှန်း
သိတာ  မင်းအဆင်ပြေရဲ့လား'''
''''ပြေပါတယ်ကွာ  l မင်းရော'''
'''ငါကတော့  အလုပ်က နေပူထဲမှာ
လုပ်ကတဲ့  အလုပ်ပဲ  ပင်ပန်းတာပေါ့ကွာ'''
''''အေးပါကွာ  မင်းအမေရော နေကောင်းတယ်မလား '''
'''ခုရက်ပိုင်းကတော့ကွာ  လူက
နေကောင်းပါတယ် l စိတ်ကမကောင်း
တာ '''
''''ဘယ်လိုဖြစ်လို့လဲကွ '''
    ''''ငါတို့ မော်တော်က
ဦးကျော်ကြီးဆုံးပြီးထဲက  အိမ်မှာ
သရဲလာခြောက်လို့ဆိုပြီး  ကြောက်နေတာကွ ''''
''''ဟုတ်လို့လားကွာ  ''''
''''ဟုတ်တော့  ဟုတ်တယ်ကွ '''
''''ငါတို့တွေ  ညနေထမင်းစားတော့
မဟ်ဆိုရင် ပန်းကန်စင် ပေါ်က 
ဇွန်းတွေ ပစ်ချ  l  ပန်းကန်တွေ
ပစ်ချလုပ်တယ်ကွ '''
''''ငါအိပ်နေတုန်းလဲ  စောင်တွေ
ဆွဲချတယ်ကွ l  ဟိုတစ်နေ့ကဆို
ပုဆိုးပါပါသွားတယ်ကွာ  ငါ့မှာ
မနက်လင်းတော့  ကျောက်သည်တဲ့
ကောင်မလေးတွေလာတော့မှ သူတို့
ဝိုင်းရယ်မှ  နိုးတော့တယ်  ရှက်လိုက်တာ
ကွာ  ခုရက်ပိုင်း  ပုဆိုးနဲ့တောင်
မအိပ်ရဲတော့ဘူး ဖြစ်နေတယ် ''''
''' ပုဆိုးက  မင်းဘာသာမင်း
အိပ်ရင်း  ကျွတ်တာဖြစ်မှာပါကွာ'''
''''မင်း  မသိပါဘူးကွာ  ဦးကျော်ကြီးက
သူမသေခင်ကလဲ  အဲဒီလိုပဲ လိုက်စ
နေကျကွ ''''
'''''သူသိသိမသိသိ  စနေကျကွ '''
''''ဒါနဲ့  ငါခုန  အိမ်သာတက်နေတုန်းက
တံခါးကိုထုပြီး l သဲတွေနဲ့ပက်တာ
မင်းလား '''
''''မဟုတ်ပါဘူး  ကွ  l ငါခုမှလာတာပါ
မင်းကို  ဦးကျော်ကြီး  စတာနဲ့တူတယ်'''
'''သူနဲ့  ငါနဲ့မှ  မသိတာ  ''''''
''''မင်းကလဲ  သူကအဲဒီလိုပါဆို ''''
       ''''ဒါနဲ့  ကောင်းထက် မင်းဒီည
ငါနဲ့  အိမ်မှာလိုက်အိပ်ပါလား
အိမ်မှာ ဘယ်သူမှ  မရှိလို့ပါကွာ'''
''''အသုဘစောင့်တဲ့  သူတွေ မရှိဘူးလား'''
'''အေးကွ  ''''
''' ငါအမေ့ကို  ပြောပြီး  လိုက်ခဲ့မယ်လေ'''
'''ငါပြောပြီးပါပြီ  '''
'''အေးပါကွာ  ဒါဆိုလဲ  လိုက်ခဲ့ပါမယ်'''
…………………………………………………………
( အပိုင်း  ၃  )
        ''''ဝေယံရေ   ငါတို့လဲ
ဒီည  အသုဘ  စောင့်ပေးမယ်l
ငါတို့စောင့်ရင်း  အပျင်းပြေ
ရှမ်းကိုးမီးလေး  ဘာလေးလဲဆော့ကျ
တာပေါ့ကွာ '''
''''ကိုထင်လင်းတို့  စောင့်ပေးမယ်ဆို
ရင်ရပါတယ်ဗျာ  ဒါနဲ့  အဘစိန်မြင့်
တို့ကိုရောပြောပြီးပြီလား '''
'''ပြောပြီးပါပြီ  ငါ့ညီရ'''
'''ဟုတ်ကဲ့ပါ  ဗျာ ''''
    ''''ကောင်းထက်ရေ  ငါလဲကြားပေါက်
ဝင်ထိုးလိုက်ဦးမယ်ကွာ  မင်းအိပ်ချင်
အိပ်လေ''''
''''အေးပါ  ရပါတယ်ကွာ ''''
        ကျွန်တော်  ဖဲဝိုင်းမှ  အသံများကို
နားထောင်ရင်း  တဖြည်းဖြည်း
အိပ်ငိုက်လာလေတော့သည်။
     '''''တောက်   ''''
            တောက်ခေါက်သံကြားလိုက်
ရသဖြင့်  ကျွန်တော်လန့်နိုးလာ
လေသည် ။
''''ဟေ့ကောင်  ဖြိုးကို   l  ဒီလောက်
လေးရှုံးတာနဲ့  တောက်ခေါက်တာလား'''
''''မဟုတ်ပါဘူး  ကိုထင်လင်း ရဲ့ ''''
''''ကျွန်တော်လဲကြားလိုက်တယ်ဗျ''''
''''ကျွန်တော် မခေါက်ပါဘူးဗျ  တစ်ကယ်
ပါ ''''
        ''''တောက်   ''''
''''ဟော ကြားရပြန်ပြီတွေ့လား
သီဟ မင်းတောက်ခေါက်တာလား''''
''''မဟုတ်ပါဘူး  အကိုရဲ့ ''''
''''ဟိုကောင်လေးများ  အိပ်နေရင်း
ယောင်ပြီးခေါက်တာလား '''''''
'''''ကျွန်တော်  အိပ်မပျော်သေးပါဘူးဗ်ျကြားရတာကတော့
အခေါင်းဘက်ကဗျ''''
''' ဒါဆို  ဦးကျော်ကြီးများ  ခေါက်တာလား
မသိဘူး ဦးကျော်ကြီးရေ အမျှ  အမျှ'''
'''ဦးကျော်ကြီး  ခင်ဗျားအတွက်
အရက်ဝယ်လာမလို့  မေ့လာလို့ပါဗျာ
ကျွန်တော့်ကိုတော့  မခြောက်ပါနဲ့''''
'' သီဟ  မင်းဘာတွေပြောနေတာလဲတိတ်
တိတ်နေကွာ  ငါတို့တွေ  သူ့အခေါင်း
နားသွားကြည့်ရအောင်ကွာ'''
'' 'ကျွန်တော်  မလိုက်ရဲဘူးနော် '''
''''သီဟ  မင်းမလိုက်ရဲလဲနေကွာ
ဖြိုးကို  မင်းလိုက်မှာလား'''
''''ကွန်တော်လဲ ကြောက်ကြောက်
တယ်ဗျ ''''
''''ဝေယံ  နဲ့  ဟိုကောင်လေး
လိုက်ရဲလား  ''''
''''ဟုတ်ကဲ့  သွားကြည့်မယ်လေ
အကို ''''
''''အေး  အေး  ''''
          ကျွန်တော်l  ကိုထင်လင်း နဲ့
ဝေယံ  တို့  အခေါင်းနားသို့
တစ်ဖြည်းဖြည်း သွားနေကြစဉ်
''''ဗျစ်  ဗျစ်   ဒုန်း  ဒုန်း  ဝုန်း  ဝုန်း '''
      ရုတ်တရတ်  ဦးကျော်ကြီး
အခေါင်းမှာ  အလောင်းစင်ပေါ်မှ
ပြုတ်ကျလာလေသည် ။
     '''အမေရေ   ကယ်တော်မူပါ
သရဲ   l သရဲ ''''
''''ဦးကျော်ကြီး  သရဲလိုက်လာပြီဗျို့'''
        ကျွန်တော်  နှင့်  ဝေယံလဲ
အိမ်သို့  မပြန်တော့ပဲ  ဝေယံတို့
မော်တော်၌  အိပ်ခဲ့ရလေသည်။
   '''' ကောင်းထက်ရေ  ငါတို့
ထွက်ပြေးလာတာသူများတွေ
မပြောနဲ့နော်  တော်ကြာငါတို့ကို
သူရဲကြောင်တဲ့  သူတွေလို့ထင်နေမယ်''
'''ဘယ်လိုဖြစ်ပြီး  အခေါင်းကြီးက
ပြုတ်ကျလာတာလဲ  မသိဘူး '''
'''မင်းတို့  အလောင်းစင် က
ရေစပ်မှာ လုပ်ထားပြီးတော့
လေးတိုင်စင်လေးဆိုတော့  မခိုင်တာ
ဖြစ်မယ်ကွ  ''''
''''ဘာပဲ ဖြစ်ဖြစ်က  အခေါင်းကြီး
ပြုတ်ကျလာတဲ့ပုံကိုငါ့မျက်စိထဲက
မထွက်သေးဘူး   တစ်ကယ်
လန့်သွားတာကွ ''''
''''ဟားဟား တွေးကြည့်ရင်
ရယ်စရာကြီးကွ  l ငါတို့အုပ်စု
ပြေးလိုက်ကြတာ တန်းနေတာပဲ
ဟိုလူတွေတော့  ဘယ်လိုဖြစ်ကျန်
ခဲ့တယ်မသိဘူး  '''
…………………………………………………
      ''''ဟိတ်ကောင်လေးတွေ
မင်းတို့ ညက  ဘယ်သွားအိပ်ကြလဲကွ'''
''''ဝေယံ  တို့  သင်္ဘောပေါ်
တက်အိပ်ကြပါတယ်  အကို
အကိုတို့ရော  ဘယ်လိုဖြစ်ကျန်ခဲ့လဲ
ပြီးတော့  အကို့ခေါင်းကဘ ပတ်တီးဘယ်လိုဖြစ်တာလဲ'''
'''''မပြောချင်တော့ပါဘူးကွာ
ငါလဲ  ငါတို့အိမ်ဘက်ပြေးတာပေါ့ကွာ
ငါ့နောက်က  သီဟလိုက်လာပြီး
ပါးစပ်ကလဲ  သရဲ  လိုက်လာတယ်လို့
အော်ပြီး  ပြေးလိုက်လာတယ် ''''
'''အဲဒီမှာ  ဒေါ်တိုးစိန်ကြီးက
ငါတို့ပြေးလာတာကို  သူခိုး
ပြေးလာပါတယ်ဆိုပြီး  သစ်သား
တုတ်နဲ့တီးလိုက်တာပါပဲကွာ ''''
''''သူက  နဂိုထဲက  နားနဲနဲ
လေးနေတာလေ  သရဲလို့
သီဟအော်တာကို   သူခိုးလို့ကြား
လိုက်တာတဲ့ကွာ  ငါလဲတော်တော်လေး
အီသွားတယ်  ''''
     '''ဒါနဲ့  ကိုသီဟရော  မတွေ့ပါလား
အကို  ''''
''''အဲဒီကောင်  ဖျားနေတယ်လေ
ခုနမှ  ရွှေကျင်က  ဆရာကိုဖုန်းဆက်
ထားရတယ်   ပါးစပ်ကလဲ  ကယောင်
ကတမ်းတွေအော်နေတယ်  ''''
''''ဒီကောင်  တော်တော်လန့်သွား
တာကွ  သူ့အိမ်ရောက်တော့
ပုဆိုးတစ်ထည်လုံး  ရှူးရှူးပန်း
ထားတာစိုရွှဲနေတာပဲတဲ့ကွ  '''
''''ဟားဟား   ကိုသီဟကတော့
ဖြစ်ရမယ်  ''''
        ''''ဖြိုးကို  ကတော့  ယေံတို့အိမ်ဘေး
မှာ  တက်ပြီး  သတိမေ့နေတာ
လူကြီးတွေရောက်လာမှပဲ  မနဲ
သတိရအောင်လုပ်ရတယ်တဲ့ကွ  ''''
''''ဒါနဲ့  ဦးကျော်ကြီးအခေါင်းကြီးရော'''
'''''ငါတို့ လူစု  အော်သံတွေကြားပြီး
တော့  လူကြီးတွေလဲလန့်နိုးကုန်တာ
နဲ့   အကုန်လုံးပြေးလာတာပေါ့
နောက်တော့  အခေါင်းကိုလဲ
သူတို့ပဲ  ပြန်ရွှေ့လိုက်တာတဲ့ကွ '''
'''''သဲမြေလဲ  ဖြစ်ပြန်l ရေစပ်မှာ
လေးတိုင်စင်ကို  သေချာမလုပ်ထားတော့
ပြိုကျသွားတာပေါ့ကွာ''''
       ''''ကျွန်တော်တော့ ခုထိ မျက်လုံး
ထဲက  မထွက်သေးဘူး  အခေါင်းကြီး
ရုတ်တရတ်ပြုတ်ကျတာကိုလေ
ပြီးတော့  တောက်ခေါက်သံကိုလဲ
ခုထိနားထဲမှာကြားနေတုန်းပဲဗျ'''''
       ''''ကောင်းထက်  မင်းရန်ကုန်
ပြန်ရင်  ပြောစရာတစ်ခုတော့
ရသွားတာပေါ့   '''''
''အေးကွာ   ဟားဟား '''
'''ငါတော့  သိပ်မရယ်နိုင်ဘူးကွာ
ခုထိခေါင်းကနာနေတုန်းပဲကွ''''
'''ဟား  ဟား  ဟား'''
'''ဖြစ်ရလေ  ကိုထင်လင်းရယ်''''
……………………………………………………
©©©အရှက်အကြောက် မရှိသူသည်
          သိက္ခာတန်ဖိုးကို  နားလည်မည်
             မဟုတ်ပေ 
               သစ္စာမရှိသူသည်လည်း
                  အချစ် ၏ တန်ဖိုးကို
                    သိမည်မဟုတ်ပေ  ©
~~~~~~~~~~~~~~~~~~~~~~~~~~
ပြီးပါပြီ
t t m

0 comments:

Post a Comment