ကျွန်မတို့ရွာလေးဟာအေးချမ်းသာယာ
တိတ်ဆိတ်လွန်းလှတယ်။
မနက်ဆိုလယ်လုပ်၊နေ့ခင်းလည်းထိုနည်း
လည်းကောင်း၊ညဆိုရင်အပျင်းလည်းပြေ
မိသားစုတွေစုပြီး စကားစမြည်တွေဆိုကြတာပေါ့။
လက်ဖက်လေးစား၊ရေနွေးကြမ်းလေး
လည်းသောက်၊ထန်းလျက်လေးကလည်းတော
ဓလေ့လေးဆိုတော့မပါမဖြစ်ပေါ့။
ကျွန်မတို့မှာမောင်နှမ၆ယောက်ရှိတယ်။
ကျွန်မကအကြီးဆုံးဆိုတော့
ပေါ့။အကြီးဆုံးသမီးဖြစ်လို့မိဘကလည်းအား
ကိုးရသူပေါ့။ကိုယ့်ရဲ့အောက်ကမောင်နှမတွေကို
ထောက်ပံ့ပေးဖို့အတွက်ရုံးကန်ရတယ်။
မောင်နှမတွေပညာတတ်ချင်တတ်ပါစေ၊
ငါတော့အနစ်နာခံလိုက်မယ်ဆိုပြီး
ကျွန်မကျောင်းထွက်ခဲ့တယ်။
မနက်ရောက်ပြီဆိုတာနဲ့မိသားစုတွေစားဖို့
ပြင်ဆင်ရတယ်။မောင်နှမတွေစည်းလုံးအောင်
ငှက်ပျော်ဖက်လေးမှာထမင်းနဲ့ပဲပြုတ်ဆီဆမ်း
လေးတူတူစားကြ၊ဒီလိုနဲံကျန်မတို့ကြီးပြင်း
လာခဲ့ကြတယ်၊မနက်ဆိုလယ်လုပ်ငန်းကို
မိဘနဲ့ဝိုင်းလုပ်၊ကူလုပ်ပြီးရင်နေ့ခင်းစားဖို့အတွက
်ထမင်းအိုးတည်၊ကန်စွန်းရွက်ရေလုံပြုတ်ပြီး
အစပ်အဟတည့်အောင် ငရုပ်သီးလေး
တွေခြွေ၊ငရုပ်စုံထဲထည့်ထောင်းပြီးကြက်သွန်ဖြူလေး
နဲ့ရောထောင်းလိုက်တယ်။
ဆား၊ဟင်းချိုမှုန့်လေးထည့်လိုက်တော့
ဟင်း၁ခွက်ရပြီပေါ့။ကန်စွန်းရွက်နဲ့ဆိုတော့၂ခွက်။
ဒါနဲ့၅စင့်ချိုင့်ကြီးထဲထမင်းကို၎ချိုင့်ထည့်၊
ကျန်တစ်ခွက်ကိုတော့ကန်စွန်းရွက်ကြော
်ထားတာလေးထည့်လိုက်တယ်။
ငရုပ်သီးကိုတော့ထမင်းတွေအပေါ်မှာ
သပ်သပ်ကလေးထာလိုက်တယ်။
ချိုင့်လေးဆွဲပြီးကျွန်မမိဘတွေရှိရာကိုသွား
ခဲ့တယ်၊ညနေဆိုလည်းလယ်ယာသိမ်း၊
မနက်ကချက်သလိုလေးချက်၊ဒီလိုနဲ့သံသရာလည်
နေခဲ့တယ်။သို့သော်ကျွန်မတို့
မငြီးငွေ့နိုင်အောင်စကားအရမ်း
တတ်တဲ့ဦးဘသောင်းဆိုသူရှိ၏။
သူကားအရပ်ရှည်ရှည်၊သန်သန်မာမာ၊
ယောင်္ကျားပီသသူတစ်ဦးလည်းဖြစ်တယ်။
စကားအရမ်းကြွယ်လှသည်။
ညဆိုရွာက ကလေးတွေကိုဗဟုသုတတစ်
ဖြစ်လည်းကောင်း၊ရသအဖြစ်လည်းကောင်း
ပြောပြလေ့ရှိသည်။ဒါကြောင့်ညဆို
အလုပ်တွေအားလုံးကိုအပြီးသတ်ပြီး
ဦးဘသောင်းဆီသွားကြသည်။
"အမေရေ၊ကျုပ်တို့မောင်နှမ၃ယောက်ဦးဘသောင်း
ဆီသွားတော့မယ်တော်"
"အေး၊မိုးတော့မချုပ်စေနဲ့နော်၊အငယ်တွေ
သေချာထိန်း၊"
"ဟုတ်ကဲ့အမေ"
ဒီလိုနဲ့ကျွန်မတို့အိမ်ကနေ၆နာရီဆိုထွက်ကြ
စမြဲပင်။ဦးဘသောင်းဆီသို့ရောက်ရန်
မှာ၃အိမ်,သာခြားသည်။
"ဗျို့၊ဦးဘသောင်းရေ၊ကျုပ်တို့လာတယ်"
"အေး၊အေး၊လာခဲ့ကြငါ့သား
တွေသမီးတွေ"
ကွပ်ပျစ်ပေါ်ထိုင်လိုက်ကြသည်။
"ဟဲ့၊မိအေး၊နင်တို့ယာအဆင်ပြေရဲ့လား"
"ဒီလိုပါဘဲ၊အဆင်ပြေတလှည့်မပြေတလှည့်ပေါ့"
"အေးပေါ့၊ဒီလိုတွေပါဘဲ"
"ဒါနဲ့ ဦးဘသောင်း၊ကျုပ်တို့ကို
ဦးဘသောင်းအရင်ဘဝက
အကြောင်းတွေပြောပြပါအုံး"
"ဟားးးဟားးး"
လက်ထဲကဆေးလိပ်ကိုဖွာပြီးရယ်လိုက်သည်။
ကျွန်မတို့သူ့အဖြေကိုစိတ်ဝင်တစား
စောင့်နေကြသည်။ထိုအချိန်မှာဘဲ
"အေးအေး၊ပြောပြတာပေါ့၊
ငါ့ဘဝအကြောင်းတွေ"
"မပြောခင်လေး၊ဟော့ဒီမှာ
လက်ဖက်သုတ်၊ထန်းလျက်၊ရေနွေးကြမ်း၊
ချိုချဉ်၊စားကြအုံး"
အရီးဒေါ်ထွေးခင် ကျွန်မတို့ရှေ့ယူလာသည်။
(ကျွန်မတို့မောင်နှမ၆ယောက်မှာ၃ယောက်က
ငယ်သေးတော့မခေါ်ခဲ့ဘူး။)ကျွန်မတို့မောင်နှမ
၃ယောက်ရယ်၊မယ်ထွေး၊မော်မော်၊သန်းလင်း၊
တာယာ၊ရင်လဲ့၊ကြာဖြူစသဖြင့်စုစုပေါင်း
၉ယောက်။
*************
[၂]
ဦးဘသောင်းဟာသာမန်လူတစ်ယောက်
ဟုထင်ရသော်လည်းသူ့အကြောင်းပြော
ပြမှသိခဲ့ရသည်။ဦးဘသောင်းဟာ
သရဲဘဝမှလူပြန်ဝင်စားသူဖြစ်သည်။
ဒီလိုပြောလျှင်ဘယ်သူမှမယုံလောက်ပေ။
သို့သော်စိတ်ဝင်စားမိမှာအမှန်ပေဖြစ်သည်။
သို့သော်အစကမယုံကြည်သော်လည်း
နောက်ပိုင်းမှာအဖြစ်မှန်တွေအားလုံးကိုသိလိုက်ရ၍
ကျွန်မလက်ခံခဲ့သည်။
"အေး၊ဒီလိုကွဲ့၊ဘကြီးတို့သရဲဘဝတုန်းကကိုယ့်ကိုယ်ကို
အင်မတန်သနားမိတယ်၊ဘကြီးဆုံးတဲ့နေ့ကပေါ့။"
ဘကြီးကဇာတ်လမ်းအစအားဤ
ကဲ့သို့စတင်လိုက်၏။
"ဘကြီးဆုံးတော့ဝိညာဉ်ဖြစ်တဲ့အချိန်
ကိုယ့်အလောင်းကိုကိုယ်ပြန်မြင်နေတော့
အလိုလိုဝမ်းနည်းလာတယ်။ခနကြာတော့
အိမ်အပြင်ဘက်မှာအသံတွေကြားနေရတယ်။
အထဲမှာတော့ငိုနေကြတာပေါ့ဘကြီးမိသားစုတွေ။
အပြင်မှာကတော့တခြားဆီဘဲ
ဝမ်းသာလွန်းလို့ပျော်နေကြသလိုဘဲ၊
ဒါနဲ့ဘကြီးလည်းထွက်ကြည့်လိုက်တယ်၊
ဘကြီးလိုဝိညာဉ်တွေဘဲ၊သူတို့ကတော့မငိုဘူး
ပျော်နေကြတယ်၊ဘကြီးလည်းထူးဆန်းတယ်ပေါ့၊
ဘာလို့များပျော်နေကြတာပါလဲ၊ဒါနဲ့အနီးက
ဝိညာဉ်၁ကောင်ကိုမေးကြည့်လိုက်တယ်၊
"ဘာလို့ခင်ဗျားတို့ကဒီလောက်တောင်ပျော်နေကြတာလဲ၊
မေးပါရစေ"
"ပျော်တာပေါ့ကွာ၊မင်းဆုံးပြီဆိုတော့
ငါတို့မှာသူငယ်ချင်းအသစ်၁ယောက်
ထပ်တိုးတယ်ကွ"
"ဘယ်လို"
ဘကြီးဘယ်လိုမှကိုနားမလည်နိုင်တာ၊
အဲ့ဒါဘကြီးတို့အိမ်ရှေ့မှာ ဝိညာဉ်၆ယောက်
်လောက်ပျော်နေကြတာ၊အိမ်ထဲကမိသားစု
တွေကတော့ငိုလို့၊ဘကြီးတော်တော်တောင်
်ခေါင်းခြောက်သွားတယ်အဲ့ဒီမှာ၊အစကတော့
နားမလည်ဘူး၊နောက်တော့မှဖြည်းဖြည်းချင်း
နားလည်လာတယ်၊ဘကြီးအခေါင်းကိုသယ်ကြ
တော့ခုနကဝိညာဉ်၆ကောင်ကတက်စီးကြတယ်၊
ဘကြီးကိုခေါ်တယ်၊
"ခင်ဗျားလိုက်စီးကြည့်၊ပျော်ဖို့အရမ်းကောင်းတာ၊"
ဘကြီးလည်းဒါနဲ့ဘကြီးအခေါင်းပေါ်က
ိုတက်သွားတယ်၊အောက်ကအခေါင်းသယ်တဲ့ကောင်
တွေတော့ဘယ်လောက်လေးနေမလဲမသိဘူး၊
အပေါ်မှာတော့ပျော်နေကြတယ်"
ပြောနေတဲ့စကားလေးကိုရပ်ပြီး
ဆေးလိပ်လေးဖွာလိုက်တယ်။
"ရွာပြင်ရောက်ဖို့တောင်တော်တော်
မ,ယူနေကြတယ်၊အပေါ်ကတော့
ပျော်နေတုန်းဘဲ၊သင်္ချိုင်းရောက်တော့အခေါင်း
ပေါ်ကနေဆင်းကြပြီး၊အုတ်ဂူတွေပေါ်တက်ထိုင်
နေကြတယ်၊ဘကြီးအခေါင်းကိုဝိုင်းကြည့်နေတဲ့
ဝိညာဉ်တွေအများကြီးဘဲ၊ဒါနဲ့ဘေးနားကို
ကောင်လေး၁ယောက်လာတယ်၊
သူ့နာမည် စိန်မြင့်တဲ့၊ဘကြီးထက်တော့ငယ်တာပေါ့၊
သူကဘကြီးရဲ့အချစ်ရဆုံးအခင်ရဆုံး၊ဝိညာဉ်
သူငယ်ချင်းဘဲ၊သူကဘကြီးကိုအဲ့တုန်းက
စကားလာပြောတာ၊ဒီလိုနဲ့ခင်သွားကြတာပေါ့။
"ဦးလေးအခေါင်းလားအဲ့ဒါ"
"အေးကွ၊ဘာလို့လဲ"
"ကျွန်တော်အခေါင်းပေါ်မစီးလိုက်ရဘူးဗျာ"
"ဟေ,,,,"
ဘကြီးလည်းအံ့သြသွားတယ်၊
ဒါနဲ့သူ့ကိုမသိသေးတာတွေမေးကြည့်တယ်။
"ဝိညာဉ်တွေအားလုံးက
ဘာလို့အခေါင်းစီးရတာပျော်ကြတာလဲ"
"အဲ့လိုတော့ကျွန်တော်လည်းမပြောတတ်ဘူး၊
ဒါပေမယ့်ခင်ဗျားကြာလာရင်တော့သိလာမှာပါ"
"ဒါနဲ့ငါဆုံးတာကိုဘာလို့အပြင်မှာဝိညာဉ်တွေက
ပျော်နေကြတာတုန်း"
"လူ၁ယောက်ဆုံးပြီဆိုရင်ပျော်ကြတာ
သူငယ်ချင်းအသစ်၁ယောက်တိုးလို့လေ၊
ဝိညာဉ်ဘဝကသူငယ်ချင်းရဖို့ခဲယဉ်းတယ်၊
ဝိညာဉ်ဘဝမှာလည်းစည်းကမ်းတွေရှိတယ်၊"
"ဟေ၊င့ါပြောပြပါအုံး"
ဘကြီးလည်းမေးကြည့်လိုက်တော့ဒီလိုကွဲ့
"ဥပမာဗျာရန်ကုန်ကသူက
မန္တလေးမှာခရီးသွားရင်းဆုံးတယ်ဘဲဆိုပါစို့၊
အဲ့ဒါဆိုကျွန်တော်တို့ဝိညာဉ်တွေကမခေါ်ဘူး၊
စကားမပြောဘူး၊ကိုယ့်နယ်ကမဟုတ်တော့၊
အဲ့ဒီဝိညာဉ်ကလည်းသူ့ဘာသာသူနေရတာ၊
ကိုယ့်နယ်ကလူဆုံးပြီဆိုသူငယ်ချင်းအသစ်
်၁ယောက်တိုးပြီဆိုပြီးပျော်ကြတယ်၊အခေါင်း
လိုက်စီးကြတယ်လေ"
ဘကြီးဒီစကားကိုကြားတော့တော်တော်
ထူးဆန်းသွားတယ်၊ဒါနဲ့စိန်မြင့်က
"အစတော့ဘယ်နားလည်အုံးမလဲ၊
နောက်တော့သိသွားမှာပေါ့၊ဒါနဲ့ခင်ဗျားနေစရာရှိပြီလား"
"မရှိသေးဘူး"
"ဒါဆိုအတော်ဘဲကျုပ်နဲ့လိုက်နေတော့"
"ကျေးဇူးဘဲကွာ"
ဘကြီးလိုက်သွားတယ်၊တောထဲကသစ်ပင်မှာ
နေတာ၊စိန်မြင့်ကအင်မတန်စနောက်တတ်တယ်၊
ခြောက်လန့်စရတာလဲတအားဝါသနာ
ပါတာ၊တနေ့တောထဲကိုအသက်၄၀တော့ကျော်ပြီနေမယ်၊
အဘမှတ်မိတာပေါ့၊စိန်မြင့်လေ၊သစ်ပင်ပေါ်တက်တော့
အဘကလည်း
"စိန်မြင့်၊ဘာလုပ်မို့လဲ"
"ဟိုမှာလူလာနေတယ်"
"ဘာလဲခြောက်မလို့လား"
"အေး၊တိုးတိုးနေ"
အဘလည်းသူပြောသလို
တိုးတိုးလေးနေနေလိုက်တယ်၊
စိန်မြင့်ကသစ်ပင်ပေါ်ကနေခုန်ချလိုက်တယ်၊
ပြီးတော့အဲ့ဒီလူကြီးကို
ကြည့်နေတယ်၊ဟိုလူကသူ့ကို
မမြင်ဘူး၊အနီးနားရောက်မှဘွားခနဲ
ပြတော့ဟိုလူလည်းလန့်သွားတယ်၊
ပြေးတယ်ဟေ့၊အဲ့လူပုဆိုးတောင်မနိုင်ဘူး၊"
"ဟားးးးးဟားးးး"
တိတ်ဆိတ်နေသောပတ်ဝန်းကျင်အား
ရယ်သံများကဖုံလွှမ်းသွားသည်။
ဘကြီးကစကားအပြောကောင်းလှသည်။
ဟာသတစ်ဖုံလည်းသူပြောတတ်သည်။
ချစ်ခန်း၊လွမ်းခန်းလည်းကျွမ်းသည်။
ကျွန်မတို့ကလေးတွေလည်းရယ်ကြတာပေါ့။
အိုက်တင်တွေနဲ့ဘကြီးကလုပ်ပြတော့
ပိုပေါ်လွင်ခဲ့တယ်။ဒါနဲ့ဘကြီးကစကားကို
ပြန်ဆက်ခဲ့တယ်။
****************
ဟုထင်ရသော်လည်းသူ့အကြောင်းပြော
ပြမှသိခဲ့ရသည်။ဦးဘသောင်းဟာ
သရဲဘဝမှလူပြန်ဝင်စားသူဖြစ်သည်။
ဒီလိုပြောလျှင်ဘယ်သူမှမယုံလောက်ပေ။
သို့သော်စိတ်ဝင်စားမိမှာအမှန်ပေဖြစ်သည်။
သို့သော်အစကမယုံကြည်သော်လည်း
နောက်ပိုင်းမှာအဖြစ်မှန်တွေအားလုံးကိုသိလိုက်ရ၍
ကျွန်မလက်ခံခဲ့သည်။
"အေး၊ဒီလိုကွဲ့၊ဘကြီးတို့သရဲဘဝတုန်းကကိုယ့်ကိုယ်ကို
အင်မတန်သနားမိတယ်၊ဘကြီးဆုံးတဲ့နေ့ကပေါ့။"
ဘကြီးကဇာတ်လမ်းအစအားဤ
ကဲ့သို့စတင်လိုက်၏။
"ဘကြီးဆုံးတော့ဝိညာဉ်ဖြစ်တဲ့အချိန်
ကိုယ့်အလောင်းကိုကိုယ်ပြန်မြင်နေတော့
အလိုလိုဝမ်းနည်းလာတယ်။ခနကြာတော့
အိမ်အပြင်ဘက်မှာအသံတွေကြားနေရတယ်။
အထဲမှာတော့ငိုနေကြတာပေါ့ဘကြီးမိသားစုတွေ။
အပြင်မှာကတော့တခြားဆီဘဲ
ဝမ်းသာလွန်းလို့ပျော်နေကြသလိုဘဲ၊
ဒါနဲ့ဘကြီးလည်းထွက်ကြည့်လိုက်တယ်၊
ဘကြီးလိုဝိညာဉ်တွေဘဲ၊သူတို့ကတော့မငိုဘူး
ပျော်နေကြတယ်၊ဘကြီးလည်းထူးဆန်းတယ်ပေါ့၊
ဘာလို့များပျော်နေကြတာပါလဲ၊ဒါနဲ့အနီးက
ဝိညာဉ်၁ကောင်ကိုမေးကြည့်လိုက်တယ်၊
"ဘာလို့ခင်ဗျားတို့ကဒီလောက်တောင်ပျော်နေကြတာလဲ၊
မေးပါရစေ"
"ပျော်တာပေါ့ကွာ၊မင်းဆုံးပြီဆိုတော့
ငါတို့မှာသူငယ်ချင်းအသစ်၁ယောက်
ထပ်တိုးတယ်ကွ"
"ဘယ်လို"
ဘကြီးဘယ်လိုမှကိုနားမလည်နိုင်တာ၊
အဲ့ဒါဘကြီးတို့အိမ်ရှေ့မှာ ဝိညာဉ်၆ယောက်
်လောက်ပျော်နေကြတာ၊အိမ်ထဲကမိသားစု
တွေကတော့ငိုလို့၊ဘကြီးတော်တော်တောင်
်ခေါင်းခြောက်သွားတယ်အဲ့ဒီမှာ၊အစကတော့
နားမလည်ဘူး၊နောက်တော့မှဖြည်းဖြည်းချင်း
နားလည်လာတယ်၊ဘကြီးအခေါင်းကိုသယ်ကြ
တော့ခုနကဝိညာဉ်၆ကောင်ကတက်စီးကြတယ်၊
ဘကြီးကိုခေါ်တယ်၊
"ခင်ဗျားလိုက်စီးကြည့်၊ပျော်ဖို့အရမ်းကောင်းတာ၊"
ဘကြီးလည်းဒါနဲ့ဘကြီးအခေါင်းပေါ်က
ိုတက်သွားတယ်၊အောက်ကအခေါင်းသယ်တဲ့ကောင်
တွေတော့ဘယ်လောက်လေးနေမလဲမသိဘူး၊
အပေါ်မှာတော့ပျော်နေကြတယ်"
ပြောနေတဲ့စကားလေးကိုရပ်ပြီး
ဆေးလိပ်လေးဖွာလိုက်တယ်။
"ရွာပြင်ရောက်ဖို့တောင်တော်တော်
မ,ယူနေကြတယ်၊အပေါ်ကတော့
ပျော်နေတုန်းဘဲ၊သင်္ချိုင်းရောက်တော့အခေါင်း
ပေါ်ကနေဆင်းကြပြီး၊အုတ်ဂူတွေပေါ်တက်ထိုင်
နေကြတယ်၊ဘကြီးအခေါင်းကိုဝိုင်းကြည့်နေတဲ့
ဝိညာဉ်တွေအများကြီးဘဲ၊ဒါနဲ့ဘေးနားကို
ကောင်လေး၁ယောက်လာတယ်၊
သူ့နာမည် စိန်မြင့်တဲ့၊ဘကြီးထက်တော့ငယ်တာပေါ့၊
သူကဘကြီးရဲ့အချစ်ရဆုံးအခင်ရဆုံး၊ဝိညာဉ်
သူငယ်ချင်းဘဲ၊သူကဘကြီးကိုအဲ့တုန်းက
စကားလာပြောတာ၊ဒီလိုနဲ့ခင်သွားကြတာပေါ့။
"ဦးလေးအခေါင်းလားအဲ့ဒါ"
"အေးကွ၊ဘာလို့လဲ"
"ကျွန်တော်အခေါင်းပေါ်မစီးလိုက်ရဘူးဗျာ"
"ဟေ,,,,"
ဘကြီးလည်းအံ့သြသွားတယ်၊
ဒါနဲ့သူ့ကိုမသိသေးတာတွေမေးကြည့်တယ်။
"ဝိညာဉ်တွေအားလုံးက
ဘာလို့အခေါင်းစီးရတာပျော်ကြတာလဲ"
"အဲ့လိုတော့ကျွန်တော်လည်းမပြောတတ်ဘူး၊
ဒါပေမယ့်ခင်ဗျားကြာလာရင်တော့သိလာမှာပါ"
"ဒါနဲ့ငါဆုံးတာကိုဘာလို့အပြင်မှာဝိညာဉ်တွေက
ပျော်နေကြတာတုန်း"
"လူ၁ယောက်ဆုံးပြီဆိုရင်ပျော်ကြတာ
သူငယ်ချင်းအသစ်၁ယောက်တိုးလို့လေ၊
ဝိညာဉ်ဘဝကသူငယ်ချင်းရဖို့ခဲယဉ်းတယ်၊
ဝိညာဉ်ဘဝမှာလည်းစည်းကမ်းတွေရှိတယ်၊"
"ဟေ၊င့ါပြောပြပါအုံး"
ဘကြီးလည်းမေးကြည့်လိုက်တော့ဒီလိုကွဲ့
"ဥပမာဗျာရန်ကုန်ကသူက
မန္တလေးမှာခရီးသွားရင်းဆုံးတယ်ဘဲဆိုပါစို့၊
အဲ့ဒါဆိုကျွန်တော်တို့ဝိညာဉ်တွေကမခေါ်ဘူး၊
စကားမပြောဘူး၊ကိုယ့်နယ်ကမဟုတ်တော့၊
အဲ့ဒီဝိညာဉ်ကလည်းသူ့ဘာသာသူနေရတာ၊
ကိုယ့်နယ်ကလူဆုံးပြီဆိုသူငယ်ချင်းအသစ်
်၁ယောက်တိုးပြီဆိုပြီးပျော်ကြတယ်၊အခေါင်း
လိုက်စီးကြတယ်လေ"
ဘကြီးဒီစကားကိုကြားတော့တော်တော်
ထူးဆန်းသွားတယ်၊ဒါနဲ့စိန်မြင့်က
"အစတော့ဘယ်နားလည်အုံးမလဲ၊
နောက်တော့သိသွားမှာပေါ့၊ဒါနဲ့ခင်ဗျားနေစရာရှိပြီလား"
"မရှိသေးဘူး"
"ဒါဆိုအတော်ဘဲကျုပ်နဲ့လိုက်နေတော့"
"ကျေးဇူးဘဲကွာ"
ဘကြီးလိုက်သွားတယ်၊တောထဲကသစ်ပင်မှာ
နေတာ၊စိန်မြင့်ကအင်မတန်စနောက်တတ်တယ်၊
ခြောက်လန့်စရတာလဲတအားဝါသနာ
ပါတာ၊တနေ့တောထဲကိုအသက်၄၀တော့ကျော်ပြီနေမယ်၊
အဘမှတ်မိတာပေါ့၊စိန်မြင့်လေ၊သစ်ပင်ပေါ်တက်တော့
အဘကလည်း
"စိန်မြင့်၊ဘာလုပ်မို့လဲ"
"ဟိုမှာလူလာနေတယ်"
"ဘာလဲခြောက်မလို့လား"
"အေး၊တိုးတိုးနေ"
အဘလည်းသူပြောသလို
တိုးတိုးလေးနေနေလိုက်တယ်၊
စိန်မြင့်ကသစ်ပင်ပေါ်ကနေခုန်ချလိုက်တယ်၊
ပြီးတော့အဲ့ဒီလူကြီးကို
ကြည့်နေတယ်၊ဟိုလူကသူ့ကို
မမြင်ဘူး၊အနီးနားရောက်မှဘွားခနဲ
ပြတော့ဟိုလူလည်းလန့်သွားတယ်၊
ပြေးတယ်ဟေ့၊အဲ့လူပုဆိုးတောင်မနိုင်ဘူး၊"
"ဟားးးးးဟားးးး"
တိတ်ဆိတ်နေသောပတ်ဝန်းကျင်အား
ရယ်သံများကဖုံလွှမ်းသွားသည်။
ဘကြီးကစကားအပြောကောင်းလှသည်။
ဟာသတစ်ဖုံလည်းသူပြောတတ်သည်။
ချစ်ခန်း၊လွမ်းခန်းလည်းကျွမ်းသည်။
ကျွန်မတို့ကလေးတွေလည်းရယ်ကြတာပေါ့။
အိုက်တင်တွေနဲ့ဘကြီးကလုပ်ပြတော့
ပိုပေါ်လွင်ခဲ့တယ်။ဒါနဲ့ဘကြီးကစကားကို
ပြန်ဆက်ခဲ့တယ်။
****************
[၃](ဇာတ်သိမ်းပိုင်း)
"ဘကြီးတို့ကအမြဲတော့မခြောက်ပါဘူး။
တခါတခါမှပါ။ရွာမှာအသုဘရှိရင်အဲ့ကို
သွားကြတယ်၊အခေါင်းလိုက်စီးကြ၊ဒီလိုနဲ့
ဲ့ကြာတော့နေသားကျလာခဲ့တယ်၊တောထဲ
ဲကိုလူတွေလာတယ်တို့၊ထမင်းတွေဘာတေ
ွစားကြရင်ထမင်းလုံးလေးတွေကျန်ခဲ့တယ်၊
အဲ့ဒါဆိုစိန်မြင့်နဲ့ဘကြီးနဲ့ ထမင်းလုံး
တစိကို၂ယောက်ထမ်းရတယ်၊
အဲ့ထမင်းလုံးတစိကိုရက်တော်တော်ကြာစားရတယ်"
"ဘကြီးထမင်းလုံးတစိကိုအကြာကြီး
စားရတယ်,ဟုတ်လား?"
ကျွန်မအံ့သြတကြီးမေးလိုက်သည်။
"အေးကွဲ့၊အဲ့ထမင်းလုံးတစိတောင်မနည်း
မရတာကွ၊လူတွေလိုမဟုတ်ဘူး၊သမီးရဲ့"
ဒီလိုနဲ့ဘကြီးသောင်းက
ကျွန်မအမေးကိုဖြေပြီး ဇာတ်လမ်းကိုပြန်
ဆက်ခဲ့တယ်။
"ဘကြီးတို့ဝိညာဉ်တွေကနွားတွေလာရင်
တအားကြောက်တယ်"
"ဘာလို့လဲဘကြီး"
"နွားတွေလာသံကြားရင်ဟိုးအဝေး
ကြီးကတည်းကပုန်းနေရတာ၊နွားကအမြီးရန်းရင်
ဘကြီးတို့ကဟိုးအဝေးကြီးကိုလွင့်သွားတာ၊သမီးရဲ့"
"အဲ့လိုကြီးလား၊အို.....ဝိညာဉ်တွေကိုသနား
လိုက်တာဘကြီးရယ်"
"အေးအဲ့ဒါကြောင့်ဝိညာဉ်ဆိုတာ သနားစရာပါ,
ကြောက်စရာတွေမဟုတ်ဘူးလို့ဆိုကြတာပေါ့၊
နောက်ပြီးဘကြီးတို့က ဆိတ်ကျောင်းသား
တွေကိုလဲကြောက်တယ်"
"ဘာလို့လဲဟင်"
"အဲ့ဒီနေ့ကမိုးတွေသည်းနေတာ၊အဲ့ဒါနဲ့သစ်ရွက်
ကလေးတစ်ရွက်ကိုယူပြီးမိုးခိုနေကြတယ်၊
စိန်မြင့်ကအဘဘေးမှာပေါ့၊မိုးကလည်း
တော်တော်နဲ့မတိတ်ဘူး၊အဲ့အချိန်မှဆိတ်
တွေကျောင်းလာတဲ့ဆိတ်ကျောင်းသားလေး
ကသစ်ပင်ကြီးအောက်ရောက်လာတယ်၊
အဘတို့ကိုမတွေ့ဘူး၊သစ်ရွက်ကလေးတေ
ွနဲ့မိုးလုံအောင်နေနေကြတယ်၊အဲ့ချိန်သူ့လက်ထဲ
မှာကွာ၊ဆိတ်ကျောင်းသားတွေဆိုတောတုတ်ကိုင်
်ကြတယ်လေ၊အဲ့တုတ်ကိုသူကလွှဲနေတယ်၊
အဲ့လိုလွှဲနေရင်းနဲ့ဘကြီးကိုလာထိတယ်၊
နာလိုက်တာသမီးတို့သားတို့ရယ်၊
ဘယ်လိုမှကိုမခံစားနိုင်တာ,
အဲ့ဒါကြောင့်နောက်ဆို ဆိတ်ကျောင်းသားတို့၊
နွားတို့လာရင်ဘယ်လောက်ဘဲဝေးနေပါစေကြိုရှောင်နေရတယ်"
"အော်....အဲ့လိုတွေလား၊"
"နောက်ရှိသေးတယ်၊သရဲတွေမှာလည်း
အနိုင်ကျင့်တဲ့သူတွေဆိုတာရှိသေးတယ်၊"
"ဆိုပါအုံး၊ဘကြီးရဲ့"
"တခါကစိန်မြင့်နဲ့ဘကြီးနေနေတဲ့နေရာကိုဖယ်ခိုင်းတာ၊
အရင်သေတဲ့သူကပြောရမယ်ဆိုစီနီယာပေါ့ကွာ၊
ဘကြီးတို့ကသူ့နောက်မှသေတာဆိုတော့
ဂျူနီယာပေါ့ကွာ"
"ဟာာားးးဟာာာားးး၊သရဲလည်းလူတွေလို
ိုဘဲနော်ဘကြီး"
"အနဲနဲ့အများတော့တူတာပေါ့သမီးရယ်၊
သရဲလည်းလူဘ၀ကလာတာဆိုတော့လေ,
ဘကြီးကိုငယ်ငယ်ကအမေသာတံမြက်စည်းနဲ့
မရိုက်ခဲ့ရင်အကောင်းသား၊ဒါဆိုအရင်ဘဝ
အကြောင်းတွေအကုန်မှတ်မိမှာ၊ခုတော့အားလုံး
လိုလိုမမှတ်မိတော့ဘူး၊တစိတ်တပိုင်းဘဲမှတ်
မိတော့တယ်၊ဘကြီးရယ်စိန်မြင့်ရယ်
်ဒီဝိညာဉ်ဘဝကနေကျွတ်တော့စိန်မြင့်
့်ကရေကန်ထဲကငါးသွားဖြစ်တယ်၊
ဘကြီးကတော့ အဲ့နေ့က
ဘကြီးကိုမွေးခဲ့ပေးတဲ့အမေကထင်းခွေရင်း
ပြန်လာတယ်၊အဖေကောပါတာပေါ့၊
ဘကြီးကလူ့ဘဝပြန်ရောက်ချင်တော့
အမေ့ကိုယ်ထဲဝင်မှရမှာလေ၊ဖြစ်ချင်တော့
အမေကရေဆာတယ်၊ဒါနဲ့ချောင်းထဲက
ရေကစီးနေတာဆိုတော့ကြည်နေတာဘဲလေ၊
အမှိုက်ဆိုတာတောင်မရှိဘူး၊ချောင်းထဲကရေကို
ခပ်သောက်တော့ပထမတခါဘကြီးက
အမေသောက်မယ့်ရေထဲကိုအမှိုက်အဖြစ်ဖန်
ဆင်းပြီးဝင်တယ်၊အမေကမြင်တော့ဖယ်လိုက်တယ်၊
ဒုတိယတခါထပ်ပြီးအမှိုက်အဖြစ်ဖန်ဆင်းတယ်၊
အမှိုက်မြင်တော့ဖယ်လိုက်ပြန်ရော၊
အမှိုက်ဆိုပေမယ့်လည်းအမှုန်အမွှားလေးပါ၊
ဒါနဲ့တတိယတခါကြတော့မဖြစ်ဘူးဆိုပြီး
အမေသတိမထားမိတဲ့အချိန်အမှိုက်အဖြစ်ပြန်
ဖန်ဆင်းလိုက်တယ်၊တတိယတခါကျမှအမေ့ဗိုက်ထဲ
ရောက်တော့တယ်၊ဗိုက်ထဲရောက်ပြန်တော့ဘကြီးမှာ
ကောင်းကောင်းများနေရမလားမှတ်တယ်၊
ဘယ်ဟုတ်ပါ့မလဲကျဉ်းကျဉ်းကျပ်ကျပ်နဲ့ခွေခွေလေး
နေရတယ်၊"
"ဟာာားးးဟားးးဘကြီးရယ်ဘကြီးဖြစ်ချင်တဲ့လူ့ဘဝ
ကိုတော့ရောက်လာခဲ့ပြီလေ"
"အေး၊ဘကြီးလူ့ဘဝရောက်ခဲ့ပေမယ့်၊
ဟိုကောင်စိန်မြင့်တော့ဘယ်ဘဝတွေရောက်နေပြန်ပြီ
လဲမသိတော့ပါဘူး"
အော်ဘကြီးကစိန်မြင့်အပေါ်တော်တော်
သံယောဇဉ်ကြီးရှာတာကိုးးးး,,,,,,,
"ကဲ၊သမီးတို့သားတို့ရေ၊ညဥ့်လည်း
နက်နေပြီ၊မနက်ကျအလုပ်တွေရှိသေးတယ်၊
အိပ်ချည်တော့"
"ဟုတ်ကဲ့ဘကြီး၊"
ကျွန်မတို့လည်းကိုယ့်အိမ်ကိုပြန်လိုက်ကြသည်။
ကျွန်မတို့ လည်းစီးပွားရေးမကောင်းတော့
ရွာကိုပစ်ပြီးမြို့ပေါ်မှာအလုပ်လုပ်ခဲ့ရသည်။
ဘကြီးသောင်းပြောပြသည့်ညအိပ်ခါနီးပုံပြင်တွေ
ကိုမကြားရသည်မှာလဲကြာခဲ့လေပြီ,,,,,,,,,,,,,,,
တခါတခါမှပါ။ရွာမှာအသုဘရှိရင်အဲ့ကို
သွားကြတယ်၊အခေါင်းလိုက်စီးကြ၊ဒီလိုနဲ့
ဲ့ကြာတော့နေသားကျလာခဲ့တယ်၊တောထဲ
ဲကိုလူတွေလာတယ်တို့၊ထမင်းတွေဘာတေ
ွစားကြရင်ထမင်းလုံးလေးတွေကျန်ခဲ့တယ်၊
အဲ့ဒါဆိုစိန်မြင့်နဲ့ဘကြီးနဲ့ ထမင်းလုံး
တစိကို၂ယောက်ထမ်းရတယ်၊
အဲ့ထမင်းလုံးတစိကိုရက်တော်တော်ကြာစားရတယ်"
"ဘကြီးထမင်းလုံးတစိကိုအကြာကြီး
စားရတယ်,ဟုတ်လား?"
ကျွန်မအံ့သြတကြီးမေးလိုက်သည်။
"အေးကွဲ့၊အဲ့ထမင်းလုံးတစိတောင်မနည်း
မရတာကွ၊လူတွေလိုမဟုတ်ဘူး၊သမီးရဲ့"
ဒီလိုနဲ့ဘကြီးသောင်းက
ကျွန်မအမေးကိုဖြေပြီး ဇာတ်လမ်းကိုပြန်
ဆက်ခဲ့တယ်။
"ဘကြီးတို့ဝိညာဉ်တွေကနွားတွေလာရင်
တအားကြောက်တယ်"
"ဘာလို့လဲဘကြီး"
"နွားတွေလာသံကြားရင်ဟိုးအဝေး
ကြီးကတည်းကပုန်းနေရတာ၊နွားကအမြီးရန်းရင်
ဘကြီးတို့ကဟိုးအဝေးကြီးကိုလွင့်သွားတာ၊သမီးရဲ့"
"အဲ့လိုကြီးလား၊အို.....ဝိညာဉ်တွေကိုသနား
လိုက်တာဘကြီးရယ်"
"အေးအဲ့ဒါကြောင့်ဝိညာဉ်ဆိုတာ သနားစရာပါ,
ကြောက်စရာတွေမဟုတ်ဘူးလို့ဆိုကြတာပေါ့၊
နောက်ပြီးဘကြီးတို့က ဆိတ်ကျောင်းသား
တွေကိုလဲကြောက်တယ်"
"ဘာလို့လဲဟင်"
"အဲ့ဒီနေ့ကမိုးတွေသည်းနေတာ၊အဲ့ဒါနဲ့သစ်ရွက်
ကလေးတစ်ရွက်ကိုယူပြီးမိုးခိုနေကြတယ်၊
စိန်မြင့်ကအဘဘေးမှာပေါ့၊မိုးကလည်း
တော်တော်နဲ့မတိတ်ဘူး၊အဲ့အချိန်မှဆိတ်
တွေကျောင်းလာတဲ့ဆိတ်ကျောင်းသားလေး
ကသစ်ပင်ကြီးအောက်ရောက်လာတယ်၊
အဘတို့ကိုမတွေ့ဘူး၊သစ်ရွက်ကလေးတေ
ွနဲ့မိုးလုံအောင်နေနေကြတယ်၊အဲ့ချိန်သူ့လက်ထဲ
မှာကွာ၊ဆိတ်ကျောင်းသားတွေဆိုတောတုတ်ကိုင်
်ကြတယ်လေ၊အဲ့တုတ်ကိုသူကလွှဲနေတယ်၊
အဲ့လိုလွှဲနေရင်းနဲ့ဘကြီးကိုလာထိတယ်၊
နာလိုက်တာသမီးတို့သားတို့ရယ်၊
ဘယ်လိုမှကိုမခံစားနိုင်တာ,
အဲ့ဒါကြောင့်နောက်ဆို ဆိတ်ကျောင်းသားတို့၊
နွားတို့လာရင်ဘယ်လောက်ဘဲဝေးနေပါစေကြိုရှောင်နေရတယ်"
"အော်....အဲ့လိုတွေလား၊"
"နောက်ရှိသေးတယ်၊သရဲတွေမှာလည်း
အနိုင်ကျင့်တဲ့သူတွေဆိုတာရှိသေးတယ်၊"
"ဆိုပါအုံး၊ဘကြီးရဲ့"
"တခါကစိန်မြင့်နဲ့ဘကြီးနေနေတဲ့နေရာကိုဖယ်ခိုင်းတာ၊
အရင်သေတဲ့သူကပြောရမယ်ဆိုစီနီယာပေါ့ကွာ၊
ဘကြီးတို့ကသူ့နောက်မှသေတာဆိုတော့
ဂျူနီယာပေါ့ကွာ"
"ဟာာားးးဟာာာားးး၊သရဲလည်းလူတွေလို
ိုဘဲနော်ဘကြီး"
"အနဲနဲ့အများတော့တူတာပေါ့သမီးရယ်၊
သရဲလည်းလူဘ၀ကလာတာဆိုတော့လေ,
ဘကြီးကိုငယ်ငယ်ကအမေသာတံမြက်စည်းနဲ့
မရိုက်ခဲ့ရင်အကောင်းသား၊ဒါဆိုအရင်ဘဝ
အကြောင်းတွေအကုန်မှတ်မိမှာ၊ခုတော့အားလုံး
လိုလိုမမှတ်မိတော့ဘူး၊တစိတ်တပိုင်းဘဲမှတ်
မိတော့တယ်၊ဘကြီးရယ်စိန်မြင့်ရယ်
်ဒီဝိညာဉ်ဘဝကနေကျွတ်တော့စိန်မြင့်
့်ကရေကန်ထဲကငါးသွားဖြစ်တယ်၊
ဘကြီးကတော့ အဲ့နေ့က
ဘကြီးကိုမွေးခဲ့ပေးတဲ့အမေကထင်းခွေရင်း
ပြန်လာတယ်၊အဖေကောပါတာပေါ့၊
ဘကြီးကလူ့ဘဝပြန်ရောက်ချင်တော့
အမေ့ကိုယ်ထဲဝင်မှရမှာလေ၊ဖြစ်ချင်တော့
အမေကရေဆာတယ်၊ဒါနဲ့ချောင်းထဲက
ရေကစီးနေတာဆိုတော့ကြည်နေတာဘဲလေ၊
အမှိုက်ဆိုတာတောင်မရှိဘူး၊ချောင်းထဲကရေကို
ခပ်သောက်တော့ပထမတခါဘကြီးက
အမေသောက်မယ့်ရေထဲကိုအမှိုက်အဖြစ်ဖန်
ဆင်းပြီးဝင်တယ်၊အမေကမြင်တော့ဖယ်လိုက်တယ်၊
ဒုတိယတခါထပ်ပြီးအမှိုက်အဖြစ်ဖန်ဆင်းတယ်၊
အမှိုက်မြင်တော့ဖယ်လိုက်ပြန်ရော၊
အမှိုက်ဆိုပေမယ့်လည်းအမှုန်အမွှားလေးပါ၊
ဒါနဲ့တတိယတခါကြတော့မဖြစ်ဘူးဆိုပြီး
အမေသတိမထားမိတဲ့အချိန်အမှိုက်အဖြစ်ပြန်
ဖန်ဆင်းလိုက်တယ်၊တတိယတခါကျမှအမေ့ဗိုက်ထဲ
ရောက်တော့တယ်၊ဗိုက်ထဲရောက်ပြန်တော့ဘကြီးမှာ
ကောင်းကောင်းများနေရမလားမှတ်တယ်၊
ဘယ်ဟုတ်ပါ့မလဲကျဉ်းကျဉ်းကျပ်ကျပ်နဲ့ခွေခွေလေး
နေရတယ်၊"
"ဟာာားးးဟားးးဘကြီးရယ်ဘကြီးဖြစ်ချင်တဲ့လူ့ဘဝ
ကိုတော့ရောက်လာခဲ့ပြီလေ"
"အေး၊ဘကြီးလူ့ဘဝရောက်ခဲ့ပေမယ့်၊
ဟိုကောင်စိန်မြင့်တော့ဘယ်ဘဝတွေရောက်နေပြန်ပြီ
လဲမသိတော့ပါဘူး"
အော်ဘကြီးကစိန်မြင့်အပေါ်တော်တော်
သံယောဇဉ်ကြီးရှာတာကိုးးးး,,,,,,,
"ကဲ၊သမီးတို့သားတို့ရေ၊ညဥ့်လည်း
နက်နေပြီ၊မနက်ကျအလုပ်တွေရှိသေးတယ်၊
အိပ်ချည်တော့"
"ဟုတ်ကဲ့ဘကြီး၊"
ကျွန်မတို့လည်းကိုယ့်အိမ်ကိုပြန်လိုက်ကြသည်။
ကျွန်မတို့ လည်းစီးပွားရေးမကောင်းတော့
ရွာကိုပစ်ပြီးမြို့ပေါ်မှာအလုပ်လုပ်ခဲ့ရသည်။
ဘကြီးသောင်းပြောပြသည့်ညအိပ်ခါနီးပုံပြင်တွေ
ကိုမကြားရသည်မှာလဲကြာခဲ့လေပြီ,,,,,,,,,,,,,,,
*ဤဖြစ်ရပ်မှန်အားပြောပြသောအမကဲ့သို့
ရင်းနှီးရသောမကြီးအားကျေးဇူးတင်ပါတယ်ရှင့်၊
ရွာနာမည်၊လူနာမည်တွေအားထိန်ချန်ထားခြင်းကို
ခွင့်လွှတ်ပေးကြပါရှင့်၊လုပ်ကြံပြီးရေးထားခြင်းလည်း
မဟုတ်ပါဘူးရှင့်။ဖြစ်ရပ်မှန်အတိုင်းဖော်ပြထားတာပါ။
ရင်းနှီးရသောမကြီးအားကျေးဇူးတင်ပါတယ်ရှင့်၊
ရွာနာမည်၊လူနာမည်တွေအားထိန်ချန်ထားခြင်းကို
ခွင့်လွှတ်ပေးကြပါရှင့်၊လုပ်ကြံပြီးရေးထားခြင်းလည်း
မဟုတ်ပါဘူးရှင့်။ဖြစ်ရပ်မှန်အတိုင်းဖော်ပြထားတာပါ။
The End
5:48PM
Written by Shin Min Eain
5:48PM
Written by Shin Min Eain
0 comments: