ပဟေဠိ စံအိမ်

(၁)

------------------------------
""ကဲ နေ့သစ်ချကွာ.....လူပျိုလုပ်ရမယ့်ရက်က တစ်ပတ်ပဲ့ကျန်တော့တာ"""
သက်ထွန်းက ပြောပြော ဆိုဆို ပုလင်းထဲမှ လက်ကျန်ဝိုင်အား သူ့ရှေ့က ခွက်ထဲ သွန်ထည့်လိုက်သည်။
""ဟာ့ မင်းက လုပ်တော့မယ် ကို သက်
မိန်းမ ရရင် မသောက်ရတော့မှာ ကျနေတာပဲ့""
နေ့သစ် ဆိုတော့
""ဘယ်တူ မလဲကွ...ဟိုမှာ ငါ့မိန်းမ မျက်စောင်းခဲနေတာ မြင်လား...လူပျို ဘ၀လို မလွတ်လပ်ပါဘူးကွာ""
သက်ထွန်းက လက်ထပ်ထားတာ ၂လပဲ့ရှိသေးသည်။
သူ့မိန်းမ မီမိီထွန်းက ကျောင်းကတည်းက နာမည်ကြီး မကောက်ချိတ် ..ထစ်ကနဲရှိ စိတ်ဆိုးနေပြီ။
ဒါကြောင့် သက်ထွန်းက သူ့မိန်းမကို တမင် ကလိနေတာ...
သူ့အနေနဲ့ ဒီအိမ်က အားနာစရာ မလို သက်ထွန်းရော
မီမီထွန်းပါ သူ့သူငယ်ချင်းတွေ
......""ချကွာ ၀ိုင်ပဲ့ အေးဆေးပါ
မိန်းမရေအမြည်းယူခဲ့ပေးဦးကွ
ဒီကောင်ကြီး မင်္ဂလာ ဆောင် ကျ ကိုယ်တို့ရှိနေမှာ မဟုတ်ဘူးကွ...ခုကတည်းက ရစ်ထားရမယ်""
ဟုတ်သည်။ ...သူမင်္ဂလာဆောင် သက်ထွန်းတို့ ဇနီးမောင်နှံက နိုင်ငံခြား ခရီးစဉ်ရှိနေသည်။
သက်ထွန်းက
""လက်ဖွဲ့ကို ဟိုက ပို့မယ်ကွာ"
""ပြောနေစရာ မလိုပါဘူးကွာ
ကြီးကြီးသာပို့ ဟားဟား ""
သောက်ရင်းစားရင်းဖြင့် ညက အတော်နက်လို့လာသည်။
မီမီထွန်းက ၀င်၍....
""မောင် ရပြီကွာ...ညအတော် နက်နေပြီ နေ့သစ်ကလည်း အိမ်ပြန်မှာ ဆိုတော့ အန္တရာယ်များတယ်""
""မီမီပြောတာမှန်တယ် ကိုသက် ငါဒီညပြန်မှ ဖြစ်မှာ
သဘက်ခါ အိမ်စည် လာရင် အိမ်က လှပ သစ်လွင်နေဖို့ လိုတယ်ကွ ပြင်ရဆင်ရမှာတွေ ကအများသားရယ်""
အိမ်စည် ဆိုတာ က နေ့သက်နဲ့ လက်ထပ်မယ့် ချစ်သူလေ။
""မင်းပြန်လို့ ဖြစ်ရဲ့လား နေ့သစ် မနက်ကျမှ ထပြန်လည်း ရတာပဲ့ကွာ..၁၁နာရီတောင် ထိုးတော့မယ်။""
သက်ထွန်းက စိုးရိမ်စွာ ၀င်ပြောလေသည်။
""ရတယ်ကွာ ကဲကဲစိတ်ချ ငါပြန်မယ် ကျေးဇူးနော် သူငယ်ချင်း တို့""
""အေးအေး ကားကို သတိထားမောင်း""
""အေးပါကွာ""
...................................................
သူတို့ မြို့လေးက...တောင်တက်တောင်ဆင်းလမ်းမြွေလိမ်းမြွေကောက်တွေနဲ့ မို့..ကားကို မနည်းသတိထားမောင်းနေရသည်။
သူသောက်လာတာ ၀ိုင်ဆိုပေမယ့်လည်း..
နည်းနည်းများသွားတာမို့ ခေါင်းကရီဝေနေသည်။
အရေးထဲ မိုးကလည်းသည်းလာသေးတာမို့ လမ်းမချော်အောင် ကားကို သေချာ သတိထားမောင်းနေရသည်။
နေ့သစ် ကားမောင်းလာရင်းဖြင့် ချစ်သူ အိမ်စည်နဲ့ သူ့ကြောင်းတွေးနေမိသည်။
အိမ်စည်နဲ့ သူက တစ်မြို့တည်းမဟုတ်။
မေဂျာ မတူပေမယ့် တစ်ကျောင်းတည်း တူတူ တက်သည်။
အိမ်စည်က ချမ်းသာသည်။ လှလည်းလှတာမို့ ကျောင်းမှာ ထင်ရှားသည်။
သူက တစ်ဦးတည်းသောသား သူငယ်ငယ်လေးတည်းက အမေဆုံးပြီး အဖေကသူကျောင်း နောက်ဆုံးနှစ်မှာ ဆုံးသည်။
ခုတော့သူက တစ်ကောင်ကြွက်ပေါ့။..
သူက အိမ်စည်တို့လောက် ချမ်းသာမှုမရှိပေမယ့် ဧက နှစ်ဆယ်လောက် ခြံကျယ်ကြီးနဲ့ ဘိုးစဉ်ဘောင်ဆက် ကျန်ခဲ့တဲ့ စံအိမ်ကြီးရှိသည်။
ပြီးတော့ ဖေဖေ့ ခြံလုပ်ငန်းကို ဆက်လက်ဦးစီ်းနေသည်။ကိုယ့်ဒူးကိုယ်ချွန် ကိုယ့် လမ်းကိုယ်လျှောက်နေတာမို့
အိမ်စည့်မိဘတွေ ကလည်း သဘောကျ လက်ခံသည်။
ခုဆို သူချစ်နဲ့ အိမ်စည်နဲ့ လက်ထပ်ရတော့မည်လေ။
အမေဖေ မရှိတာက လွှဲရင် သူ့ဘ၀ကို ကျေနပ်ပါတယ်လေ။
ရုတ်တရက်သူအတွေးလွန်နေစဉ် ကားရှေ့မှ တားလာသော အရိပ်ကြောင့် ..သူဘရိတ်ကို အမြန်နင်းလိုက်ရသည်။
ကျွီ::::ကျွီ......တီတီ:::::::
""ဟာ!!တောက်
ဘာလဲကွာ""
သူ ကားတံခါးဖွင့်ဆင်းလိုက်တော့ မိုးရေတွေ စိုရွှဲနေသော ဆံပင်အရှည် ကြီးနဲ့ မိန်းကလေးတစ်ယောက်
""အစ်ကို ကူ...ကူညီပါ
နွေဦး ဒုက္ခ ရောက်လာလို့ပါ""
ကောင်မလေးက တောင်းတောင်းပန်ပန် ဟန်ဖြင့် ပြောပြီး နောက်သို့ နောက်ကျော မလုံသလို ပြန်ကြည့်နေသေးသည်။
ခါတိုင်းသူ ကူညီဖို့ ၀န်မလေးပေမယ့်
ခုက သူနဲ့အိမ်စည် လက်ထပ်ကြတော့မည် ညကြီး အချိန်မတော် သူစိမ်းအမျိုးသမီးကို ကားပေါ်ကူညီခေါ်တင်သွားဖို့ ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်။
မတော် ဒီသတင်းပေါက်ကြားသွားရင် အိမ်စည် နားလည်တာ ထားဦး..သူ့အသိုင်းအ၀ိုင်းက ရှိသေးသည်။
""မင်း ဒီလို လုပ်ပါလား ခုငါမင်းနဲ့ ကူစောင့်ပေးမယ်လေ တခြားကားကြုံတစ်ခုခုနဲ့ လိုက်သွားပါလား""
""ဟင့် မရဘူး အစ်ကို နွေဦး ဒီမြို့က ထွက်သွားမှ ရမှာ ..
ဒီတစ်ည နွေဦးကို ကူညီပါနော်...
ဒီည ကလွန်ရင်နွေဦးဘ၀ အဆင်ပြေပြီ
ကူညီပါနော် ""
ကောင်မလေးက သနားကမား ပြောနေတာမို့
နဂို ဓာတ်ခံရှိသော ကူညီချင်စိတ်က နှစ်ခါပြောစရာမလို...ပြီးတော့ ဒီကောင်မလေးချောချော လှလှလေး မတော်တရော်လူတွေနဲ့တွေ့ရင် ဒုက္ခ ရောက်သွားနိုင်သည်။
သူ့မှာ နှမမရှိပေမယ် စာနာလို့ရနေသည်။
ရှိစေတော့ အသက်တစ်ချောင်း ကယ်ကောင်းပါတယ်လေ။
""ကဲကဲ ကားပေါ်တက်..""
""ဟုတ် အစ်ကို ကျေးဇူးအရမ်းတင်ပါတယ် နွေဦးတစ်သက် မမေ့ပါဘူးနော်""
""ရပါတယ်""
သူကားကို အာရုံစိုက်ပြီးနေရာမှ မောင်းထွက်လိုက်သည်။

မြို့ပြင်နားမကျတကျတွင် မနေ့က မှ ဆေးသုတ်ထားသော နှစ်ထပ် စံအိမ်ဝါ၀ါ ကြီးက မီးရောင်ဖြင့် အိပ်မောကျနေလေသည်။
သူကား
ကို ပေါ်တီအောက်သို့ မောင်းဝင်ရင်း
""ဒါ ကိုယ့်အိမ်ပဲ့....
ဝင်ခဲ့ ပါ ခုတော့ ကိုယ်တစ်ယောက်တည်းနေတယ်""
သူမက ကားတံခါးဖွင်းရင်း ဧည့်ခန်းထဲ လှည့်ပတ်ကြည့်နေလေသည်။
""ခဏနော်...ကိုယ်မင်းအတွက် ကော်ဖီဖျော်ခဲ့ မယ် ဒီအိမ်မှာ မိန်းမအ၀တ်အစားတော့မရှိဘူး မင်းကိုယ်မှာ စိုရွှဲနေတာတွေ ဒီတဘက်နဲ့သုတ်လိုက်""
သူ ကော်ဖီဖျော်ရန်အိမ်နောက်ဘက်ဝင်ခဲ့သည်။
မင်္ဂလာ ဆောင်ဖို့ တစ်ပတ်အလို သတို့သားလောင်း က
အိမ်ကြီးတစ်ဆောင်မှာ မိန်းကလေးတစ်ယောက်နဲ့ အတူနေတာ အိမ်
စည်သိရင် ဘာပြောမှာပါလိ့မ်.....
ကဲ ပါလေ သူ့သိက္ခာကို ယုံတယ် လူတစ်ယောက်ဒုက္ခရောက်နေတာ ကူညီကောင်းပါတယ်လေ...
""ရော့ဒီမှာ ကော်ဖီသောက်
အိမ်မှာက ကော်ဖီပဲ့ရှိတယ်..ကိုယ်တစ်ယောက်ထဲနေတာ ဆိုတော့ ဖြစ်သလိုပဲ့""
""ဟုတ်ကျေးဇူးအရမ်းတင်ပါတယ် အစ်ကို""
""ကဲမင်းသောက်ပြီးရင် အပေါ်ထပ်တက်သွား ဘယ်ချိုးလိုက် အဲ့ဒီမှာ အိပ်ခန်းရှိတယ်
ကိုယ်က ဒီအောက်မှာပဲ့ အိပ်လိုက်မယ်
ကိုယ်အရမ်းပင်ပန်းနေပြီ အိပ်တော့မယ်
မင်းလည်းပြီးရင်သွား အိပ်လေ""
သူပြောပြီးဆို ဖာပေါ်မှာ ပင် ခွေအိပ်လိုက်သည်။
သူမည်မျှကြာအောင် အိပ်ပျော်သွားသည်မသိ။
သူ့နားစည်ထဲ အသံတစ်ခု တိုးဝင် လာတာမို့ သူလူး
လဲထားဖို့ ကြိုးစားသော်လည်းမရ
အသံက ပို၍ ပီပြင်လာသည်။
""အား!!!!!!!!"""
သူ အသံလာရာ အပေါ်ထပ်သို့ ပြေးအတက်
တံခါးကို အပြေးအလွှားဖွင့်ဝင်လိုက်ရာ
""ဟာ!!!!!!!!!""""
မြင်လိုက်ရသော မြင်ကွင်းကြောင့် သူနောက်ပြန်လဲ မိမတတ်ဖြစ်သွားရသည်။
""ဘုရားရေ .....သွေးအိုင်ထဲမှာ ....ကောင်မလေးရယ်""
""ငါ....ငါ....ဘာလုပ်ရမလဲ...""
သူသတိဝင်လာတော့ သွေးအိုင်ထဲမှကောင်မလေးကို ဆွဲထူလိုက်မိသည်။
""သွားပြီ အသက်မရှိတော့""
ဒါ...ဒါ...ဆွမ်းခံရင် ငှက်သင့်တာပဲ့ .......
ဘယ်သူ့လက်ချက်လဲ ....သူဘာလုပ်ရမလဲ
ဒီကောင်မလေကး နွေဦးဆိုတာ ပဲ့ သိသည်။
...သူ ကုတင်ပေါ်က ကောင်မရေး၇ဲ့ ပိုက်ဆံအိတ်အပြားလေးထဲမွှေနှောက်ကြည့်မိသည်။
မှတ်ပုံတင်ရယ် ပိုက်ဆံအချို့နှင့် ဘဏ်စာ အုပ်ကိုတွေ့ရသည်။
လူသတ်သမားဟာ ဒီကောင် မလေးရဲ့
ပိုဆိုင်မှုကို လိုချင်လို့ သတ်တာ မဖြစ်နိုင်
အငြိုးနဲ့သတ်တာလား..
ဘာကြောင့်ပဲ ဖြစ်ဖြစ် သူ့မှာတော့ ဘုန်းကြီး အမှုရွာပတ်ဆိုသလို ဖြစ်နေပြီ။
သူ..ဒီကိစ္စ ကို ရဲစခန်း အမှန်တိုင်းထွက် ဆိုရင်ေ၇ာ
မဖြစ်နိုင် ဒီအိမ်ကြီးမှာ သူနဲ့ သူမ နှစ်ယောက်ထဲရှိတာ
ဘယ်သူမှယုံမှာ မဟုတ်...
အဓိကက ""အိမ်စည်" နဲ့သူနဲ့ ဝေးမှာမျိုး အဖြစ်မခံနိုင်...
ဟုတ်ပြီ.......
ဒီ အလောင်းကို ၀ှက်ထားမယ် ပြီးရင် ဒီကိစ္စ ကို စုံစမ်းရမယ်။
သူတွေ့ပြီး အလောင်းကို မချီ လိုက်သည်။

သူအောက်ထပ် သို့ ဆင်း၍ အခန်းလွတ်ကြီး တစ်ခုထဲဝင်လိုက်သည်။
ဒီမှာ လူတစ်ရပ်စာနှင့် ညီသည့် အဖိုးရဲ့ ပုံတူ ပန်းချီကားရှိသည်။
သူ အလောင်းကို ချပြီး ပန်းချီကားကို ဖယ်လိုက်တော့
တံခါးချပ်တစ်ခုပေါ်လာသည်။
သူ့အိမ်က ဟိုး ဂျပန်ခေတ်ထဲကအိမ်
ခေတ်ကြီးက မတည်ငြိမ်တာမို့ အရေး အကြောင်းဆို
ပုန်းခို ရအောင် ဒီလျို့ဝှက်အခန်းကို အဘိုးက စီမံခဲ့သည်။
ဒီအခန်းထဲမှာ စားပွဲတစ်လုံး
စာအုပ်စင်နှင့် ဒီပန်းချီကားတစ်ချပ်သာရှိသည်။
ဒီအိမ်ကြီးမှာ လျှို့ဝှက်ခန်းရှိတယ် ဆိုတာ
သူ့မိသားစုဝင် ခုသူကလွှဲ၍ အိမ်စည်တောင်မသိပေ။
သူပန်းချီကားကို ဖယ်၍
ခလုပ်တစ်ခုကို ဖိချလိုက်တော့ ...
အခန်းကပွင့်လာသည်။
""ကျွီ....ကျွီ........""
သူအလောင်းကိုမ၍ အခန်းထဲဝင်လိုက်သည်။
ဝှီး::::::ဖလပ်::::ဖလှပ်.....""
လင်းနို့တွေ သူ့မျက်နှာရှေ့ ဖြတ်ပြန်ပြေးတော့ သူရုတ်တရက်လန့်သွားရသည်။
မှောင်မှောင်မဲမဲနင့် စမ်းတစ်ဝါးလျှောက်လာရင်း
သူမီးခလုပ် ကိုဖ်ွင့်လိုက်တော့ အခန်းတစ်ခုလုံးလင်းထိန်သွားရသည်။
""လား...လား.....မြေကြွက်တေ်ွ နဲတဲ့အကောင် ကြီးတွေ မဟုတ်ဘူး""
သူ အလောင်းကို စားပွဲပေါ်တင်ထားလိုက်သည်။
ဒီလျို့ဝှက် အခန်းကို ဘယ်သူမှ သိနိုင်မှာ မဟုတ်။
(၂)
..........................................
သူအလောင်းကိုထားခဲ့ပြီး အပြင်ပြန်ထွက်ကာ
အပေါ်ထပ်ပြန်တက်လာခဲ့သည်။
သူကောင်မလေးအိပ်ခဲ့သော အခန်းထဲ ပြန်ဝင်၍လေ့လာကြည့်လိုက်တော့
အခန်းရဲ့တံခါးဘောင်မှာ အပေါ်ကို တွယ်တက်သည့် ကြိုးကိုတွေ့ရသည်။
ပြီးတော့ တံခါးမှန်ကို ခွဲဝင်ထားသည်။
သူသာ အိပ်မပျော်ခဲ့ရင် ဒီ
လို အဖြစ်မျိးရှိလာမှမဟုတ်။
သူတွေဝေနေလို့မရ။
ရေတစ်ပုံးနှင့် အ၀တ်စ တစ်ခုယူပြီး အခန်းထဲမှ ပေကျံ
နေသောသွေးကိုသန့်ရှင်းလိုက်သည်။
ပြတင်းမှန်ကိုတော့ မနက်ကျမှ
အလုပ်သမားခေါ် ပြင်ခိုင်းတော့မည်။
သူ အားလုံးလုပ်လို့ပြီးတော့ မနက်လေးနာရီ။
ကောင်မလေး ပိုက်ဆံအိတ်ကို ယူပြီး
စစ်ဆေးကြည့်လိုက်တော့
ကောင်မလေးနာမည်က နွေဦး
အသက်က ၂၅
နေတဲ့မြို့က
''ဟင်  အိမ်စည်တို့ မြို့ကပါလား''
မှတ်ပုံတင်မှ အဖေ နာမည်တော့ သူမသိ။
သူရေမိုးချိုးပြင်ဆင်ပြီး
ပိုက်ဆံအိတ် ကို သေချာ ဝှက်ထားကာ
အပြင်ထွက် ၍အလုပ်သမားခေါ်ကာ မှန်လဲ တပ်လိုက်သည်။
ပြီတော့ သူကားတစ်စီးနဲ့ အိမ်စည်တို့မြို့ထွက်ခဲ့သည်။
သူ ကောင်မလေးနဲ့ ပတ်သက်လို့ ဘယ်လိုစုံစမ်းမှာလဲ ။
သူအိမ်စည်တို့အိမ် အရင်မောင်းလာ ခဲ့လိုက်သည်။
အိမ်စည့်ကို အသင့်ပင်တွေ့ရသည်။
''ဟင်  မောင် မနက်ဖြန်မှလာမှာ ဆို''
''အိမ်စည့်ကို သတိရလာလို့ ခုလာခဲ့လိုက်တာ''
သူဆိုတော့ အိမ်စည်ပြုံးသွားရသည်။
''လာ မောင် အိမ်ထဲဝင်ရအောင်''
သူအိမ်ထဲဝင်တော့ အိမ်စည်က
''မောင် မနက်စာ မစားသေးဘူးမှလား အိမ်စည် တစ်ခုခု ပြင်လိုက်မယ်နော် မောင်ခဏစောင့်
မောင့်မျက်နှာ ချောင်ကျနေတယ် အိပ်ရေးမဝဘူးလား
တစ်ယောက်ထဲ စားချိန်မမှန် အိပ်ချိန် မမှန်နဲ့ အလုပ်တွေ ဖိလုပ်နေတာ လားဟင်''
''အင်း မောင်နဲနဲ ပင်ပန်းသွားလို့
ခုတော့ မပင်ပန်းတော့ ဘူး
မောင့်ဘေးမှာ အိမ်စည်ရှိတယ်လေ့''
''ဟွန်းးးးးးးးခဏစောင့်နော်မောင် အိမ်စည် တစ်ခုခု စီစဉ်လိုက်မယ်''

သူ အိမ်စည်နဲ့ချစ်သ်ူဖြစ်တာ ကြာပေမယ့် သူတစ်မြို့ကိုယ်တစ်မြို့ဆိုတော့
အိမ်စည့် အိမ်ကို အိမ်စည်မွေးနေ့တုန်းကနဲ့ စေ့စပ်ပွဲတုန်းက နှစ်ခါပဲ့ ရောက်ဖူးသည်။
သူ ဧည့်ခန်းကို လှည့်ပတ်ကြည့်ရင်း
''ဟင်'''
ဟိုကောင်မလေး    သူကြည့်နေစဉ်
'''မောင်ပြီးပြီ မနက်စာ စားရအောင်''''
'''ဒါနဲ့ အိမ်စည် ဒီဓါတ်ပုံက အိမ်စည့် သူငယ်ချင်းတွေလား
မောင် မမြင်ဖူးပါလား''
'''အင်း ဟုတ်တယ်မောင် ဒါ အိမ်စည် ငယ်ငယ် လေးတည်းက သူငယ်ချင်းတွေ
သူက စုမြတ် ခုနိုင်ငံခြားမှာ
သူက နွေဦး အရမ်းသနားဖို့ ကောင်းတယ်
သူ့ဖေက ပိုက်ဆံ ချမ်းသာ ပေမယ့်
သူ့မိထွေးနဲ့ အဆင်မပြေဘူး'''
''သြော်''
သူ တွေသွားမိသည်။
''လာလေ မောင် မနက်စာ စားရအောင်''
သူအိမ်စည်နဲ့ မနက်စာ စားပြီးတော့ အိမ်လည်း တစ်ယောက်ထဲ မပြန်ချင်တာ မို့
'''အိမ်စည် မောင့်အိမ် လိုက်ခဲ့ပါလား
ထမင်းချက်စားရအောင်'''
''အင်း မောင်နေမကောင်းဘူးလား ဟင် ''
''ကောင်းပါတယ်ကွာ'''
နေဦးနော် အိမ်စည် အမြင့်ကို မှာခဲ့မယ်။
''အမြင့်ရေ မေမေဈေးက ပြန်လာရင် မမ
ကိုနေ့သစ်နဲ့ လိုက်သွားတယ်ပြောပေးနော်''
''ဟုတ်မမလေး''
''ကဲ ကို သွားကြမယ်
ပြီးရင် ဈေးခဏဝင်မယ်နော်''
သူ အိမ်စည်နဲ့ ဈေးဝယ် အိမ်ရောက်တော့ သူ့ရင်ထဲ တစ်မျိုး ဖြစ်နေသည်။
ဘုန်းကြီး အမှုရွာ ပတ်ဆိုတာ ဒါမျိုး ထင်သည်။
သူ့ဘာသာ နေရင်း ထိုင်ရင်းအမှု တစ်ခုတိုးသည်။
ခုချိန် အိမ်စည် သူ့ဘေးမှာ ရှိနေတာ အရမ်းပျော်ရမှာပါ။
ခုတော့းးးးးးးးး
အိမ်စည့်အသံကြားမှ သူသတိဝင်လာသည်။
''မောင် အိမ်စည် ချက်ဖို့ ပြုတ်ဖို့ စီစဉ် လိုက်မယ် မောင် ထိုင်စောင့်နေနော်''
'''အာာ မောင်လည်း ကူချက်မယ်လေ'''
''ဟင်အင့် မောင် အရမ်းပင်ပန်းတဲ့ပုံပေါက်နေတယ် အေးဆေးအနားယူ ဟုတ်ပြီလား အသင့် ဖြစ်ရင် အိမ်စည်ခေါ်လိုက်မယ်''
အလိုက်သိလွန်းသော အိမ်စည့်ကို သူအရမ်းချစ်သွားရသည်။
အိမ်စည် မီး ဖိုချောင်ထဲ ဝင်တော့ ညက အိပ်ရေး ပျက်ထားသော အရှိန်ကြောင့် မျက်ခွံ လေးလံလာသည်။
----------------------------------
အိမ်စည် လဲ တည်ဖို့ ချက်ဖို့ ပြင်ဆင်ရင်း မောင်အကြောင်းတွေး နေမိသည်။
အိမ်စည် မမေးပေမယ့် မောင့်မှာ စိတ်ညစ်စရာ တွေ ရှိတာ သိနေသည်။
မောင်ဘာတွေ စိတ်ညစ်နေရလို့လဲ။
ရုတ်တရက် အိမ်စည့် မျက်ဝန်း ထောင့် က အရိပ် တစ်ခု ဖြတ်သွားတာ မြင်မိလိုက်သည်။
'''မောင်  မောင်လား'''
ဘာအသံမှ မပြုတော့ အိမ်စည် ထွက်လိုက်လာမိသည်။
ဘုရားရေ မိန်းမတစ်ယောက်ရဲ့ အရိပ်ပါလား
အိမ်စည် နောက်က လိုက် ရင်း အခန်းထောင့် တစ်ခုကို ချိုးကွေ့ဝင်သွားသည်။
အိမ်စည် ခြေလမ်းကို သွက်သွက် လှမ်းလိုက်သည်။
လမ်းဆုံးတော့ အခန်းတစ်ခုကို သော့ ခတ်လျက်တွေ့ရသည်။
ဒီ အခန်းထဲ ဝင်သွားတာ လား
သော့ခတ်ထားတာပဲ့ မောင်မဟုတ်ရင် ဘယ်သူဝင် မလဲ။
စဉ်းစားရင် အိမ်စည် ကျောထဲစိမ့်ပြီးကြက်သီး ထလာသည်။
အိမ်စည် ထိုနေရာ မှ ပြေးထွက် လာခဲ့လိုက်သည်။
ဧည့်ခန်းထဲ ရောက်တော့ မောင်က ဆိုဖာပေါ်တွင် နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်နေသည်။
မနိုးရက်တာ မို့ အိမ်စည် မီးဖို ခန်းထဲ ပြန်ဝင်လာခဲ့သည်။
တည် ချက်ပြီး လို့ အနောက်က တစ်ယောက်ယောက် ကြည့်နေသလို ခံစားရတာ မို့
'''ဟင် မောင် အသံလေးဘာလေး ပေးတာ မဟုတ်ဘူး 
ခုဏက မောင့်ကို လာကြည့်သေးတယ် မောင် အိပ်ပျော်နေလို့ '''
'''အင်း မောင် အိပ်ပျော်သွားတယ်
မောင့်မိန်းမလေး ပင်ပန်းနေပြီပေါ့'''
'''ဟွန့်းးးးးးးးမောင်နော် ဘာမိန်းမလဲ'''
'''ဟင် ယောကျာ်း လား အာ့ဆို'''
'''အာာ ပိုဆိုးသွားပြီ မောင်နော် သွား
ရေချိုး ထမင်းစားမယ်''
''မချိုးတော့ဘူး ကွ ဗိုက်ဆာပြီ မောင့်မိန်းမ မျက်နှာလေး ကြည့်ပြီး
ထမင်းအများကြီးစားမယ် အိမ်စည်ရော ရေချိုး ဦး မလား
မောင်စောင့်မယ်လေ'''
'''အိမ်စည်က မနက်တည်းက ရေချိုး ပြီးနေပြီ
မောင်ဆာ ပြီမှ လား အိမ်စည် ထမင်း ခူးလိုက်မယ်လေ နော်'''''''
သူ အိမ်စည်နဲ့ ထမင်းစားရင် စိတ်ပင်ပန်းတာ တွေ
မေ့ပျောက်သွားရသည်။ဒီလို ချော မောလှ ပပြီး အရည် အချင်းပြည့် ဝတဲ့ မိန်းကလေးကို သူတစ်သက်လုံးပိုင် ဆိုင်ရတော့မှာပါလား။
ထမင်းစားပြီး ဧည့်ခန်းရောက်တော့ အိမ်စညါ့ စကားကြောင့် သူ ခေါင်းနပန်းကြီးသွားရသည်။
''မောင် ဟို ညာဘက်ထောင့် အခန်းက ဘာလို့သော့ ခတ်ထားတာ လဲဟင်
ခုဏကလေ အိမ်စည်ပဲ့ မျက်စိမှားတာ လားမသိဘူး
မိန်းမအရိပ်တစ်ခု မြင်လို့ အိမ်စည် လိုက်သွားတာ ဒီအခန်းရှေ့ရောက်တော့ ဘာမှမရှိတော့ ဘူး
မောင့်ကို မယုံလို့ မဟုတ်ဘူး ဒီအခန်းထဲ အိမ်စည် ဝင်ကြည့် ချင်တယ် ဘာမှ မရှိရင် အိမ်စည် မျက်စိမှားတာ လို့ ရှင်းသွားတာပေါ့ နော် မောင်''''

သူဘယ်လို ပြောရမလဲ အမှန်တိုင်းဝန်ခံရမလား
ဟင်အင်း ဒါပေါ့သေးသေး ကိစ္စမဟုတ် သူ့မှာ ဘာ အပြစ်မှ မရှိပဲ အိမ်စည်နှင့် ဝေးမှာ မျိုး မခံစားနိုင်ပါ။
''ကောင်းပြီလေ အိမ်စည် မောင်တို့ သွား ကြည့်ကြတာပေါ့
ဒီအခန်းက မောင်တို့ အဖိုးဆုံးတော့ အသေ ပိတ်ထားလိုက်တာလေ အဖိုးရဲ့စာ ကြည့် ခန်းပေါ့''
အိမ်စည် မောင့်လက်ကို ဆွဲရင်း အနောက် က စိတ်လှုပ်ရှားစွာ လိုက်လာမိသည်။
ဟုတ်တယ် မောင် အခန်းတံခါး ဖွင့် လိုက်တော့ ဒီအခန်းထဲမှာ စားပွဲ တစ်လုံး စာ အုပ်စင်နှင့်
ယောကျာ်းတစ်ယောက်ပုံ ပန်းချီကား အကြီး တစ်ချပ်သာ တွေ့ရသည်။
'''မြင်လား အိမ်စည် ဘ ယ်သူမှရှိ ဘူး ''
''အင်း ဟုတ်တယ် အိမ်စည် မျက်စိမှား တာပဲ့ ဖြစ်မှာ ပါ''
''ကဲအိမ်စည့် ကို အိမ်ပြန်ပို့ မယ် တော်ကြာ ယောက္ခမကြီး စိတ်ပူနေမယ်''
''ဟုတ်မောင်'''
''ဒါနဲ့ မောင်မနက်ဖြန် ပြန်လာခေါ်မယ်နော် မင်္ဂလာ ဝတ်စုံ
ကြည့်ဖို့လေ ဖိတ်စာ လည်း ကိုယ်တိုင်ဝေရအောင်'''
'''အင်းမောင် အိမ်စည် အလှပြင်ပြီး စောင့်နေမယ်''''
သူ အိမ်စည် အိမ်ပြန် ပို့ပြီး ပြန်လာတော့
အခန်းထဲ  ကောင်မလေးအလောင်း ထားသော လျှို့ဝှက် ခန်းထဲ ဝင်ကြည့် မိသည်။
ကောင်မလေး အလောင်းက သူထား ခဲ့တဲ့အတိုင်း ငြိမ်သက်လို့
မြေ ကြွက်များက လည်း အသည်း ယားစဖွယ် ဟိုဒီဖြတ်ပြေးနေကြသည်။
'''အိမ်စည်နဲ့ မင်္ဂလာဆောင် ပြီးရင် မင်းအတွက် အမှန်တရားတစ်ခုကို ကိုယ်ရှာ ပေးပါ့မယ် ကောင်မလေးရယ် ခုတော့ ကိုယ်တို့ဘဝ ကို မနှောင့် ယှက်ပါနဲ့နော်'''
သူ ကောင်မလေး ခန္ဓာ ကိုယ်ထဲသို့ မပုပ် မသိုးစေသည့်
ဆေးတစ်မျိုး
ထိုးထည့်လိုက်သည်။
----------------------------------------
(၃)
ဇာတ်သိမ်း

နောက်တော့ အိမ်စည်နဲ့ မင်္ဂလာ ကိစ္စတွေ လုံးပမ်းရင်း
ကောင်မလေးအား တဒင်္ဂမေ့လျော့သွားလေသည်။
အိမ်စည့် အိမ်မှာ မင်္ဂလာ ဆောင် ပြီးတော့
အိမ်စည့် သူငယ်ချင်း သူ့သူငယ်ချင်းများ ကို
သူ့အိမ်၌ ဒင်နာ ပေးသည်။
ပြီးတော့ အိမ်စည်က သူ့အိမ်မှာ လိုက်နေသည်။
ဒီတလျှောက် လုံး သူ ကောင်မလေးကိစ္စမေ့နေတာ အမှန်
ခုတော့ အိမ်စည်နဲ့ သူ မျှော်လင့် ထားတဲ့ ဘဝရပြီလေ။
'''ဟင်းးးးးးးမင်း  မင်း ဒီအခန်းထဲ  ဘယ်လို ဝင်လာတာလဲ''
'''ရှင်က အိမ်စည်နဲ့ပေါင်းပြီး ကျွန်မကို မေ့နေပြီပေါ့
ဘယ်မှာ လဲရှင် လက်ထပ်ပြီးရင်
ကျွန်မအတွက် အမှန်တရား ရှာ ပေးပါ့မယ်ဆို
ရှင် ကတိမတည် ဘူး
ကျွန်မ အလောင်းကို လည်း မသဂြိုလ် ပေးဘူး
ခု ဟိုဘက်က ရှင့် ကို အကောက်ကြံ ဖို့လုပ်နေပြီ
ကျွန်မအလောင်းကို မြှုပ်နှံ ပေးပါ ကိစ္စအား လုံးကျွန်မရှင်းမယ်'''
''ဒီလို မှမဟုတ်ရင် အိမ်စည်ရော ရှင်ပါ ဒုက္ခရောက်သွားမယ် ကျွန်မကို သဂြိုလ် ပေး
ကိစ္စတွေ ပြီး ရင် အမျှဝေပေးပါ။'''''
ပြောပြီးပျောက်ကွယ် သွားလေသည်။
'''ဟင် သူ အိပ်မက်မက်နေပါလား'''
သူ့နံဘေးမှာ အိမ်စည် ကခွေခွေလေး အိပ်ပျော်နေလေသည်။
သူ တိတ်တိတ်လေး ထပြီး သော့ ခတ်ထားသော အခန်းကိုဖွင့်ဝင်ကာ ပန်းချီကားကို ဖယ်လိုက်သည်။
ထို့နောက် လျှို့ဝှက် အခန်းကို ဝင် ကာ ကောင်မလေး အလောင်းအား မချီ လိုက်သည်။
ဆေးတန်ခိုးကြောင့် အနံ့အသက်မဆိုးပေမယ့် မြေကြွက်တွေ ကိုက်ထားလို့ အသားစတွေ ဟိုနားဒီနားပဲ့ထွက်နေသည်။
သူအိမ်နောက်ပေါက်မှ ထွက်၍
အလောင်းအား သယ်ကာခြံအနောက် ဘက်ကျကျ တွင် ထားခဲ့၍ ပေါက်တူးပေါက်ပြား ဂေါ်ပြားတွေ ယူကာ ပြန်ထွက်လာခဲ့သည်။
သူ မြေကျင်းအား တူးပြီး ကောင်မလေး အလောင်းအား
မြေမြုပ် သဂြိုလ် ပြီး ချိန်မှာတော့
'''ကိုနေ့သစ် ခင်ဗျား လက်မြှောက် ထားလိုက်ပါ
ခင်ဗျား ကို လူသတ်အလောင်း ဖျောက်မှုနဲ့
ကျုပ်တို့ရဲ တပ်ဖွဲ့က ဖမ်းလိုက်ပြီ'''
သူလှည့် ကြည့် လိုက်တော့ သူ့အား သေနတ်နှင့် ချိန်ထားသော ရဲဝတ်စုံ နှင့် ၄ယောက် သူစိမ်း မိန်းမကြီး
တစ်ယောက်နှင့် ယောကျာ်း ကြီး တစ်ယောက်
မိန်းမကြီးမှ
''''ကျွန်မသမီးလေးပျောက်နေတာ တစ်ပတ်ရှိ ပြီ
ဒင်း ယုတ်မာပြီး သတ်လိုက်တာ ပေါ့''
လူကြီးမှ
'''ဟုတ်တယ် အရေးယူပေးပါ'''
ထိုစဉ်
''''ငါ့  ကို   နင်  သတ်   တာ    '''
အသံနက် ကြီးနဲ့ အတူ မိန်းမကြီးအား
လူတစ်ယောက် ခုန်အုပ်လိုက်လေသည်။
'''ဟင် အိမ်စည်'''
'''နင်  သတ်တာ ငါ့  ကို
အဖေ ငါ့ ကို အမွေ အကုန် လွှဲ ထားတာ မကျေ နပ်  လို့
နင် လူငှား သတ်  လိုက်  တာ 
ငါ အိမ်  မှာ မနေ  နိုင်အောင်နင် လုပ်တာ '''''
အားလုံးမှာ ပါးစပ်အဟောင်းသားဖြင့်ကြောင်နေကြသည်။
သတိဝင်လာသော ရဲမှူးက
'''ကလေးမ အမှန်တိုင်း ဖြေ မင်းဘယ်သူလဲ'''
အိမ်စည့် ဆီမှ အေးစက်စက် ခြောက် ကပ်ကပ် အသံဖြင့်
''''ငါ  ငါ နွေ ဦး
အဖေ သမီး နွေဦး ပါ အဖေ့မိန်းမ ယုတ်မာ တယ်
သမီး ကို လူငှား
သတ်ခိုင်းတယ် သမီး ကအကြံစည်ကို
ကြို သိလို့ အိမ် ကထွက်ပြေး
တာ ဒီအစ်ကိုနဲ့ တွေ့တာ
အဟီး:::::::::::::::ဟင်းးးးးးးးဟင်းးးး
အဖေ က သမီး စကား
မယုံဘူး
အီးးးးးးဟီးးးးဟီးးးး'''
လူကြီးက
'''ဒါ ဒါ ကျွန်တော့ သမီး အသံပါ
မင်းယုတ်မာ လှချည်လားကွ
လူကြီးမင်းများ ခင်ဗျာ ဒီမိန်းမကို အရေးယူ ပေးပါ
သမီးလေး စိတ်ချပါကွယ် ဖေဖေ အားလုံး စီစဉ်ပေးမယ်''
လူကြီး စကား ဆုံးတော့
အိမ်စည် မှာ တဟင်း ဟင်း ညည်းရင်း မေ့လဲသွားလေသည်။
'''အိမ်စည်  အိမ်စည်'''
'''ဟင် မောင် ကျွန်မ ဘာဖြစ်တာလဲ''

''ကဲ ကဲ ခုတော့ ကိုနေ့သစ်ရော မအိမ်စည်ပါ စခန်းလိုက်ခဲ့ ဒီမိန်းမကြီး ကို လက်ထိတ် ခတ်လိုက်ပါ ရဲဘော်''
အားလုံးစခန်းရောက်တော့ နွေဦး မိထွေး ဒေါ် ငုဝါ က သူ့အပြစ်ကို ဝန်ခံ၍
နွေဦးအား သတ်သူ နွေဦး တို့အိမ်မှ မာလီ
ဘဦးအား လူသတ်မှု
ဒေါ်ငုဝါ အား လူသတ်ရန် ခိုင်းစေမှုဖြင့် ဖမ်း ဆီး လိုက်လေသည်။
ခုတော့ အမှု ကိစ္စအားလုံးရှင်းသွားပြီပေါ့
------------
အိမ်စည်က တပယ်ပင် သဘောထား ကြီးသော မိန်းကလေး ဖြစ်သည်။
နွေဦးအားသူမြုပ်ထားသောနေရာမှာ ပင် ဂူသွင်း ၍
သူ့အိမ်မှာ ပင်ရေစက် ချ အမျှဝေပေးသည်။
''မောင်ရယ် နွေဦး က အိမ်စည်ရဲ့ငယ်သူငယ်ချင်းပါ
အိမ်စည်လည်း ခံစားရတယ် ဘာလို့ မောင့် တစ်ယောက် ထဲစိတ်ပင်ပန်း ခံရတာ လည်း
ညက နွေဦးကို အိပ်မက်မက် တယ်
သူက အိမ်စည်တို့နဲ့ တူတူနေချင်တယ်တဲ့
အိမ်စည် ခွင့်ပြုလိုက်တယ်မောင်'''
-----------------------
တစ်နှစ်ခန့် ကြာသော အခါ
သူနှင့် အိမ်စည် ဘဝ ထဲသို့
ဆည်းလည်း လေးတစ်ခု ရောက်လာသည်။
အိမ်စည်၌ သမီးလေး မွေးလေသည်။
နေ့သစ် အိမ်စည့် နဖူးအား မွေးမွေးပေး၍
''နေကောင်းလား အိမ်စည်''
''အင်းမောင်
သမီးလေး ကြည့်စမ်း
နွေဦးနဲ့တူနေသလားလို့နွေဦးလို့ခေါ်ရင်ကောင်းမယ်"""
အိမ်စည့်စကားေ့ကြာင့်နီတာရဲလေးကလှစ်ကနဲပြုံးလေသည်။
""ဟယ်ပြုံးတယ်တော့ နွေဦးသမီးလေးနွေးဦးး""

''အိမ်စည့် သဘောပါကွယ်''
နေ့သစ်အိမ်စည်ရော သမီးပါ သိမ်းကျုံး ပွေ့ဖက်လိုက်လေသည်။

The end
9:40am
M.M.K

0 comments:

Post a Comment